ကိုရိုနာဗိုင်းရပ်နှင့် ပတ်သက်ပြီး သတင်းမှားများဖြန့်ဝေသည့် ဆိုရှယ်မီဒီယာများကို ဖေ့စ်ဘွတ်ခ်နှင့်ညှိနှိုင်းပြီး အမြန်ဆုံးပိတ်သိမ်းမည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြောဆို

”သတင်းအမှားတွေနဲ့ ပတ်သက်ပြီး စံသတ်မှတ်ချက် ထားပြီးတော့ လုပ်ရမယ် ။ သတင်းအမှား ဆိုတာက ပုဂ္ဂိုလ် (၁)ဦးတစ်ယောက်ချင်း ရှိသလို အများ ထိခိုက် မှုရှိ တဲ့ အခြေအနေ အချို့ဆို ရင် နိုင်ငံတော် အဆင့်အ ထိ ထိခိုက် သွား နိုင်တာတွေရှိတယ်။ ဒါတွေကို ပိတ် သိမ်းမယ်။ ပြီးတော့ အရေးယူ ဆောင် ရွက်မှုတွေလည်း လုပ်သွားမယ်။ ဒါတွေ ကို အမြန်ဆုံးဆောင်ရွက်သွားမယ်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်း က ပြောသည်။

လက် ရှိအခြေအနေ တွင် ပြည် သူ လူထုအကြား တည်ငြိမ်အေးချမ်း မှု ပျက်ပြားပြီး အထိတ် တလန့်ဖြစ်အောင် လုပ်ဆောင် သူ မည်သူ့ကို မဆိုအရေး ယူ မည်ဖြစ်ကြောင်း၊ ဗိုင်းရပ်စ်ဂယက် ကို အသုံးချ၍ ရည်ရွယ်ချက် ရှိရှိ ကောလာ ဟလထုတ် လွှင့်နေသူများရှိနိုင် ကြောင်း အဆိုပါ ကောလာဟလသတင်းမှား များဖော်ပြခဲ့ကြသည့် ဝက်ဘ် ဆိုက်နှင့် ဆိုရှယ်မီဒီယာများအား ပိတ်သိမ်း ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကို ညွှန်ကြားထားကြောင်း သမ္မတရုံးပြောခွ င့်ရ ဦးဇော်ဌေး က မတ် (၁၃) ရက် တွင် နေပြည်တော် ရှိ သမ္မတ အိမ်တော်၌ မီဒီယာ များနှင့် တွေ့ဆုံ စဉ် ပြောသည်။

”သတင်းမှား ဖြန့်ချိနေ တာတွေ ဘယ်လောက် ရှိနေပြီလဲဆိုတာကတော့ သေသေချာချာစိစစ်ရဦးမယ်။ အရင် တုန်းကတော့ ထိထိရောက်ရောက် အရေးယူတာတွေ မရှိသေးဘူး။ အရင် ကတော့ သတင်းအမှားဆိုရင်များသော အားဖြင့် ဖေ့စ်ဘွတ်ခ်မှာပဲဖြစ်တာများ တယ်”ဟု ဦးစိုးသိန်းက ပြောသည်။

အဆိုပါသတင်း အမှားများကြောင့် ပြည်သူများ ထိတ်လန့် မှုဖြစ်ပေါ်ခဲ့ ကာ ရန်ကုန်မြို့ ရှိဈေးများ ၌ ဆေး ပစ္စည်း အပါ အဝင် စားသောက်ကုန်များ အလု အယက်ဝယ် ယူနေမှု များလည်း ရှိနေ ကြောင်း၊ ယင်းသတင်းအမှားဖြန့် ဝေနေခြင်းမှာ နိုင်ငံတော်နှင့် အများ ပြည်သူလည်း ဒုက္ခရောက်နိုင်ကြောင်း၊ အဆိုပါသတင်း အမှားများ ကို ဖော် ထုတ်အရေးယူနိုင်ရန် ဖေ့စ်ဘွတ်ခ်အဖွဲ့ အစည်းများနှင့် ညှိနှိုင်းဆောင်ရွက် မည်ဖြစ်ကြောင်း သိရသည်။

crd:The myanmar Time