အီတလီတြင္ အသက္ (၈၀) ႏွင့္ အထက္ လူနာေတြ ကို ေဆးကုသ မေပးႏိုင္ေတာ့

အီတလီ မွာ တရက္တည္း ကိုရိုနာဗိုင္းရပ္စ္ရွိသူ ၃၅၀၀ ေက်ာ္ အသစ္ေတြ႕ခဲ့ ပါ တယ္ ။ လူနာ အသစ္ကို သြားေခၚဖို႔ no ambulance လူနာ တင္ယာဥ္ လုံးဝမေလာက္ေတာ့ တဲ့ အေျခအေနျဖစ္သြား ပါတယ္ ။ ICU အစြမ္းကုန္ကုသေဆာင္မွာ လည္း ခုတင္ လက္က်န္ မရွိ သေလာက္ျဖစ္ေနပါၿပီ ။ ေဆး႐ုံျပည့္ေနလို႔ တက္မရပဲ အိမ္ မွာ တင္ အသက္ ရႈရခက္ေနတဲ့ လူႀကီးေတြ အမ်ားႀကီး ရွိ ပါ တယ္။

အဲ့ဒါေၾကာင့္ အီတလီႏိုင္ငံကေတာ့ စိတ္မေကာင္းစရာ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်မွတ္လိုက္ပါၿပီ။ အဲ့ဒါကေတာ့ အသက္ ၈၀ နဲ႔ အထက္အ႐ြယ္ေတြ၊ ေနာက္ၿပီး ေရာဂါအခံတစ္ခုခု ရွိေနသူ သက္ႀကီးပိုင္းေတြကို ေဆးကုသမႈ ဆက္မေပးေတာ့ဘဲ ေသခြင့္ေပးလိုက္ဖို႔ပါပဲ။ ကိုရိုနာဗိုင္းရပ္စ္ လူနာအားလုံးကို အထူးၾကပ္မတ္ကုသမႈေပးရန္ မျဖစ္ႏိုင္သျဖင့္ ျပန္လည္ေကာင္းမြန္ႏိုင္ေျခ ရိွ မရိွ ေပၚမူတည္၍ ကန္႕သတ္လိုက္ျခင္းျဖစ္သည္။

“လက္ရွိမွာ ကုသရမႈေတြက လက္မလည္ႏိုင္ေအာင္ ျဖစ္လာတဲ့အျပင္ ေဆး႐ုံေတြမွာ ေနရာလြတ္ လုံးဝမက်န္ေတာ့ေအာင္ လူနာေတြနဲ႔ ျပည့္ႏွက္သြားၿပီ” လို႕ အီတလီႏိုင္ငံ တူရင္ၿမိဳ႕မွာ တာဝန္က်ေနတဲ့ ဆရာဝန္တစ္ေယာက္က ေျပာၾကားသြားခဲ့ပါတယ္။ သူတို႔အေနနဲ႔ ျပန္လည္ေကာင္းမြန္ႏိုင္ေျခရွိတဲ့ လူနာေတြကိုသာ ဦးစားေပးၿပီး ကုသမႈေဆာင္႐ြက္သြားေတာ့မယ္လို႔ သိရပါတယ္။

ဆရာဝန္ေတြကေတာ့ နားလည္ေပးဖို႔ပဲ ေျပာထားပါတယ္။ သူတို႔ဟာ ဘယ္သူ႔ကိုမွ လက္မေလွ်ာ့ခ်င္ေပမယ့္ အေျခအေနေတြက တစ္ခုခုကို ေ႐ြးခ်ယ္ဖို႔ တိုက္တြန္းေနၿပီလို႔ တာဝန္ရွိသူတစ္ေယာက္က ေျပာသြားခဲ့ပါတယ္။ ဒီကပ္ေရာဂါဆိုးအတြက္ အီတလီဟာ သက္ႀကီး႐ြယ္အိုေတြကို စေတးရေတာ့မယ့္ အေျခအေနျဖစ္ေနပါၿပီ။

လက္ရိွအခ်ိန္ထိ အီတလီႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၄၇၄၇ ဦး, ေသဆံုးသူ ၁၈၀၉ ဦး ႏွင့္ မေန႕က အသစ္ေတြ႕ရိွသူ ၃၅၉၀ ဦးရိွေနပါတယ္။

Unicode

အီတလီ မှာ တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ရှိသူ ၃၅၀၀ ကျော် အသစ်တွေ့ခဲ့ ပါတယ်။ လူနာ အသစ်ကို သွားခေါ်ဖို့ no ambulance လူနာတင်ယာဉ် လုံးဝမလောက်တော့ တဲ့ အခြေအနေဖြစ်သွားပါတယ်။ ICU အစွမ်းကုန်ကုသဆောင်မှာလည်း ခုတင် လက်ကျန် မရှိသလောက်ဖြစ်နေပါပြီ ။ ဆေးရုံပြည့်နေလို့ တက်မရပဲ အိမ်မှာတင် အသက်ရှုရခက်နေတဲ့ လူကြီးတွေ အများကြီး ရှိပါတယ်။

အဲ့ဒါကြောင့် အီတလီနိုင်ငံကတော့ စိတ်မကောင်းစရာ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပါပြီ။ အဲ့ဒါကတော့ အသက် ၈၀ နဲ့ အထက်အရွယ်တွေ၊ နောက်ပြီး ရောဂါအခံတစ်ခုခု ရှိနေသူ သက်ကြီးပိုင်းတွေကို ဆေးကုသမှု ဆက်မပေးတော့ဘဲ သေခွင့်ပေးလိုက်ဖို့ပါပဲ။ ကိုရိုနာဗိုင်းရပ်စ် လူနာအားလုံးကို အထူးကြပ်မတ်ကုသမှုပေးရန် မဖြစ်နိုင်သဖြင့် ပြန်လည်ကောင်းမွန်နိုင်ခြေ ရှိ မရှိ ပေါ်မူတည်၍ ကန့်သတ်လိုက်ခြင်းဖြစ်သည်။

“လက်ရှိမှာ ကုသရမှုတွေက လက်မလည်နိုင်အောင် ဖြစ်လာတဲ့အပြင် ဆေးရုံတွေမှာ နေရာလွတ် လုံးဝမကျန်တော့အောင် လူနာတွေနဲ့ ပြည့်နှက်သွားပြီ” လို့ အီတလီနိုင်ငံ တူရင်မြို့မှာ တာဝန်ကျနေတဲ့ ဆရာဝန်တစ်ယောက်က ပြောကြားသွားခဲ့ပါတယ်။ သူတို့အနေနဲ့ ပြန်လည်ကောင်းမွန်နိုင်ခြေရှိတဲ့ လူနာတွေကိုသာ ဦးစားပေးပြီး ကုသမှုဆောင်ရွက်သွားတော့မယ်လို့ သိရပါတယ်။

ဆရာဝန်တွေကတော့ နားလည်ပေးဖို့ပဲ ပြောထားပါတယ်။ သူတို့ဟာ ဘယ်သူ့ကိုမှ လက်မလျှော့ချင်ပေမယ့် အခြေအနေတွေက တစ်ခုခုကို ရွေးချယ်ဖို့ တိုက်တွန်းနေပြီလို့ တာဝန်ရှိသူတစ်ယောက်က ပြောသွားခဲ့ပါတယ်။ ဒီကပ်ရောဂါဆိုးအတွက် အီတလီဟာ သက်ကြီးရွယ်အိုတွေကို စတေးရတော့မယ့် အခြေအနေဖြစ်နေပါပြီ။

လက်ရှိအချိန်ထိ အီတလီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၄၇၄၇ ဦး, သေဆုံးသူ ၁၈၀၉ ဦး နှင့် မနေ့က အသစ်တွေ့ရှိသူ ၃၅၉၀ ဦးရှိနေပါတယ်။