ဘူးသီးေတာင္ၿမိဳ႕နယ္ရွိ ေညာင္ေခ်ာင္း- ေစတီျပင္သြား ကားလမ္းေပၚရွိ သံကူကြန္ကရစ္ တံတားအား AA အၾကမ္းဖက္ေသာင္းက်န္းသူ အဖြဲ႕က မိုင္းခြဲဖ်က္ဆီး

ရခိုင္ျပည္နယ္ ၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ေအာင္ဘေက်း႐ြ ာအနီး ေညာင္ေခ်ာင္း- ေစတီျပင္သြား ကားလမ္းေပၚရွိ အရွည္ ၂ဝ ေပ၊ အက်ယ္ ၁၄ ေပ၊ အျမင့္ ၅ ေပရွိ သံကူကြန္ကရစ္ တံတားအား AA အၾကမ္းဖက္ ေသာင္းက်န္းသူ အဖြဲ႕မ်ားက ယေန႔နံနက္ ၁ နာရီခြဲခန႔္တြင္ မိုင္းခြဲဖ်က္ဆီးခဲ့ေၾကာင္း သတင္းအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ စစ္ေဆးခဲ့ရာ တံတားၾကမ္းခင္း ၂ ေပပတ္လည္ခန႔္ ေပါက္ၿပဲပ်က္စီးခဲ့ၿပီး တံတားေအာက္ ကြန္ကရစ္ေလာင္းရာမွ က်န္ရွိေသာ သုံးထပ္သားျပားႏွင့္ တံတားၾကားတြင္ မိုင္းခြဲခဲ့ျခင္းျဖစ္ေၾကာင္းႏွင့္ ၎ေနရာမွ ဝိုင္ယာႀကိဳး အစအနမ်ားႏွင့္ ၁ ေပပတ္လည္ သြပ္ျပားအဝိုင္းႏွစ္ခ်ပ္တို႔အား ေတြ႕ရွိသိမ္းဆည္း ရမိခဲ့သည္။

AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ တပ္မေတာ္အုပ္ခ်ဳပ္မႈ ယာဥ္တန္းမ်ား၊ ရိကၡာပို႔ေရယာဥ္မ်ား၊ စီမံကိန္းပစၥည္းပို႔ ေရယာဥ္မ်ားအျပင္ ရဲစခန္းမ်ားႏွင့္ ရဲတပ္ရင္းမ်ားအား မိုင္းေထာင္ျခင္း၊ မိုင္းဆြဲ တိုက္ခိုက္ျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိသည့္ အျပင္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေစရန္ လမ္း၊ တံတားမ်ားအား ေဖာက္ခြဲဖ်က္ဆီးျခင္း စသည့္ အဖ်က္အေမွာင့္ လုပ္ငန္းမ်ား က်ဴးလြန္လာသည္ကို ေတြ႕ရွိရသည္။

အဆိုပါနယ္ေျမတစ္ဝိုက္အား လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက နယ္ေျမလုံၿခဳံေရးႏွင့္ နယ္ေျမစိုးမိုးေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ref:တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳုပ္ရံုး

Unicode

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အောင်ဘကျေးရွာအနီး ညောင်ချောင်း- စေတီပြင်သွား ကားလမ်းပေါ်ရှိ အရှည် ၂ဝ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၅ ပေရှိ သံကူကွန်ကရစ် တံတားအား AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များက ယနေ့နံနက် ၁ နာရီခွဲခန့်တွင် မိုင်းခွဲဖျက်ဆီးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ တံတားကြမ်းခင်း ၂ ပေပတ်လည်ခန့် ပေါက်ပြဲပျက်စီးခဲ့ပြီး တံတားအောက် ကွန်ကရစ်လောင်းရာမှ ကျန်ရှိသော သုံးထပ်သားပြားနှင့် တံတားကြားတွင် မိုင်းခွဲခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနေရာမှ ဝိုင်ယာကြိုး အစအနများနှင့် ၁ ပေပတ်လည် သွပ်ပြားအဝိုင်းနှစ်ချပ်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်အုပ်ချုပ်မှု ယာဉ်တန်းများ၊ ရိက္ခာပို့ရေယာဉ်များ၊ စီမံကိန်းပစ္စည်းပို့ ရေယာဉ်များအပြင် ရဲစခန်းများနှင့် ရဲတပ်ရင်းများအား မိုင်းထောင်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိသည့် အပြင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်စေရန် လမ်း၊ တံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အဖျက်အမှောင့် လုပ်ငန်းများ ကျူးလွန်လာသည်ကို တွေ့ရှိရသည်။

အဆိုပါနယ်မြေတစ်ဝိုက်အား လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ref:တပ်မတော်ကာကွယ်ရေးဦးစီးချုုပ်ရုံး