မန္တလေးမှာ ကိုရိုနာ စောင့်ကြည့်လူနာတစ်ဦး သေဆုံး၊ COVID-19 ဗိုင်းရပ်စ် ဟုတ်မဟုတ် ဓာတ်ခွဲခန်းပို့ထား

မန္တလေးမြို့မှာ COVID -19 ကိုရိုနာဗိုင်းရ ပ်စ် ရောဂါနှင့်ပတ်သက်ပြီး စောင့်ကြပ်ကြည့်ရှုနေရသူ အမျိုးသမီး တစ်ဦး ဒီကနေ့မှာ သေဆုံးခဲ့တယ်လို့ မန္တလေးအထွေထွေရောဂါကုဆေးရုံ ဒုတိယ ဆေးရုံအုပ်ကြီး က အတည်ပြုပြောကြားပါတယ်။သေဆုံးသူဟာ တံတားဦးနယ်က ဖြစ်ပြီး အဆုတ်ရောဂါနဲ့ မတ်လ ၁၆ ရက်နေ့ ညပိုင်းက ရောက်ရှိခဲ့ကာ ဒီကနေ့ မတ်လ ၁၇ ရက်နေ့ နံနက်ပိုင်းက သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ရောက်လာကတည်းက အခြေအနေဆိုးတယ်။ အခုတော့ ဆေးစစ်ဖို့ နမူနာကို အခုနေ့လည်ကပဲ ပို့လိုက်တယ်။´´ လို့ ဒုတိယ ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော် က ပြောပါတယ်။COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ အမှန်တကယ်ရှိမရှိဆိုတဲ့ အဖြေကိုတော့ မတ်လ ၁၈ ရက်နေ့ မနက်အစောပိုင်းမှာ သိရမှာဖြစ်တယ်လို့ ဆိုပါတယ်။

မတ်လ ၆ ရက်နေ့ကလည်း မန္တလေးမြို့ မဟာအောင်မြေမြို့နယ်မှာနေထိုင်တဲ့ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနဲ့ ကန်တော်နဒီမှာ စောင့်ကြည့်နေစဉ် သေဆုံးခဲ့ပါတယ်။ အဲ့ဒီသေဆုံးသူမှာတော့ COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါ မရှိဘူးလို့ အဖြေထွက်ခဲ့ပါတယ်။

ref:DVB

Unicode

Add a Comment

Your email address will not be published. Required fields are marked *