စီစဉ်ထားသည့်အတိုင်း (၂၀၂၀) တိုကျိုအိုလံပစ်ကို ဆက်လက် ကျင်းပမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အတည်ပြုကြေငြာ

ကိုရိုနာဗိုင်း ရပ်စ် ကူးစက်မှု စိုးရိမ်မှု များကြောင့် အားကစားပွဲများ ရွှေ့ဆိုင်းရမှုများ ရှိနေသော် လည်း နဂိုကတည်းက စီစဉ်ထားသည့်အတိုင်း ၂၀၂၀ တိုကျို အိုလံပစ်ကို ဇူလိုင် လတွင် ဆက်လက် ကျင်းပမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အတည်ပြုပြောကြားလိုက်သည်။Tokyo 2020 ကို ဆက်လက် ဆောင် ရွက်ခြင်း ပြု၊ မပြုအား အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီက နောက်ဆုံး ဆုံးဖြတ်ချက်ချမှတ်မည်ဖြစ်ကြောင်း ရှင်ဇိုအာဘေးက ပြောဆိုသည်။

ကူးစက်နေမှု ကို မိမိတို့အနေနှင့် ကျော်လွှားမည်ဖြစ်ကြောင်း၊ အိုလံပစ်ကို ပြဿနာမရှိဘဲ ဧည့်ခံကျင်းပနိုင်ကြောင်း ရှင်ဇိုအာဘေးက ဆိုသည်။ဂျပန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် လူ (၁,၄၀၀) ကျော်ကို ကူးစက်ခဲ့ပြီး (၂၈) ဦး သေဆုံးထားခဲ့သည်။တိုကျိုအိုလံပစ်ကို ယန်းငွေ ၁ဒသမ ၃၅ ထရီလီယံ အကုန်အကျခံကာ ကျင်းပမည်ဖြစ်ကြောင်း စီစဉ်ဆောင်ရွက်သူများက ဒီဇင်ဘာလအတွင်းက ထုတ်ပြန်ထား သည်။

အိုလံပစ်မီးရှူး တိုင် သယ်ယူရေး အခမ်း အနားကို မတ်လ (၂၆) ရက်နေ့တွင် ဖူကူရှီးမားဒေသမှ စတင်မည် ဖြစ်သည်။မကြာသေးခင်က ပြုလုပ်ခဲ့သော အိုလံပစ် မီးရှူး တိုင် ထွန်းညှိရေး အခမ်းအနားကို ဂရိနိုင်ငံ၊ အိုလံပီယာဒေသတွင် ပရိသတ်မပါဘဲ ကျင်းပခဲ့သည်။

အိုလံပစ်မီးရှူး တိုင် သယ်ယူရေးနဲ့ ပတ်သက်ပြီးတော့ ရောဂါကူးစက် မှု ကာကွယ်ရေးအစီအမံများဖြင့် ဆောင်ရွက်သွားမည်ဟု တိုကျိုမြို့တော်ဝန် ယူရီကိုကိုကီ က ပြောကြားသည်။အမေရိကန်ပြည်ထောင်စုတွင်မူ အိုလံပစ် နပန်း၊ လှေလှော်၊ ဒိုင်ပင် စသည့် အားကစားနည်းများ အိုလံပစ်အတွက် လူရွေးခြင်း များ ကို ရွှေ့ဆိုင်းထားသည်။ဗိုင်းရပ်စ်ကူးစက်ခံ ဗြိတိန်တွင်တော့ လက်ဝှေ့အားကစား ပဏာမအဆင့်များကို ကျင်းပသွားမည်ဟု ဆိုထားသည်။

crd:The voice