ရွမ္းေျမာက္ မူဆယ္မွာ တရားမဝင္ေရာက္ေနတဲ့ တ႐ုတ္ (၇) ဦးကို ေလာင္ခ်ာေသနတ္ အပါ၀င္လက္နက္ခဲယမ္းမ်ားႏွင့္ အတူဖမ္းမိ

ရွမ္းျပည္နယ္ ေျမာက္ပိုင္း မူဆယ္ၿမိဳ႕နယ္တြင္ တရားမဝင္ေနထိုင္ေနသည့္ တ႐ုတ္နိုင္ငံသား ၇ ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။မူဆယ္ၿမိဳ႕ စြမ္းေစာ္ရပ္ကြက္ မန္ဝိန္းနယ္ေျမရွိ ေနအိမ္တစ္လုံးတြင္ ခိုက္ရန္ျဖစ္ပြားေနေၾကာင္း သတင္းရရွိသျဖင့္ တာဝန္ရွိသူမ်ားက သြားေရာက္ စစ္ေဆးစဥ္ အဆိုပါ တ႐ုတ္နိုင္ငံသားမ်ားကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ထားသည္။

၎ တ႐ုတ္နိုင္ငံသားမ်ားမွာ စုစုေပါင္း ၇ ဦးရွိၿပီး တရားမဝင္ေနထိုင္ေနသူမ်ားျဖစ္ေၾကာင္း၊ ၎တို႔ႏွင့္အတူ SIGSAUER အမ်ိဳးအစား ပစၥတို ေသနတ္တစ္လက္၊ ၎က်ည္အိမ္တစ္ခု၊ ၉ မမ က်ည္၁၆ ေတာင့္၊ M-22 ေမာင္းျပန္ရိုင္ဖယ္ (၄၀ မမ ဗုံးပစ္ေလာင္ခ်ာတြဲလ်က္) ေသနတ္ တစ္လက္၊ ၎က်ည္ ၄၅ ေတာင့္၊ က်ည္ အိမ္ႏွစ္ခု၊ CTG တံဆိပ္ပါ ၄၀ မမ ဗုံးသီး ၁၀ လုံးတို႔ကိုပါ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။၎ တ႐ုတ္ ၇ ဦးႏွင့္အတူ လက္နက္ခဲယမ္းမ်ားကို မူဆယ္ၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းထားေၾကာင္း ဆိုသည္။

Source:News Ambassador
Photo: တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး

Unicode

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်တွင် တရားမဝင်နေထိုင်နေသည့် တရုတ်နိုင်ငံသား ၇ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။မူဆယ်မြို့ စွမ်းစော်ရပ်ကွက် မန်ဝိန်းနယ်မြေရှိ နေအိမ်တစ်လုံးတွင် ခိုက်ရန်ဖြစ်ပွားနေကြောင်း သတင်းရရှိသဖြင့် တာဝန်ရှိသူများက သွားရောက် စစ်ဆေးစဉ် အဆိုပါ တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

၎င်း တရုတ်နိုင်ငံသားများမှာ စုစုပေါင်း ၇ ဦးရှိပြီး တရားမဝင်နေထိုင်နေသူများဖြစ်ကြောင်း၊ ၎င်းတို့နှင့်အတူ SIGSAUER အမျိုးအစား ပစ္စတို သေနတ်တစ်လက်၊ ၎င်းကျည်အိမ်တစ်ခု၊ ၉ မမ ကျည်၁၆ တောင့်၊ M-22 မောင်းပြန်ရိုင်ဖယ် (၄၀ မမ ဗုံးပစ်လောင်ချာတွဲလျက်) သေနတ် တစ်လက်၊ ၎င်းကျည် ၄၅ တောင့်၊ ကျည် အိမ်နှစ်ခု၊ CTG တံဆိပ်ပါ ၄၀ မမ ဗုံးသီး ၁၀ လုံးတို့ကိုပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။၎င်း တရုတ် ၇ ဦးနှင့်အတူ လက်နက်ခဲယမ်းများကို မူဆယ်မြို့မရဲစခန်းသို့ လွှဲပြောင်းထားကြောင်း ဆိုသည်။

Source:News Ambassador

Add a Comment

Your email address will not be published. Required fields are marked *