Quarantine ၁၄ ရက္ က်န္းမာေရးေစာင့္ၾကည့္ မခံယူလို၍ ျပည္ပခရီးသြား ၁၅ ဦးမႏၲေလးေလဆိပ္မွ ျပန္ထြက္ခြာ

မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ ေရာက္ရွိလာၿပီး လျပည္တြင္းသို႔ ဝင္ေရာက္လာမည့္ ႏိုင္ငံျခားသား ၁၅ ဦးမွာ ၁၄ရက္ၾကာ က်န္းမာေရး အနီးကပ္ေစာင့္ၾကည့္ခံရမည္ဆိုျခင္းေၾကာင့္ ဝင္ေရာက္ျခင္းမရွိေတာ့ဘဲ ျပန္လည္ထြက္ခြာခဲ့ေၾကာင္း ေလဆိပ္မွတာဝန္ရွိ သူတစ္ဦးကေျပာသည္။ မႏၲေလးအျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ေရာက္ရွိလာသည့္ႏိုင္ငံျခားသား မ်ားမွာ ျပင္သစ္ႏိုင္ငံသား ၅ ဦး၊ဂ်ာမနီႏိုင္ငံသား ၇ ဦးႏွင့္ အီတလီ၊ခ်ီလီ၊ပိုလန္ ႏိုင္ငံသား ၁ ဦးစီ တို႔ျဖစ္ေၾကာင္း အဆိုပါတာဝန္ရွိသူကေျပာသည္။

မတ္လ ၂၅ ရက္ေန႔မွစတင္၍ COVID-19 ကူးစက္မႈႏႈန္းျမင့္တက္သည့္ႏိုင္ငံမ်ားမွ ႏိုင္ငံျခားသား ခရီးသြားမ်ားႏွင့္ ျမန္မာ ႏိုင္ငံ သားမ်ား ျပည္တြင္းသို႔ ဝင္ေရာက္မည္ဆိုပါက ၁၄ရက္ၾကာ က်န္းမာေရးအနီးကပ္ ေစာင့္ၾကည့္မႈခံရမည္ကို အသိေပးရန္ ၫႊန္ၾကားထားသည္။

” ဒီကေန႔ ၫႊန္ၾကားလာတာ ၇ ႏိုင္ငံရွိတယ္။ အဲဒီႏိုင္ငံေတြကလာတဲ့သူေတြက ၁၄ ရက္ Quarantine လုပ္ခံရမယ္။ အဲဒါကိုေလေၾကာင္းလိုင္းေတြကို ကြၽန္ေတာ္တို႔ အေၾကာင္းၾကားတယ္။ ေလေၾကာင္းလိုင္းေတြက ေလယာဥ္ေပၚမွာအဲဒီကလာတဲ့ ခရီးသည္ပါတယ္ဆိုၿပီးအေၾကာင္းၾကားလို႔သူတို႔ကိုေတြ႕ၿပီးရွင္းျပတယ္။ ဒီေန႔၁၅ေယာက္ပါတယ္။သူတို႔က အိမ္ျပန္သြားၾကတယ္”ဟု အဆိုပါတာဝန္ရွိသူကေျပာသည္။၁၄ ရက္ၾကာ ေစာင့္ၾကည့္ျခင္းျပဳလုပ္ရန္သတ္မွတ္ထားသည့္ ႏိုင္ငံမ်ားမွာ လက္ရွိကူးစက္မႈႏႈန္းျမင့္တက္ေနသည့္ ေတာင္ကိုရီးယား၊တ႐ုတ္၊အီတလီ၊အီရန္၊ျပင္သစ္၊စပိန္ႏွင့္ ဂ်ာမနီ ႏိုင္ငံတို႔ျဖစ္ၾကသည္။

“သတ္မွတ္တဲ့ နိုင္ငံေတြမွာ အေနာက္ နိုင္ငံေတြက ပါတယ္။တခ်ိဳ႕နိုုင္ငံေတြက ဝင္လာရင္ ၁၄ ရက္ Quarantine လုပ္ရမယ္။မျဖစ္နိုင္ရင္ ျပန္ေပါ့။သံတမန္ေတြဆိုရင္ သူတို႔ရဲ့ေနရပ္လိပ္စာယူထားတာတို႔လုပ္မယ္။ USA တို႔ တ႐ုတ္ တို႔ကိုေတာ့ Surveillance လုပ္ရမယ္”ဟု ေလဆိပ္မွ တာဝန္ရွိသူ ဦးတင္ေမာင္ေက်ာ္ကကေျပာသည္။

Unicode

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပြီး လပြည်တွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသား ၁၅ ဦးမှာ ၁၄ရက်ကြာ ကျန်းမာရေး အနီးကပ်စောင့်ကြည့်ခံရမည်ဆိုခြင်းကြောင့် ဝင်ရောက်ခြင်းမရှိတော့ဘဲ ပြန်လည်ထွက်ခွာခဲ့ကြောင်း လေဆိပ်မှတာဝန်ရှိ သူတစ်ဦးကပြောသည်။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာသည့်နိုင်ငံခြားသား များမှာ ပြင်သစ်နိုင်ငံသား ၅ ဦး၊ဂျာမနီနိုင်ငံသား ၇ ဦးနှင့် အီတလီ၊ချီလီ၊ပိုလန် နိုင်ငံသား၁ဦးစီတို့ဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူကပြောသည်။

မတ်လ ၂၅ ရက်နေ့မှစတင်၍ COVID-19 ကူးစက်မှုနှုန်းမြင့်တက်သည့်နိုင်ငံများမှ နိုင်ငံခြားသား ခရီးသွားများနှင့် မြန်မာ နိုင်ငံ သားများ ပြည်တွင်းသို့ ဝင်ရောက်မည်ဆိုပါက ၁၄ရက်ကြာ ကျန်းမာရေးအနီးကပ် စောင့်ကြည့်မှုခံရမည်ကို အသိပေးရန် ညွှန်ကြားထားသည်။

” ဒီကနေ့ ညွှန်ကြားလာတာ ၇ နိုင်ငံရှိတယ်။ အဲဒီနိုင်ငံတွေကလာတဲ့သူတွေက ၁၄ ရက် Quarantine လုပ်ခံရမယ်။ အဲဒါကိုလေကြောင်းလိုင်းတွေကို ကျွန်တော်တို့ အကြောင်းကြားတယ်။ လေကြောင်းလိုင်းတွေက လေယာဉ်ပေါ်မှာအဲဒီကလာတဲ့ ခရီးသည်ပါတယ်ဆိုပြီးအကြောင်းကြားလို့သူတို့ကိုတွေ့ပြီးရှင်းပြတယ်။ ဒီနေ့၁၅ယောက်ပါတယ်။သူတို့က အိမ်ပြန်သွားကြတယ်”ဟု အဆိုပါတာဝန်ရှိသူကပြောသည်။၁၄ ရက်ကြာ စောင့်ကြည့်ခြင်းပြုလုပ်ရန်သတ်မှတ်ထားသည့် နိုင်ငံများမှာ လက်ရှိကူးစက်မှုနှုန်းမြင့်တက်နေသည့် တောင်ကိုရီးယား၊တရုတ်၊အီတလီ၊အီရန်၊ပြင်သစ်၊စပိန်နှင့် ဂျာမနီ နိုင်ငံတို့ဖြစ်ကြသည်။

“သတ်မှတ်တဲ့ နိုင်ငံတွေမှာ အနောက် နိုင်ငံတွေက ပါတယ်။တချို့နိုုင်ငံတွေက ဝင်လာရင် ၁၄ ရက် Quarantine လုပ်ရမယ်။မဖြစ်နိုင်ရင် ပြန်ပေါ့။သံတမန်တွေဆိုရင် သူတို့ရဲ့နေရပ်လိပ်စာယူထားတာတို့လုပ်မယ်။ USA တို့ တရုတ် တို့ကိုတော့ Surveillance လုပ်ရမယ်”ဟု လေဆိပ်မှ တာဝန်ရှိသူ ဦးတင်မောင်ကျော်ကကပြောသည်။