ကိုရိုနာကြောင့် ဧပြီလ (၁၀) ရက်နေ့ ထိုးသတ်မည့် အောင်လအန်ဆန်ပွဲ ကို ရွှေ့ဆိုင်းလိုက်

ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာ တွေဖြစ်ပွားမှုကြောင့် ၂၀၂၀ အတွင်း ကျင်းပမယ့် ONE Championship ပြိုင်ပွဲတွေ ကို အပြောင်းအလဲပြုလုပ်ခဲ့ ရတယ်လို့ ONE Championship ရဲ့ တရားဝင် ဝက်ဘ်ဆိုက် က သတင်း ထုတ်ပြန်ခဲ့ ပါတ ယ် ။ ဒီလိုမျိုး အပြောင်းအလဲပြု လုပ်ခဲ့တဲ့ထဲ မှာ ဧပြီလ ၁၀ ရက်နေ့ ထိုးသတ်မယ့် အောင်လ အန်ဆန် နဲ့ ဘစ်ဒက်ရှ် တို့ ရဲ့ မစ်ဒယ် ဝိတ် တန်း ခါး ပတ် လု ပွဲ လည်း ပါဝင်ခဲ့ ပါ တယ် ။

“တံခါးပိတ် ထိုးရတာပဲဖြစ်ဖြစ် ၊ ပရိသတ်တွေရှေ့ မှာ ထိုးသတ် ရတာပဲဖြစ်ဖြစ်ပါ ၊ ဘယ်နေရာ မှာဖြစ်ဖြစ် ကျွန်တော့် ပရိသတ်တွေ အတွက် အကောင်းဆုံးထိုးသတ်သွားဖို့ ပြင်ဆင်ထား ပါတယ် ” လို့ အောင်လ အန်ဆန် က ပြောဆိုသွားခဲ့ ပါ တယ် ။

မတ်လ ၁၃ ရက်နေ့မှာ ONE ရဲ့ ဥက္ကဌနဲ့ စီအီးအိုဖြစ်သူ ချက်ထရီက စင်ကာပူမှာကျင်းပမယ့် ပြိုင်ပွဲတွေကို ကွင်းပိတ်ကျင်းပသွားမယ်လို့ လူမှုကွန်ယက်ကနေ ကြေညာခဲ့ပါတယ်။ အင်ဒိုနီးရှား မှာ ကျင်းပမယ့် ONE Infinity-1 ပြိုင်ပွဲ ကိုလည်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ မေလ ၂၉ ရက်နေ့ထိုးသတ်ဖို့ ပြောင်းလဲစီစဉ်ခဲ့ရ ပါတယ်။

လက်ရှိမှာလည်း ဖိလစ်ပိုင်နိုင်ငံ အတွင်း ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုတွေရှိလာခဲ့ကာ ပိတ်ဆို့မှုတွေကို ပြုလုပ်နေခဲ့လို့ နောက်ထပ်တစ်စုံတစ်ရာပြောင်းလဲလာနိုင်ဖွယ် လည်းရှိနေတယ်လို့ ခန့်မှန်းရပါတယ်။ ဒီလိုမျိုး ရွှေ့ဆိုင်းခဲ့ရတဲ့အပေါ်မှာ နာမည်ကျော် တိုက်ခိုက်ရေးသမားတွေက ပရိသတ်တွေကို မေတ္တာရပ်ခံမှုတွေပြုလုပ်ခဲ့သလို အားပေးတိုက်တွန်းမှုတွေလည်း ပြုလုပ်ခဲံပါတယ်။

အောင်လအဆန်ဆန်က “ONE Chamipionship ပြိုင်ပွဲကို အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ တံခါးပိတ်ကျင်းပမယ့် ပွဲစဉ်တွေမှာလည်း အံ့အားသင့်ဖွယ်ရာ ထိုးသတ်ပွဲတွေဖြစ်လာမယ်လို့ ကျွန် တော်တို့ဘက်က ကတိပေးပါတယ်။ ကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်ပေးနေတဲ့ ဝန်ထမ်းတွေကိုလည်း အားကစားသမားတစ်ဦးအနေနဲ့ ကျွန်တော်ကျေးဇူးအရမ်းတင်ပါတယ်၊ ဘယ်နေရာမှာပဲ ထိုးသတ်ရထိုးသတ်ရပါ၊ ပရိသတ်တွေအတွက် ကျွန်တော်အကောင်းဆုံးထိုးသတ်သွားဖို့ ပြင်ဆင်ထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

MNN