Covid-19 ကိစၥ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္း အျပည့္အစံု

Covid-19 ပ်ံ႕ႏွံ့မႈကို တြန္းလွန္က ာကြယ္ရာမွာ ျပည္သူေတြရဲ့ ပူးေပါင္းပါဝင္မႈ အဓိကက်တယ္လို႔ နိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေျပာ

“အေရးအႀကီးဆုံးအခ်က္ကေတာ့ ျပည္သူသာလၽွင္ အဓိကပါပဲ။ အစိုးရက ဘယ္လိုေကာင္းတဲ့ အစီအစဥ္ေတြ ခ်မွတ္တာမ်ိဳးပဲျဖစ္ျဖစ္၊ ျပည္သူေတြ ပူးေပါင္းပါဝင္မွ ျဖစ္မွာပါ။ မလိုအပ္ဘဲ လူစုလူေဝးမျဖစ္ေအာင္ ေဆာင္ရြက္ဖို႔၊ က်န္းမာေရးဝန္ႀကီးဌာနရဲ့ ညႊန္ၾကားခ်က္ေတြကို လိုက္နာဖို႔၊ သတင္းမွားေတြ မပ်ံ႕ႏွံ့ေစဖို႔၊ အစိုးရိမ္လြန္တဲ့ကိစၥေတြမျဖစ္ေစဖို႔ ျပည္သူေတြက အဓိကပါပဲ။ ျပည္သူေတြ အျပည့္အဝ ပူးေပါင္းေဆာင္ရြက္ရင္ အစိုးရေဆာင္ရြက္ေနတဲ့ကိစၥကို အေကာင္အထည္ေဖာ္နိုင္မွာပါ”လို႔ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဒီေန႔ည မိန႔္ခြန္းေျပာၾကားမႈမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ဒီေန႔အခ်ိန္အထိ ျမန္မာနိုင္ငံမွာ Covid-19 ကူးစက္ခံရသူ တစ္ေယာက္မၽွ မရွိေသးေၾကာင္း၊ Covid-19 ကူးစက္ပ်ံ႕ႏွံ့မႈျဖစ္ပြားေနတဲ့ နိုင္ငံတခ်ိဳ႕ကေန ဝင္ေရာက္လာသူေတြကို ကန႔္သတ္ဖို႔ လုပ္ေဆာင္ေနေၾကာင္း၊ အခြန္အခ ေျဖေလၽွာ့မႈ၊ အတိုးႏႈန္းေလၽွာ့ခ်မႈေတြလုပ္သြားမွာျဖစ္ေၾကာင္း၊ CMP လို႔ေခၚတဲ့ ကုန္ၾကမ္းေပး၊ ကုန္ေခ်ာယူ၊ လက္ခစားလုပ္ငန္းေတြ၊ ဟိုတယ္လုပ္ငန္း၊ အေသးစားနဲ႔ အလတ္စားလုပ္ငန္းေတြ ထိခိုက္မႈ သက္သာေလ်ာ့ပါးေစဖို႔ အခြန္ကင္းလြတ္ခြင့္နဲ႔ ေခ်းေငြရေအာင္ စီမံသြားမွာျဖစ္ေၾကာင္း၊ ေစတနာရွင္ ျပည္သူေတြ ထည့္ဝင္နိုင္မယ့္ ရန္ပုံေငြတစ္ရပ္ ထူေထာင္သြားမွာျဖစ္ေၾကာင္း နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေျပာၾကားခဲ့ပါတယ္။

ref: Team(႐ုိးရာေလး)

Unicode

Covid-19 ပျံ့နှံ့မှုကို တွန်းလှန်က ာကွယ်ရာမှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အဓိကကျတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

“အရေးအကြီးဆုံးအချက်ကတော့ ပြည်သူသာလျှင် အဓိကပါပဲ။ အစိုးရက ဘယ်လိုကောင်းတဲ့ အစီအစဉ်တွေ ချမှတ်တာမျိုးပဲဖြစ်ဖြစ်၊ ပြည်သူတွေ ပူးပေါင်းပါဝင်မှ ဖြစ်မှာပါ။ မလိုအပ်ဘဲ လူစုလူဝေးမဖြစ်အောင် ဆောင်ရွက်ဖို့၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့၊ သတင်းမှားတွေ မပျံ့နှံ့စေဖို့၊ အစိုးရိမ်လွန်တဲ့ကိစ္စတွေမဖြစ်စေဖို့ ပြည်သူတွေက အဓိကပါပဲ။ ပြည်သူတွေ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရင် အစိုးရဆောင်ရွက်နေတဲ့ကိစ္စကို အကောင်အထည်ဖော်နိုင်မှာပါ”လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ည မိန့်ခွန်းပြောကြားမှုမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီနေ့အချိန်အထိ မြန်မာနိုင်ငံမှာ Covid-19 ကူးစက်ခံရသူ တစ်ယောက်မျှ မရှိသေးကြောင်း၊ Covid-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေတဲ့ နိုင်ငံတချို့ကနေ ဝင်ရောက်လာသူတွေကို ကန့်သတ်ဖို့ လုပ်ဆောင်နေကြောင်း၊ အခွန်အခ ဖြေလျှော့မှု၊ အတိုးနှုန်းလျှော့ချမှုတွေလုပ်သွားမှာဖြစ်ကြောင်း၊ CMP လို့ခေါ်တဲ့ ကုန်ကြမ်းပေး၊ ကုန်ချောယူ၊ လက်ခစားလုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်း၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေ ထိခိုက်မှု သက်သာလျော့ပါးစေဖို့ အခွန်ကင်းလွတ်ခွင့်နဲ့ ချေးငွေရအောင် စီမံသွားမှာဖြစ်ကြောင်း၊ စေတနာရှင် ပြည်သူတွေ ထည့်ဝင်နိုင်မယ့် ရန်ပုံငွေတစ်ရပ် ထူထောင်သွားမှာဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ref: Team(ရိုးရာလေး)