Covid-19ကြောင့် ရုပ်ရှင်ရုံများကို တရားဝင်ပိတ်ရန် ရက်ပိုင်းအတွင်း ထုတ်ပြန်ကြေငြာနိုင်ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်မှ ပြောကြား

‘‘ပြန်ကြားရေးဝန်ကြီး ဌာန ကတော့ အစည်းအဝေးတွေ လုပ် နေတယ်။ (၁)ရက် ၊(၂)ရက် နေ ရင်တော့စောင့်ကြည့် ရမယ်’’ ဟု ၎င်းကပြော သည်။ (Covid-19)  သည် လူစုလူဝေး များပြား သည့် နေရာများ ၌ လျင် မြန် စွာ ကူးစက် နိုင်သဖြင့် ပြည် သူ လူထုအနေဖြင့် လူစု လူဝေးဖြင့် ကျင်းပသော အခမ်း အနားများ၊ ပွဲလမ်းသဘင်များ ကို ဧပြီ (၃၀) ရက် အထိမပြုလုပ် ရန်နှင့် လိုအပ်ပါက ရပ်ဆိုင်း ကာလကိုထပ်မံ တိုးမြှင့်မည်ဖြစ်ကြောင်း နိုင်ငံ တော် သမ္မတရုံး က မတ် လ (၁၃) ရက် တွင် ထုတ်ပြန် ထားသည်။

‘‘ခြောက် ပတ်လောက်တော့ ပိတ်ရမလားမသိဘူး’’ ဟု ဦးညီညီ ထွန်းလွင် ကပြောသည်။ထို့အပြင် လက်ရှိ ရုံတင်ပြသ နေသည့် ‘ပိတောက် ကတဲ့ဂီတ’ ရုပ်ရှင် ထုတ်လုပ်သူနှင့် သရုပ် ဆောင် စိုင်းစိုင်းခမ်းလှိုင် ကလည်း အခြားပွဲလမ်းများ ကို ပိတ်သိမ်း သလိုရုပ်ရှင်ရုံ များလည်း တရား ဝင်ပိတ်စေလိုကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ် ၌ ယမန်နေ့ တွင်ရေး သားထားသည်။

ပြည်သူ့ ကျန်းမာရေးဦးစီး ဌာန၊ ဗဟိုကူးစက်ရောဂါ တိုက် ဖျက်ရေး ဌာနခွဲ ဒုတိယညွှန်ကြား ရေးမှူး ဒေါက်တာခင်ခင်ကြီးက ‘‘ရုပ်ရှင်ရုံတွေဘာတွေ Specific တော့အကြံမပေးပါ ဘူး။ ကျန်း မာ ရေးဝန်ကြီးဌာန အနေနဲ့ကတော့ လူစုလူဝေးတွေက ရောဂါကူး စက်ပြန့်ပွားဖို့ အဓိကနေရာဖြစ် နေတဲ့အတွက် ဒါမျိုးတွေမ လုပ် ခြင်းအားဖြင့် Risk တွေလျော့ နည်းစေတယ်ဆိုတဲ့ကိစ္စကို အ ကြံပေးတာတော့ရှိပါတယ်’’ ဟု ပြောသည်။

ရန်ကုန်တိုင်း ဒေသကြီးအ တွင်း လူစု လူ ဝေးဖြင့်ကျင်းပသော အခမ်း အနားများ၊ ပွဲလမ်းသဘင် များကို ကျင်းပခြင်း မပြုလုပ်ရန် နှင့် ကျင်းပရန်ခွင့်ပြု ချက်ရရှိထား ပြီး မပြုလုပ်ရသေးသည့် အခမ်း အနားများ၊ ပွဲလမ်းသဘင်များကို ရပ်ဆိုင်းရန် ရန်ကုန်တိုင်း အစိုးရ ကမတ်လ ၁၄ ရက်တွင် ထုတ် ပြန် ထားသည်။

crd:7day news