COVID-19ဗိုင်းရပ်ကြောင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အား အကျင့်ပျက်ခြစားမှုဖြင့် ရုံးတင်စစ်ဆေးရေးကို ရက်ရွှေ့ဆိုင်းလိုက်

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ကို အကျင့်ပျက်ခြစားမှု များဖြင့် ရုံးတင် စစ်ဆေးမည့် အစီအစဉ်ကို (COVID-19) ကူး စက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက် များကြောင့် ရက်ရွှေ့ ဆိုင်းလိုက်ကြောင်း ဂျေရုဆလင် မြို့တရားရုံးက မတ်(၁၅) ရက် တွင် ထုတ်ပြန်ကြေညာ သည်။

အကျင့် ပျက်ခြစားမှု ၊ လာဘ်ယူမှု ၊ ယုံကြည် မှု အလွဲသုံးစား လုပ်မှုများဖြင့် နေတန်ယာဟု ကို မတ်(၁၇) ရက် တွင် ရုံးတင် စစ်ဆေး ရန် စီစဉ် ထားခြင်း ဖြစ်သည်။ (COVID-19) ကြောင့် လူအများ စုဝေးခြင်း ကို အစိုးရ က တားမြစ် ကန့်သတ်လိုက် သဖြင့် လူစုလူဝေးဖြစ်စေမည့် တရားရုံး စစ်ဆေးမှုများ ကိုလည်း ရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။မေ ၂၄ ရက်တွင် စစ်ဆေးရန် တရားရုံးက ပြင်ဆင်သတ်မှတ်လိုက်သည်။

လူချမ်းသာ မိတ်ဆွေများ ထံမှ တန်ဖိုးကြီးပစ္စည်းများ လက်ခံမှု၊ မီဒီယာလုပ်ငန်းရှင်များကို မျက်နှာသာပေးသည့် ညွှန်ကြားချက်များ ထုတ်ပြန်ပေးကာ အခြားတစ်ဖက်တွင် လည်း မီဒီယာများ၌ ၎င်း၏ ကောင်းသတင်းများ ပိုထည့်ပေးစေရန် နေတန်ယာဟုက ဖန်တီးခဲ့ကြောင်း စွပ်စွဲခံထားရသည်။ နေတန်ယာဟုက မူ စွပ်စွဲချက် အားလုံးကို ငြင်းဆို ထားသည်။

(COVID-19) ထိန်းချုပ် ရေးအတွက် လူ (၁၀) ဦးအထက် မစုဝေးရဟု အစ္စရေး အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားသည်။ COVID-19 သည် ကမ္ဘာတစ်ဝန်း လူ (၁၅၀ဝ၀ဝ) ကျော် ကို ကူးစက်ကာ ၅၇၀ဝ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သည်။ အစ္စရေးတွင်လည်း လူ ၂၀ဝ ခန့် COVID-19 ကူးစက်ခံထားရ ပြီး သေဆုံးသူ မရှိကြောင်း သိရသည်။

နေတန်ယာဟု ၏ ရှေ့နေများက စွပ်စွဲချက် သက်သေအချက်အလက်များကို သုံးသပ်ရန် အချိန်လိုအပ်သဖြင့် တရားခွင် နောက်ဆုတ်ပေးရန် လျှောက် ထားခဲ့သော်လည်း မတ် ၁၇ ရက် ရုံးချိန်းသည် စွပ်စွဲချက်များကို ဖတ်ကြားရန်သာဖြစ်ပြီး ခုခံကာကွယ်သူဘက်က တစ်စုံတစ်ရာ တင်ပြရန် မလိုသောကြောင့် ရုံးချိန်း ကို နောက်ဆုတ်ပေးရန်မရှိဟု တရားရုံးက ကနဦးတွင် တုံ့ပြန်ခဲ့သည်။ သို့သော် COVID-19 အရေးကြောင့် လူစုလူဝေး လုပ်ခွင့်မရှိသည်ဖြစ်ရာ ရုံးချိန်း ကို နောက်ဆုတ် လိုက်ရခြင်း ဖြစ်သည်။

အစ္စရေး တွင် တစ်နှစ် အတွင်း ရွေးကောက်ပွဲ သုံးကြိမ် ကျင်းပခဲ့ရပြီး ပြီးခဲ့သည့်နှစ် ဧပြီနှင့် စက်တင်ဘာ ရွေးကောက်ပွဲများနည်းတူ မတ်လ ရွေးကောက် ပွဲသည်လည်း အနိုင်ရရှိသူ ပြတ်ပြတ်သားသား မထွက်ပေါ်ခဲ့ဘဲ ဝန်ကြီးချုပ် နေတန်ယာဟုနှင့် ပြိုင်ဘက် ဘန်နီ ဂန့်ဇ်တို့ ညွန်ပေါင်းအစိုးရဖွဲ့ရေး လုံးပမ်းနေဆဲ ဖြစ် သည်။

crd:The myanmar Time