ရွမ္းျပည္နယ္ က်ိဳင္းတုံတြင္ ကိုရိုနာ ေစာင့္ၾကည့္လူနာတစ္ဦး ေသဆုံး

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္း တုံျပည္ သူ႔ေဆး႐ုံႀကီးတြင္ ျပင္းထန္ အဆုတ္ေရာင္ေရာဂါ (Severe Pneumonia) ျဖင့္ တက္ေရာက္၍ ကိုရိုနာ (COVID-19) ေစာင့္ၾကည့္ လူနာအျဖစ္ သတ္မွတ္ၿပီး အသက္ရႉလမ္းေၾကာင္းဆိုင္ရာ သီးသန႔္ လူနာေဆာင္တြင္ တက္ေရာက္ေဆးကုသမႈ ခံယူေနသည့္ အသက္ ၃၀ အရြယ္ အမ်ိဳးသားသည္ မတ္ ၁၇ ရက္၊ ညပိုင္းက ေသဆုံးမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ေသဆုံးသူ အမ်ိဳးသားမွာ မိုင္းျဖတ္ၿမိဳ႕နယ္၊ ကခ်င္စံျပေက်းရြာတြင္ ေနထိုင္သူျဖစ္ၿပီး က်ိဳင္းတုံၿမိဳ႕နယ္ ဆည္ေျမာင္း ဦးစီးဌာနတြင္ အလုပ္လုပ္ကိုင္ေနသူျဖစ္ေၾကာင္း သိရသည္။

“လူနာ မေသဆုံးခင္မွာ ယူထားတဲ့ ႏွာေခါင္းတို႔ဖတ္နဲ႔ အာေခါင္တို႔ဖတ္ နမူနာကို ဓါတ္ခြဲစစ္ေဆးဖို႔ ဒီေန႔ မတ္လ ၁၈ ရက္မွာ ဗဟိုဓါတ္ခြဲစစ္ေဆးေရးဌာနကို သြားပို႔ေပးမွာျဖစ္ပါတယ္။ ဓါတ္ခြဲအေျဖကို သိတာနဲ႔ အမ်ားျပည္သူေတြ သိေအာင္ ထုတ္ျပန္ေၾကညာေပးသြားပါမယ္” ဟု က်ိဳင္တုံေဆး႐ုံအုပ္ႀကီး ေဒါက္တာလွေဌးမင္းက ေျပာသည္။

ေသဆုံးသူသည္ ၎မကြယ္လြန္မီအခ်ိန္က COVID-19 ေရာဂါ ကူးစက္ခံထားရသည့္ နိုင္ငံမ်ားသို႔ သြားေရာက္ ခဲ့ျခင္းႏွင့္ ေရာဂါကူးစက္ခံထားရသူမ်ားႏွင့္ ထိေတြ႕ဆက္ဆံခဲ့ျခင္း ေဆးစစ္ခ်က္ ရာဇဝင္မရွိေၾကာင္း သိရွိရသည္။

က်ိဳင္းတုံၿမိဳ႕နယ္ အပါအဝင္ ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ COVID-19 ကူးစက္ေရာဂါ ႀကိဳတင္ကာကြယ္ေရး လုပ္ငန္းမ်ားကို က်န္းမာေရးႏွင့္ ကုသေရးဦးစီးဌာနမွ ေဆာင္ရြက္လ်က္ရွိၿပီး ေဆး႐ုံမ်ားရွိ ဆရာဝန္မ်ား၊ သူနာျပဳမ်ား ႏွင့္ ဝန္ထမ္းမ်ားအတြက္ Surgical Mask၊ PPE ဝတ္စုံ၊ Hand Gel၊ Hand Wash၊ N-95 Mask မ်ား လိုအပ္လ်က္ရွိ ေၾကာင္း သိရွိရသည္။

Unicode

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်း တုံပြည် သူ့ဆေးရုံကြီးတွင် ပြင်းထန် အဆုတ်ရောင်ရောဂါ (Severe Pneumonia) ဖြင့် တက်ရောက်၍ ကိုရိုနာ (COVID-19) စောင့်ကြည့် လူနာအဖြစ် သတ်မှတ်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ သီးသန့် လူနာဆောင်တွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် အသက် ၃၀ အရွယ် အမျိုးသားသည် မတ် ၁၇ ရက်၊ ညပိုင်းက သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။သေဆုံးသူ အမျိုးသားမှာ မိုင်းဖြတ်မြို့နယ်၊ ကချင်စံပြကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ကျိုင်းတုံမြို့နယ် ဆည်မြောင်း ဦးစီးဌာနတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း သိရသည်။

“လူနာ မသေဆုံးခင်မှာ ယူထားတဲ့ နှာခေါင်းတို့ဖတ်နဲ့ အာခေါင်တို့ဖတ် နမူနာကို ဓါတ်ခွဲစစ်ဆေးဖို့ ဒီနေ့ မတ်လ ၁၈ ရက်မှာ ဗဟိုဓါတ်ခွဲစစ်ဆေးရေးဌာနကို သွားပို့ပေးမှာဖြစ်ပါတယ်။ ဓါတ်ခွဲအဖြေကို သိတာနဲ့ အများပြည်သူတွေ သိအောင် ထုတ်ပြန်ကြေညာပေးသွားပါမယ်” ဟု ကျိုင်တုံဆေးရုံအုပ်ကြီး ဒေါက်တာလှဌေးမင်းက ပြောသည်။

သေဆုံးသူသည် ၎င်းမကွယ်လွန်မီအချိန်က COVID-19 ရောဂါ ကူးစက်ခံထားရသည့် နိုင်ငံများသို့ သွားရောက် ခဲ့ခြင်းနှင့် ရောဂါကူးစက်ခံထားရသူများနှင့် ထိတွေ့ဆက်ဆံခဲ့ခြင်း ဆေးစစ်ချက် ရာဇဝင်မရှိကြောင်း သိရှိရသည်။

ကျိုင်းတုံမြို့နယ် အပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပြီး ဆေးရုံများရှိ ဆရာဝန်များ၊ သူနာပြုများ နှင့် ဝန်ထမ်းများအတွက် Surgical Mask၊ PPE ဝတ်စုံ၊ Hand Gel၊ Hand Wash၊ N-95 Mask များ လိုအပ်လျက်ရှိ ကြောင်း သိရှိရသည်။

Add a Comment

Your email address will not be published. Required fields are marked *