ကိုရိုနာ COVID-19 ဗိုင္းရပ္ေၾကာင့္ စပိန္ ေတာ္ဝင္မင္းသမီး ေသဆုံး

စပိန္ ေတာ္ဝင္မင္းသမီး မာရီယာ ထေရဇာဟာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရလို႔ ေသဆုံးတဲ့ ပထမဆုံး ေတာ္ဝင္သူ ျဖစ္လာပါတယ္။အသက္ ၈၆ ႏွစ္အရြယ္ မင္းသမီးဟာ ျပင္သစ္ၿမိဳ႕ေတာ္ပါရီမွာ မတ္လ ၂၆ ရက္က ေသဆုံးခဲ့တယ္လို႔ သူ႔ရဲ့ အကို မင္းသား ဆစ္ခ္တို အန္ဒေရ ေဒ ေဘာ္ဘြန္က ေဖ့စ္ဘြတ္ လူမႈကြန္ရက္ေပၚကေန အတည္ျပဳ ေျပာဆိုပါတယ္။

သူ႔ရဲ့ ဈာပနကို ေသာၾကာေန႔က စပိန္ၿမိဳ႕ေတာ္ မဒရစ္မွာ က်င္းပခဲ့တယ္လို႔ မတ္ ၂၉ ရက္ေန႔ အိႏၵိယ တူေဒးသတင္းမွာ ေဖာ္ျပထားပါတယ္။

ဒီေန႔ မြန္းတည့္အခ်ိန္ထိ စပိန္နိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၇၃၂၃၅ ဦး၊ ေသဆုံးသူ ၅၉၈၂ ဦးနဲ႔ ေရာဂါသက္သာေပ်ာက္ကင္းသူ ၁၂၂၈၅ ဦးရွိတယ္လို႔ သိရပါတယ္။

ref:DVB

စပိန် တော်ဝင်မင်းသမီး မာရီယာ ထရေဇာဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရလို့ သေဆုံးတဲ့ ပထမဆုံး တော်ဝင်သူ ဖြစ်လာပါတယ်။အသက် ၈၆ နှစ်အရွယ် မင်းသမီးဟာ ပြင်သစ်မြို့တော်ပါရီမှာ မတ်လ ၂၆ ရက်က သေဆုံးခဲ့တယ်လို့ သူ့ရဲ့ အကို မင်းသား ဆစ်ခ်တို အန်ဒရေ ဒေ ဘော်ဘွန်က ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်ကနေ အတည်ပြု ပြောဆိုပါတယ်။

သူ့ရဲ့ ဈာပနကို သောကြာနေ့က စပိန်မြို့တော် မဒရစ်မှာ ကျင်းပခဲ့တယ်လို့ မတ် ၂၉ ရက်နေ့ အိန္ဒိယ တူဒေးသတင်းမှာ ဖော်ပြထားပါတယ်။

ဒီနေ့ မွန်းတည့်အချိန်ထိ စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၃၂၃၅ ဦး၊ သေဆုံးသူ ၅၉၈၂ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၂၂၈၅ ဦးရှိတယ်လို့ သိရပါတယ်။

ref:DVB