



Crd:BBC

UNICODE

COVID-19ကူးစက်နိုင်မှုအန္တရာယ်ကြောင့် ရန်ကုန် မှာ ရုပ်ရှင်ရုံ တွေ ပိတ်လိုက်ပါပြီ

တ ရုတ်နိုင်ငံက စတင် ဖြစ်ပွားတဲ့ ကိုရိုနာဗိုင်းရပ်စ်သည် ကူးစက်မှုလမ်းကြောင်းပုံစံဟာ တိုက်ရိုက် ကူးစက်မှု၊ ထိတွေ့မှုကတဆင့် ကူး စက်မှု နဲ့ လေကတဆင့် ကူးစက်မှု ၃ မျိုးစလုံး ပါနေတယ်လို့ ရှန်ဟိုင်း အရပ်ဘက်ဗျူရို ဒုအကြီးအကဲ ဆန်းချွင်ကာ ပြောပါတယ်။ လေက တဆင့် ကူးစက်မှု ဆိုတာဟာ လေထဲက အမှုန်အမွှားလေးတွေက ဗိုင်းရပ်စ်နဲ့ ရောပြီး အသက်ရှူသွင်းရာကတဆင့် ကူးစက်တာလို့ ဆေး ဘက်ပ ညာရှင်တွေက ပြောတယ်လို့လည်း ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဖို့ အတွက် ဆိုပြီး ရန်ကုန်အတွင်းက ရုပ်ရှင်ရုံတွေကို ပိတ်လိုက် ပြီဖြစ် ပါတယ် ။သမ္မတ ရုပ်ရှင်ရုံက တာဝန်ရှိ သူက လက်ရှိရုံတင်ပြသနေဆဲဖြစ်တဲ့ ” ပိတောက်ကတဲ့ဂီတ ” ရုပ်ရှင် ကို ဒီနေ့ မတ်လ ၁၆ ရက်နေ့ မနက် ၁၀ နာရီတစ်ပွဲပဲ ပြတော့မှာ ဖြစ်ပြီး ဧပြီလ ကုန်ထိ ရုံပိတ်တော့မှာဖြစ်တယ်လို့ အတည်ပြု ပါတယ် ။

အထက် ကညွှန်ကြားချက်အရ မင်္ဂလာရုပ်ရှင်ရုံအုပ်စုအောက်က ရုံတွေ အကုန်ပိတ်လိုက်တာဖြစ်ပြီး လိုအပ်ရင် လိုအပ်သလို ရုံပိတ်တဲ့ ကာ လ ထပ်တိုးဖို့ရှိတယ်လို့ သူက ဆိုပါတယ်။ ဈေးဝယ်စင်တာနဲ့ တွဲဖွင့်ထားတဲ့ ရုပ်ရှင်ရုံတွေ လည်း ပိတ်လိုက်တာ ကို အဲဒီ ရုပ်ရှင်ရုံတွေ ကို အွန် လိုင်းကနေ လက်မှတ်မှာယူတဲ့ application ကနေ သိရှိရပါတယ် ။

Crd-BBC