ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်းဌေး၏ ဂုဏ်သိက္ခာကို ကျဆင်းအောင် လူမှုကွန်ရက်ပေါ်တွင် ဖော်ပြသူ Facebook Account ပိုင်ရှင်တစ်ဦး ကို အမှုဖွင့်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ၏ ဂုဏ်သိက္ခာ ကျဆင်းအောင် လူမှုကွန်ရက်ပေါ်တွ င် ရေးသားခဲ့သော (Facebook Account) ပိုင်ရှင် တစ်ဦး ကို မိတ္ထီလာ မြို့ ပြည်သာယာ ရပ်ကွက်နေ ကြံ့ခိုင်ရေး ပါတီ ကော်မတီဝင် တစ်ဦးက မတ်လ (၁၆) ရက်နေ့ ညနေပိုင်း က နယ်မြေခံ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေဖြင့် အမှုဖွင့် တိုင်ကြားခဲ့ကြောင်း ပါ တီနှင့် နီးစပ် သူများထံမှ စုံစမ်းသိရှိရသည်။

Min Kyaw Nyan အမည် ရှိ Facebook Account ပိုင် ရှင်က ယခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ဇန်နဝါရီလ (၂၃) ရက်နေ့က ထုတ်ဝေသ ည့် Golden Hand News Journal ၏ စာမျ က်နှာ (၉) တွင် ပါဝင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက သတင်း သမား များ နှင့်တွေ့ဆုံဖြေကြားထားချက် များကို ပြင်ဆင်ဖော်ပြခဲ့ ၍ အမှုဖွင့်တိုင် ကြားထားခြင်းဖြစ်ကြောင်း မှုခင်းမှတ် တမ်း အရ သိရသည်။

အဆိုပါအကောင့်ပိုင်ရှ င်က ‘ပြည်ခိုင်ဖြိုး အာဏာပြန်ရလျှင် မြန်မာလူမျိုးများ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား လုံးဝမပြောရ ဥပဒေပြဋ္ဌာန်းနိုင်အောင် ဆောင် ရွက် ပေးမည်’ ဟု ခေါင်းစဉ်ပြင်ဆင်ရေးသားခဲ့ခြင်း၊ ‘လုပ်ပြန်ပြီ၊ ဘူတာရှိပြီး သံလမ်းမရှိ။ ရထားတွဲဝယ်ပြီး သံလမ်းနဲ့မကိုက်။ ရထား ဥမင်လိုဏ် ခေါင်းဖောက် ပြီး ခရီးစဉ်ကလုံးဝမရှိ၊ ဝင်မရ သွားမရ၊ သူက တိုင်းပြည်ကို ကယ်ချင်ပြန်ရော၊ ပြား ၉၀ တောင် မပြည့်လောက်ဘူး’ ဟူသော စာသားများဖြင့် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးအား ဂုဏ်သိက္ခာကျဆင်းအောင်၊ နာမည်ပျက်အောင် ထိခိုက်စေမည့် စကားလုံးများဖြင့် စော်ကားသုံးနှုန်း ခဲ့သည့် အ တွက် အကောင့်ပိုင်ရှင်ဖြစ်သူ မိတ္ထီလာမြို့ အောင်ဆန်းမြို့သစ်ရပ်နေ အောင်ကျော်ထင်အား အရေးယူပေးပါရန် မိတ္ထီလာမြို့ ပြည်သာယာရပ်နေ ဦးစိုးလှိုင်က အမှုဖွင့် ခဲ့ခြင်းဖြစ်ကြောင်း ယင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ဦးစိုးလှိုင်သည် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ်၏ မတ်လ ၁၃ ရက်နေ့စွဲပါ စာအမှတ် ၃/၂၀၊ ကြံ့ခိုင်ရေး (ဆက်ဆံရေး)/ ၂၀၂၀ (၁၄) စာအရ ကိုယ်စားလှယ်လွှဲအပ်ခြင်းခံရ၍ ၎င်းကတရားလို ပြုလုပ်၍ တိုင်တန်းခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းအရ ထပ်မံသိရသည်။ယင်းကိစ္စနှင့်ပတ်သက်၍သက်ဆိုင်ရာ ရပ်ကွက်ရုံးသို့ အကြောင်းကြားခြင်းမရှိသေး၍ မသိရသေးကြောင်း အောင်ဆန်းမြို့သစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်က မတ်လ ၁၆ ရက်နေ့မွန်းလွဲပိုင်းက ဖြေကြားသည်။

အဆိုပါတိုင်ကြားမှု ကို မိတ္ထီလာမြို့မ ရဲစခန်းက(ပ)၁၈၃/၂၀၂၀ဆက် သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ပေး ထားကြောင်း ယင်းရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

crd:The voice