Covid 19ဗိုင်းရပ်စ်သည် နှစ် (၁၀ဝ) လျှင်တစ်ကြိမ်သာဖြစ်သည့် အန္တရာယ်ကြီးသည့် ကပ်ဘေးတစ်ခုဟု သြစတြေးလျဝန်ကြီးချုပ် စကော့ဂျွန်မော်ရစ်ဆင်ပြော

လက်ရှိ ကမ္ဘာပေါ်တွင် ကူးစက်ဖြစ် ပွားနေသော ကိုရိုနာဗိုင်းရပ်စ် သည် နှစ်ပေါင်း (၁၀ဝ) တွင်တစ်ကြိမ် သာဖြစ် သည့် ကပ်ရောဂါ ဘေး အန္တရာယ် ဆိုး ကြီးဖြစ် သည် ဟု သြစတြေးလျ နိုင်ငံဝန်ကြီးချုပ် စကော့ဂျွန်မော်ရစ်ဆင်က ထုတ်ဖော် သတိပေး လိုက်ကြောင်း (CNN) သတင်းဌာနက ရေးသား ဖော်ပြ သည်။

“ဒါဟာ နှစ်ပေါင်း (၁၀ဝ) မှာမှ တစ် ကြိမ်ဖြစ်တဲ့ အန္တရာယ်ကြီးတစ်ရပ် ပဲ ဖြစ်ပါတယ်၊ ဒုတိယကမ္ဘာစစ် ကြီး ပြီးကတည်း က ကျွန်တော်တို့ သြစတြေးလျ မှာ ယခု လို အကျပ်အတည်းမျိုး ကြီး တစ်ခါမှမတွေ့ဖူးပါ ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ တွေ ဒီစိန်ခေါ်မှု ကြီးကို အတူတကွရင် ဆိုင်ဖို့ အသင့်ပါပဲ”ဟု စကော့ဂျွန်မော်ရစ်ဆင် က ပြောကြားသည်။သြစတြေးလျနိုင်ငံ တွင်း ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားခြင်းကြောင့် Panic Buying ဟုခေါ်သည့် စားသောက်ကုန်ပစ္စည်း အလုအယက်ဝယ်ယူနေမှုကိုလည်း ဝန်ကြီးချုပ်က ပြစ်တင်ပြောဆိုသည်။

“တော်ကြ ပါတော့ဗျာ။ အဓိပ္ပာယ်မရှိဘူး၊ ဒီလိုလုပ်လို့ ဘာမှထူးလာမှာ မဟုတ်ဘူးလို့ပဲ ကျွန်တော်ပြောမယ်။ သြစတြေးလျလူတွေရဲ့ တုံ့ပြန်မှုဟာ အင်မတန် စိတ်ပျက်စရာကောင်းလွန်းနေတယ်။ ကျွန်တော်တို့ လူသားဆိုတာ ဒါမျိုးမဟုတ်ဘူးဗျာ”ဟု ရှော့ပင်းစင်တာများတွင် ဈေးအလုအယက် ဝယ်နေမှုများနှင့်ပ တ်သက် ၍ ၎င်းကပြောကြား သည်။သြစတြေးလျသိပ္ပံပညာရှင်များကမူ ယခုကိုရိုနာဗိုင်းရပ် ကူးစက်ဖြစ်ပွားနေမှုသည် လူသားတို့၏ ဇီဝလုံခြုံရေးဆိုင်ရာ အရေးပေါ်ကိစ္စကြီးတစ်ခုဖြစ်သည်ဟု ပြောကြားသည်။

လက်ရှိအနေအထားတွင် ကမ္ဘာတစ်ဝန်း၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ ပေါင်း ၂၀ဝ,ဝ၀ဝ ဦးရှိပြီး သေဆုံးသူပေါင်း ၇၅၀ဝ ကျော်ရှိသည်။သို့သော် ဂျွန်ဟော့ကင်းတက္ကသိုလ်မှထုတ်ပြန်သော ကိန်းဂဏန်းများအရ ကူးစက်ခံခဲ့ရသူ ၈၀,ဝ၀ဝ နီးပါးခန့်မှာ ရောဂါပျောက် ကင်းသွားသည်။ အမေရိကန်ပြည်ထောင် စုတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုနှင့် ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ မြင့်တက်လျက်ရှိစဉ် ကျန်းမာရေး အာဏာပိုင် များက အမေရိကန်ပြည်သူများအနေနှင့် လုံခြုံစိတ်ချမှုရှိသည့်နေရာတွင် အချိန်ကာလအတန်ကြာ နေထိုင်တတ်ရေးအတွက် ပြင်ဆင်ထေားသင့်သည်ဟု သတိပေး တိုက်တွန်းထားကြသည်။

လက်ရှိ အနေ အထားတွင် နယူးယောက်မြို့နှင့် လော့စ်အင်ဂျလိစ်ဒ်အပါအဝင် မြို့အတော်များများတွင် စာသင်ကျောင်းများ၊ စားသောက်ဆိုင်များ၊ ဘားများ၊ ရုပ်ရှင်ရုံများကို ပိတ်ပစ်ရန်ညွှန် ကြားချက်ထုတ်ပြန်ထားပြီဖြစ်သည်။နောက်ဆုံးရရှိသော သတင်းများအရ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်များ အား လုံးတွင် ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုများ ဖြစ်ပေါ်နေကြောင်းသိရသည်။အိန္ဒိယတွင် လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားလာမည်ကိုစိုးရိမ်သောကြောင့် အိန္ဒိယနိုင်ငံမှ ကမ္ဘာကျော် အဆောက်အအုံတစ်ခုဖြစ်သော တပ်ခ်ျမဟာ(Taj Mahal)ကို ပိတ်ထားတော့မည် ဖြစ်သည်ဟု အိန္ဒိယအစိုးရအရာရှိကြီးများက ကြေညာခဲ့သည်။

crd:The voice

Add a Comment

Your email address will not be published. Required fields are marked *