မလေးရှားမှာ ကိုရိုနာနဲ့ ပတ်သတ်ပြီး ဖေ့ဘွတ်ခ် မှာ သတင်းအမှားဖြန့်ချီနေတဲ့ လူများကို ဖမ်းဆီး

မလေးရှာနိုင်ငံမှာ ကိုရိုနာဗိုင်းရဗ်စ်နဲ့ ပတ်သတ်ပြီး ဖေ့ဘွတ်ခ်မှာ သတင်းအမှားတွေ လွှင့်တဲ့ လူ (၆) ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်။ မလေးရှား ဆိုရှယ်မီဒီယာရှိပို့စ်အမြောက်အမြားဟာ တိုင်းပြည်အတွင်းမှာ ကိုရိုနာဗိုင်းရဗ်စ်ရောဂါနဲ့ပတ်သတ်ပြီး သေဆုံးသူ နဲ့ ကူးစက်ခံထားရသူအရေအတွက်ကို မှားယွင်းစွာဖော်ပြခဲ့ကြပါတယ်။ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး သတင်းအမှားတွေ ပျံ့နှံ့နေမှုအပေါ် အာဏာပိုင်တွေက တည့်မက်ပေးတဲ့လုပ်ရပ်အနေနဲ့ သေစေနိုင်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကူးစက်ခံရသူတွေကို ဇွန်ဘီတွေလို ဖြစ်သွားစေမှာ မဟုတ်ဘူးလို့ မလေးရှားအစိုးရက ဆိုရှယ်မီဒီယာမှာ ပြောကြားခဲ့ပါတယ်။

ကျန်းမာရေးအာဏာပိုင်တွေက ဗိုင်းရပ်စ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ မလေးရှားက ဆိုရှယ်မီဒီယာသုံးစွဲသူတချို့က ဒီရောဂါကူးစက်ခံရသူဟာ လမ်းလျှောက်နေတဲ့ ဖုတ်ကောင်လိုပဲလို့ ပြောလာကြလို့ မလေးရှားကျန်းမာရေးဝန်ကြီးက တွစ်တာပို့စ်တစ်ခုမှာ ဒီကောလဟာဠကို ပယ်ချလိုက်ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူတွေဟာ ဇွန်ဘီတွေလို ပြုမူမယ်ဆိုတာ မဟုတ်ပါဘူး။ လူနာတွေဟာ ပြန်ကောင်းနိုင်ကြပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

‘သေဆုံးမှုနှုန်းဟာ MERS-CoV (၃၄ ရာခိုင်နှုန်းဝန်းကျင်)နဲ့ SARS (၁၀ ရာခိုင်နှုန်းဝန်းကျင်)တို့ကိုနှိုင်း ယှဉ်ပါက ၂%နဲ့ ၃% ကြားမှာသာရှိလို့ နိမ့်တယ်လို့ ဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး တွစ်တာမှာရှင်းပြရေးသားချက်တွေမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ကဖမ်းဆီးခံရသူများထဲမှတစ်ဦးဟာ အသက် ၄၉ နှစ်အရွယ် အချိန်ပိုင်းနည်းပြတစ်ဦးဖြစ်ပြီး ဖေ့စ်ဘွတ်ခ်မှာ ဗိုင်းရပ်စ်နဲ့ဆက်စပ်တဲ့အကြောင်းအ ရာအမှားများတင်ခဲ့မှုအတွက်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးဖမ်းဆီးမှုမှာ ပြီးခဲ့တဲ့ကြာသပတေးနေ့ကဖြစ်ပြီး အသက် ၂၈ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို အင်တာနက်ကွန်ရက်ကို မလျော်မကန်အသုံးပြုမှုအတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး အကယ်၍ ပြစ်မှုထင်ရှားစီရင်ခံရပါက သူမဟာ ဒဏ်ငွေ မလေးရှားရင်းဂစ် ၅၀၀ သို့မဟုတ် ထောင်ဒဏ်တစ်နှစ်ချမှတ်ခံရနိုင်ပါတယ်။

ref; CNA
Writer_Aung Moe ( XYZ NEWS )