ကိုရိုနာအ ေရး ျမန္မာႏိုင္ငံတြင္ ပုံမွန္ က်န္းမာေရးေစာင့္ေရွာက္မႈ မေပးႏိုင္သျဖင့္ ၿဗိတိန္ႏိုင္ငံသားမ်ား ျမန္မာမွ ထြက္ ခြာရန္ ၿဗိတိသွ်သံ႐ုံးထုတ္ျပန္

ကမာၻအႏွံ႔ပ်ံ႕ႏွံ႔ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္အေရးေၾကာင့္ ျမန္မာႏိုင္ငံရဲ႕က်န္းမာေရးဝန္ေဆာင္မႈေတြကို ဖိအားေပးႏိုင္ၿပီး ပုံမွန္ေစာင့္ေရွာက္မ ႈမေပးႏိုင္လို႔ တတ္ႏိုင္ရင္ ျမန္မာႏိုင္ငံကထြက္ခြာၾကဖို႔ ၿဗိတိန္ႏိုင္ငံသားေတြကို ျမန္မာႏိုင္ငံဆိုင္ရာၿဗိတိသွ်သံ႐ုံးက ထုတ္ျပန္သတိေပးပါတယ္။

ျမန္မာႏိုင္ငံရဲ႕ျပည္ပထြက္ခြာေလေၾကာင္းခရီးစဥ္ေတြကို သတိမေပးဘဲဖ်က္သိမ္းထားႏိုင္တယ္လို႔လည္း သတိေပးပါတယ္။ ၿဗိတိသွ်သံ႐ုံးဝန္ထမ္းတခ်ိဳ႕နဲ႔ မွီခိုေနသူေတြကိုလည္း ျပန္႐ုတ္သိမ္းထားၿပီး ေကာင္စစ္ဝန္အေထာက္အပံ့လိုမ်ိဳး မျဖစ္မေနအေရးႀကီးတဲ့လုပ္ငန္းေတြလုပ္ဖို႔ လိုအပ္တဲ့ဝန္ထမ္းေတြပဲက်န္ေနတယ္လို႔လည္း ထုတ္ျပန္ပါတယ္။

မတ္ ၁၇ ရက္ မေန႔ကညေန ၄ နာရီအထိ ုမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါCOVID-19ေစာင့္ၾကည့္လူနာ ၁၄၂ ေယာက္၊ သံသယလူနာ ၂ ေယာက္ စုစုေပါင္း ၁၄၆ ေယာက္ရွိၿပီး ေရာဂါပိုးမရွိသူ ၁၃၅ ေယာက္၊ ဓာတ္ခြဲဖို႔နမူနာယူ၊ ေပးပို႔ထားတာ ၉ ေယာက္ရွိၿပီး ေရာဂါေပ်ာက္လို႔ေဆး႐ုံကဆင္းရတဲ့လူ ၉၆ ေယာက္ရွိေနပါတယ္။

ၿဗိတိန္မွာေတာ့ မတ္ ၁၇ ရက္ မေန႔က ည ၉ နာရီနီးပါးအထိမွာ COVID-19ေၾကာင့္ေသဆုံးသူ ၇၁ ေယာက္ရွိၿပီး ကူးစက္ခံထားရသူအေယာက္ ၁၉၅၀ ရွိေနပါၿပီ။မေန႔ကမနက္ပိုင္းအထိ ၿဗိတိန္မွာ လူ ၅၀၄၄၂ ေယာက္ကို ဗိုင္းရပ္စ္ကူးစက္မႈရွိ၊ မရွိစစ္ေဆးခဲ့ၿပီးၿပီလို႔လည္း ၿဗိတိန္အစိုးရကထုတ္ျပန္ထားပါတယ္။

ref:The Fifth Wave News

Unicode

ကမ္ဘာအနှံ့ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် မြန်မာနိုင်ငံရဲ့ကျန်းမာရေးဝန်ဆောင်မှုတွေကို ဖိအားပေးနိုင်ပြီး ပုံမှန်စောင့်ရှောက်မ ှုမပေးနိုင်လို့ တတ်နိုင်ရင် မြန်မာနိုင်ငံကထွက်ခွာကြဖို့ ဗြိတိန်နိုင်ငံသားတွေကို မြန်မာနိုင်ငံဆိုင်ရာဗြိတိသျှသံရုံးက ထုတ်ပြန်သတိပေးပါတယ်။

မြန်မာနိုင်ငံရဲ့ပြည်ပထွက်ခွာလေကြောင်းခရီးစဉ်တွေကို သတိမပေးဘဲဖျက်သိမ်းထားနိုင်တယ်လို့လည်း သတိပေးပါတယ်။ ဗြိတိသျှသံရုံးဝန်ထမ်းတချို့နဲ့ မှီခိုနေသူတွေကိုလည်း ပြန်ရုတ်သိမ်းထားပြီး ကောင်စစ်ဝန်အထောက်အပံ့လိုမျိုး မဖြစ်မနေအရေးကြီးတဲ့လုပ်ငန်းတွေလုပ်ဖို့ လိုအပ်တဲ့ဝန်ထမ်းတွေပဲကျန်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

မတ် ၁၇ ရက် မနေ့ကညနေ ၄ နာရီအထိ ုမန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါCOVID-19စောင့်ကြည့်လူနာ ၁၄၂ ယောက်၊ သံသယလူနာ ၂ ယောက် စုစုပေါင်း ၁၄၆ ယောက်ရှိပြီး ရောဂါပိုးမရှိသူ ၁၃၅ ယောက်၊ ဓာတ်ခွဲဖို့နမူနာယူ၊ ပေးပို့ထားတာ ၉ ယောက်ရှိပြီး ရောဂါပျောက်လို့ဆေးရုံကဆင်းရတဲ့လူ ၉၆ ယောက်ရှိနေပါတယ်။

ဗြိတိန်မှာတော့ မတ် ၁၇ ရက် မနေ့က ည ၉ နာရီနီးပါးအထိမှာ COVID-19ကြောင့်သေဆုံးသူ ၇၁ ယောက်ရှိပြီး ကူးစက်ခံထားရသူအယောက် ၁၉၅၀ ရှိနေပါပြီ။မနေ့ကမနက်ပိုင်းအထိ ဗြိတိန်မှာ လူ ၅၀၄၄၂ ယောက်ကို ဗိုင်းရပ်စ်ကူးစက်မှုရှိ၊ မရှိစစ်ဆေးခဲ့ပြီးပြီလို့လည်း ဗြိတိန်အစိုးရကထုတ်ပြန်ထားပါတယ်။

ref:The Fifth Wave News

Add a Comment

Your email address will not be published. Required fields are marked *