(COVID-19)ရောဂါ စောင့်ကြည့်လူနာ (၂၁) ဦးအနက် ဓာတ်ခွဲအဖြေအရ ( ၁၂) ဦးတွင် ရောဂါပိုးမတွေ့ရှိ

တစ်နိုင်ငံလုံး ၌ (COVID-19) ရောဂါစောင့် ကြည့် လူနာ (၁၁) ဦးတိုးလာကြောင်း ယ မန်နေ့ ညတွင် ကျန်း မာရေးနှင့် အားကစားဝန် ကြီးဌာနက ထုတ် ပြန် သည် ။ယင်း (၁၁) ဦး သည် မူဆယ် ဆေးရုံ တွင် မူဆယ် မြို့နေ အ သက် (၅၅)နှစ်အ ရွယ် အမျိုးသား တစ် ဦး၊ ဝေဘာဂီ ဆေးရုံ တွင် ပုဇွန်တောင် မြို့နယ်နေ (၆၀ )နှစ် အ ရွယ် အမျိုးသား တစ်ဦး၊ ကန် တော်နဒီဆေးရုံတွင် တံတားဦး မြို့နယ်နေ (၂၂)နှစ်အရွယ် အမျိုး သမီးတစ်ဦး၊ ရန်ကုန်ဆေးရုံတွင် သင်္ဃန်းကျွန်း မြို့နယ် နေ (၁၇)နှစ် အ ရွယ် အမျိုးသမီး တစ်ဦး၊ ကန် တော်နဒီဆေးရုံတွင် အောင်မြေ သာစံမြို့နယ်နေ (၃၆)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ပဲခူးဆေးရုံ တွင် ပဲခူးမြို့နေ (၄၁)နှစ် အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်သည်။

အလားတူ ခရမ်းဆေးရုံတွင် ခရမ်းမြို့နယ်နေ အသက်(၂၀) အရွယ်အမျိုးသားတစ်ဦး၊ မန္တ လေးဆေးရုံတွင် ချမ်းအေးသာစံ မြို့နယ်နေ (၆၅)နှစ်အရွယ် အမျိုး သမီးတစ်ဦး၊ မြောက်ဥက္ကလာပ ဆေးရုံတွင် ယင်းမြို့နယ်နေ (၃၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ ဝေဘာဂီဆေးရုံတွင် မလေးရှား နိုင်ငံနေ (၃၄)နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် ကျိုင်းတုံဆေးရုံ တွင် မိုင်းဖြတ် မြို့နယ်နေ (၃၀)နှစ်အရွယ်အမျိုးသားတစ်ဦးတို့ ဖြစ်သည်။မတ်လ ၁၆ ရက်က စောင့် ကြည့်လူနာ ၁၀ ဦးနှင့် ယခုထပ် တိုးလူနာ ၁၁ ဦးနှင့်ဆိုပါက နှစ်ရက်အတွင်း စုစုပေါင်းစောင့် ကြည့်လူနာ ၂၁ ဦးရှိရာ ဓာတ်ခွဲ အဖြေအရ လူနာ ၁၂ ဦးတွင် COVID-19 ရောဂါပိုးမရှိကြောင်း ထုတ်ပြန်ထား၍ တစ်နိုင်ငံလုံး၌ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းလူနာ ကိုးဦးကျန်ရှိသည်။

မတ်လ (၁၇) ရက် တွင် ဂျာမနီ နိုင်ငံ မှ မြန်မာ နိုင်ငံ ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန် လည်ရောက်ရှိလာသည့် မြန်မာ နိုင်ငံသားနှစ်ဦးနှင့် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် မြန် မာနိုင်ငံသားတစ်ဦး စုစုပေါင်း သုံးဦးတွင် ဖျားခြင်းနှင့် အခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ၊ (COVID -19) ဓာတ် ခွဲ အတည်ပြုလူ နာနှင့် အနီးကပ်ထိတွေ့မှု မရှိခဲ့သော် လည်း ရောဂါဖြစ်ပွားမှုမြင့်မားနေ သော နိုင်ငံများသို့သွားရောက် ခဲ့သည့် ရာဇဝင်ရှိသဖြင့် ၎င်းတို့ကို ဆေးရုံ၌ ၁၄ ရက် အသွားအလာ ကန့်သတ်ကာ စောင့်ကြပ်ကြည့် ရှုနေသည်။

ထို့အပြင် ယ မန်နေ့က တံ တားဦးမြို့ နယ်နေ အသက်(၂၂) အရွယ် အမျိုးသမီးတစ်ဦးသည် မတ်လ ၁၄ ရက်က တောင်ပြုံးတိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသပြီး (၁၇) ရက်တွင် မန္တလေးဆေးရုံမှတစ်ဆင့် ကန်တော်နဒီဆေးရုံသို့ ရောက်ရှိလာရာ မောခြင်း၊ အသက်ရှူကျပ်ခြင်း လက္ခဏာများတွေ့ရှိရ ၍ ဆေးကုသနေ စဉ် သေဆုံးခဲ့သည်။

သေဆုံးရ သည့်အကြောင်း ရင်းသည် လူနာ၏ ရောဂါရာဇဝင် နှင့် သွေးစစ်ချက်အဖြေများအရ သွေးဆိပ်တက်ခြင်း၏ နောက် ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ် နိုင်ကြောင်းနှင့် အဆိုပါလူနာ၏ ဓာတ်ခွဲနမူနာအဖြေရရှိလျှင် အ ချိန်နှင့်တစ်ပြေးညီ ထပ်မံထုတ် ပြန်မည်ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

ထို့ အပြင် သီလဝါစက်ရုံတစ် ရုံတွင် လဲကျခဲ့သည့် အသက်(၃၀) အရွယ် တရုတ်အမျိုးသားစားဖို မှူးကို ရှာမတွေ့သေးကြောင်းနှင့် ၎င်းသည် COVID-19 နှင့် ပတ် သက်မှုမရှိကြောင်း ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့် က ပြောသည်။

‘‘သူ့ကို လောလော ဆယ် ရှာမတွေ့သေးဘူး။ သူ့ရဲ့စကား ပြန်ရှိတယ်။ သူသွားခဲ့တဲ့ ခရီး သွားရာဇဝင် မေးထားတာပေါ့။ ၁၄ ရက်အတွင်း ရောဂါဖြစ်ပွားရာ နိုင်ငံတွေနဲ့၊ ပိုးရှိတဲ့သူနဲ့ ထိတွေ့ ထားတာမျိုးမရှိသေးဘူးလို့ သူ့ စကားပြန်ဆီကသိရတယ်’’ ဟု ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦး နိုင်ငံလင်းက ပြော သည်။ယမန်နေ့က ယင်းအမျိုးသား ကိုတွေ့ရှိပြီဟု လူမှုကွန်ရက်စာ မျက်နှာတွင် သတင်းထွက်ပေါ်သဖြင့် ထိုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။

crd:7day news