“COVID-19 မဖြစ်သေးတဲ့ နိုင်ငံတွေ အားလုံး အသင့်ပြင်ထားကြဖို့” ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အကြီးအကဲ သတိပေး

ကမ္ဘာတဝှမ်း လုံးကို အလျင်အမြန် ပြန့်နှံ့နေတဲ့ COVID-19 VIRUS ကပ်ရောဂါကြီးရဲ့ အန္တရာယ်ကို ကမ္ဘာ့ နိုင်ငံတော်တော်များများက ထိပ်တိုက်ရင် ဆိုင်နေကြရပြီဖြစ်သလို ဒီရောဂါပိုး ကိုယ့်နိုင်ငံထဲ ရောက်မလာသေးတဲ့နိုင်ငံတွေအနေနဲ့လည်း တကယ်လို့ရောက်လာတဲ့အခါ တိုက်ဖျက်နိုင်အောင် ကြိုတင် ပြင်ဆင်မှုတွေ များစွာလုပ်ဆောင်ထားကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အကြီးအကဲ Ghebreyesus က သတိပေး ပြောကြားလိုက် ပါတယ်။

“ခင်ဗျားတို့ ရဲ့လူမှု အသိုင်းဝိုင်းထဲကို ကိုရိုနာဗိုင်းရဗ်စ် ရောက်မလာနိုင်ဘူးလို့ မယူဆကြပါနဲ့၊ ဗိုင်းရဗ်စ် ရောက်လာတော့မယ်ဆိုတဲ့အတွေးနဲ့ ကြိုတင် အားလုံး ပြင်ဆင်ထားကြပါ။ ဒီဗိုင်းရပ်စ်ပိုးရဲ့ အန္တရာယ်နဲ့ ရင်မဆိုင်ရနိုင်ဘူးလို့ မတွက်ဆကြပါနဲ့၊ ကိုယ်လဲ ကြုံတွေ့ရမှာဘဲဆိုတဲ့ အယူအဆနဲ့ ကြိုတင် ပြင်ဆင်ထားကြပါ ” လို့ သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ဒီဗိုင်းရဗ်စ်ကူးစက်မူနှုန်းနဲ့သေးဆုံးသူအရေအတွက်လျော့ကျလာပေမယ့် တရုတ်နိုင်ငံပြင်ပမှာတော့ အခြေအနေတွေ ဆိုးသထက်ဆိုးလာနေပြီး အထူးသဖြင့် ဥရောပတိုက်ဟာ တရုတ်နိုင်ငံပြင်ပမှာ အဆိုးရွားဆုံး ကူးစက်ခံရတဲ့နေရာဖြစ်လို့နေပါပြီ ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုကို တွန်းလှန်နိုင်ဖို့အတွက် ရုန်းကန်နေရာမှာ အကူအညီဖြစ်အောင် အီတလီနိုင်ငံဟာ ဆေးကျောင်းသားတွေကို နောက်ဆုံး စာမေးပွဲတွေ မဖြေခိုင်းတော့ဘဲ လုပ်ငန်းခွင်ထဲ တက်သုတ်ရိုက် သွင်းတော့မည် ဖြစ်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ်ဗဟိုချက်ဖြစ်နေတဲ့ မြောက်ပိုင်းက ဆေးရုံတွေမှာ လူနာနဲ့ ဝန်ထမ်းအား မမျှဖြစ်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ တစ်နိုင်ငံလုံးအနှံ့ ကူးစက်ပျံ့နှံ့နေတာကြောင့် ကျန်ဒေသနယ်မြေတွေအနေနဲ့လည်း ၎င်းတို့ရဲ့ ကျန်းမာရေးစနစ်တွေ ခိုင်မာအားကောင်းအောင် လုံးပမ်းလျက် ရှိနေပါတယ်။

“ဆေးရုံမှာ ပစ္စည်းတွေက ပြတ်လပ်နေပြီ။ အထူးကြပ်မတ်ကုသကုတင်တွေနဲ့ အသက်ရှုကိရိယာတွေအားလုံးဟာလည်း အသုံးပြုပြီးသားတွေ ဖြစ်နေပြီ။”ဟု League ပါတီအကြီးအကဲ မတ်တီယိုဆယ်ဗီနီက ပြောပါတယ်။

မီလန်ပြည်နယ်မှာလည်း ၂၄ နာရီအတွင်းမှာ ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားသူ ၃၄၃ ဦးရှိခဲ့ပြီး ၂၃၂၆ ဦးအထိ မြင့်မားရောက်ရှိခဲ့တာကြောင့် အန္တရာယ်အကြီးဆုံး အခြေအနေမှာ ရှိနေပါတယ်။အစိုးရက အခုနှစ် နောက်ဆုံးနှစ် ဆေးကျောင်းသားတွေကို မဖြစ်မနေ ဖြေရမယ့် စာမေးပွဲတွေ မတိုင်မီ ရှစ်လ၊ ကိုးလအလိုမှာပဲ အလုပ်ခွင် သွင်းဖို့ ခွင့်ပြုတော့မှာ ဖြစ်တယ်လို့ တက္ကသိုလ်များဆိုင်ရာ ဝန်ကြီး ဂတ်တာနိုမန်ဖရက်ဒီက ပြောပါတယ်။

“ဒီအတွက် ဆရာဝန်တွေ တစ်သောင်းနီးပါးကို လုပ်ငန်းခွင် သွင်းနိုင်တော့မှာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ လိုအပ်နေတဲ့ ကွက်လပ်တစ်ခုကို ကိုင်တွယ်ဖြေရှင်းနိုင်မှာပါ။”လို့ ၎င်းက ပြောခဲ့ပါတယ်။

 

Add a Comment

Your email address will not be published. Required fields are marked *