(Covid 19)ဗိုင်းရပ်စ်ဒဏ်ကို  ‘A’ သွေးအမျိုးစား ရှိသူများက ပိုမိုခံစားရနိုင်ကြောင်း နှိုင်းယဉ်လေ့လာမှုတွင် တွေ့ရှိ

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုဒဏ် ကို ‘A’ သွေးအမျိုးအစား ရှိသူများက ပိုမို ခံစားရနိုင်ပြီး ‘O’သွေး အမျိုးအစားရှိ သူများ က အခြားသွေး အုပ်စုများ ထက်  ခံနိုင် ရည် ပိုမြင့်ကြောင်း တရုတ်နိုင်ငံ ရှိ (ကိုဗစ် -၁၉) ရောဂါ ခံစားရ သည့် လူနာ များအား ပဏာမလေ့လာ ရာတွင်တွေ့ရှိခဲ့သည်။

ဝူဟန်မြို့နှင့် ရှင်ကျန်းမြို့များမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည့် လူနာ ၂,၀၀၀ ကျော်အား နှိုင်းယှဉ်လေ့လာရာတွင် ‘အေ’သွေးအမျိုးအစားရှိသည့် လူနာ ကူးစက်မှုနှုန်းပိုမိုမြင့်မားပြီး ရောဂါလက္ခဏာပိုမိုပြင်းထန်သည်ကို တရုတ်ဆေးသုတေသနပညာရှင်များကတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုတွေ့ရှိချက်မှာ ပဏာမဖြစ်ပြီး လေ့လာမှုများ ဆက်လက်လုပ်ဆောင်ရန်လိုအပ်နေစဉ်အတွင်း အစိုးရနှင့် ဆေးဘက် ဆိုင်ရာအထောက် အကူပြု အဖွဲ့ များ အနေနှင့် ကူးစက်မှုလျှော့ချရေးအစီအမံများနှင့် လူနာများအားကုသရေးများတွင် သွေးအုပ်စုကွဲပြားမှုအခြေအနေကိုလည်း ထည့်သွင်းစဉ်းစား သင့် ကြောင်း သုတေသနပညာရှင်များက တိုက်တွန်းထားသည်။“အေသွေးသမားတွေအနေနဲ့ ဗိုင်းရပ်စ်ကူးစက်မယ့် အခွင့်အလမ်းတွေလျှော့ချနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်မှုကောင်းကောင်းလုပ်ဖို့ လိုအပ်ပါတယ်”ဟု ဝူဟန်တက္ကသိုလ်၊ ကျိုးနန်ဆေးရုံမှ သုတေသနအဖွဲ့ခေါင်းဆောင် ဝမ်ရှင်းဟွမ်ကပြောသည်။

ယင်းအပြင် ‘အို’သွေးအုပ်စုဝင်များက အခြားသွေးအုပ်စုဝင်များနှင့်နှိုင်းယှဉ်လျှင် ရောဂါကူးစက်နိုင်ခြေ သိသိသာသာနည်းပါးကြောင်း Medrxiv.org ဝက်ဘ်ဆိုက်တွင် မတ် ၁၁ ရက်ကဖော်ပြခဲ့သည့် သုတေသနစာတမ်းထဲ၌ ရေးသားထားသည်။ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးခဲ့သည့် ဝူဟန်မြို့မှ လူနာ ၂၀၆ ဦးအနက် ၈၅ ဦးမှာ ‘အေ’သွေးအမျိုးအစားများဖြစ်ပြီး ၅၂ ဦးသေဆုံးခဲ့သည့် ‘အို’သွေးအမျိုးအစား လူနာများထက် ဖြစ်နိုင်ခြေ ၆၃ ရာခိုင်နှုန်းမြင့်မားကာ အသက်အရွယ်နှင့် လိင်ကွဲပြားသည့်လူများထဲတွင် ယင်း အချက်ကိုတွေ့ရခြင်းဖြစ်သည်။

.”ဒီတွေ့ရှိချက်ဟာ Sars-CoV-2 နဲ့ အခြားကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအတွက် လုပ်ဆောင်တဲ့ စီမံခန့်ခွဲမှုတွေမှာ သွေးအမျိုးအစားတွေနဲ့ပတ်သက်ပြီး မိတ်ဆက်ရာမှာ အထောက်အကူဖြစ်စေပါတယ်။ဒါက စီမံခန့်ခွဲမှုတွေရွေးချယ်ရာမှာ ခွဲခြားနိုင်ဖို့ အကူအညီပေးနိုင်ပြီး လူနာတွေရဲ့အခြေအနေကို အကဲဖြတ်နိုင်မှာဖြစ်ပါတယ်” ဟု ဝမ်ကသုတေသနစာတမ်းတွင်ရေးထားသည်။အဆိုပါလေ့လာမှုကို ပေကျင်း၊ ဝူဟန်၊ ရှင်ကျန်းနှင့် ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံအတွင်းရှိ သိပ္ပံပညာရှင်များ၊ ဆရာဝန်များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အခြားဆေးပညာရှင်များနှင့် ပြန်လည်သုံးသပ်ခြင်းများ မပြုလုပ်ရသေးပေ။

crd:The standard Time