ကုလသမဂၢက ျမန္မာကို ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးေရးပစၥည္း (Test Kit) အခုေရ (၅၀၀၀၀) ေပးအပ္မည္

ကိုရိုနာဗိုင္းရပ္စ္ေရာဂါ COVID-19 စစ္ေဆးတဲ့ပစၥည္း (Test Kit) အခုေရ ၅၀၀၀၀ ျမန္မာနိုင္ငံကို ထပ္ပို႔ေပးမယ္လို႔ ကုလသမဂၢက ထုတ္ျပန္ပါတယ္။အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) အတြက္ပို႔ေပးမွာျဖစ္ၿပီး အခု ဝယ္ယူစုေဆာင္းေနတယ္လို႔ ျမန္မာနိုင္ငံဆိုင္ရာ ကုလသမဂၢ႐ုံးက ဆိုပါတယ္။

အရင္ကလည္း ကမၻာ့က်န္းမာေရးအဖြဲ႕နဲ႔ မိတ္ဖက္အဖြဲ႕အစည္းေတြက ကိုရိုနာဗိုင္းရပ္စ္ စစ္ေဆးတဲ့ပစၥည္းအခု အေရအတြက္ ၃၀၀၀ ျမန္မာနိုင္ငံအတြက္ ေထာက္ပံ့ထားပါတယ္။ကုလသမဂၢ ဌာေနကိုယ္စားလွယ္ Ola Almgren က “ကုလသမဂၢအေနနဲ႔ Test Kit ေတြ ထပ္ၿပီးဝယ္ယူေပးဖို႔နဲ႔ ေရာဂါစစ္ေဆးေရးအတြက္ လိုအပ္တဲ့ အစီအစဥ္ေရးဆြဲတာ၊ စမ္းသပ္စစ္ေဆးတာနဲ႔ စစ္ေဆးတာေတြကို စိစစ္တာေတြနဲ႔ ပတ္သက္လို႔ အကူအညီေပးဖို႔ အဆင္သင့္ရွိပါတယ္” လို႔ ေျပာပါတယ္။

ကုလသမဂၢအေနနဲ႔ တကိုယ္ေရသုံးကာကြယ္ေရးဝတ္စုံ (PPE) ေတြနဲ႔ အထူးတီထြင္ထားတဲ့ ေဆးပစၥည္း ကိရိယာေတြ ဝယ္ယူေပးတာ၊ က်န္းမာေရးအေဆာက္အအုံေတြ အင္အားတိုးခ်ဲ႕ေပးတာ၊ စတဲ့ ေရာဂါပ်ံ႕ႏွံ့တာ ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးတို႔အတြက္ ဗဟိုအဆင့္ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနနဲ႔တကြ အစိုးရအရာရွိေတြနဲ႔ ညႇိႏွိုင္းလုပ္ေဆာင္ေပးေနတယ္လို႔ သိရပါတယ္။

ref:DVB

Unicode

ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 စစ်ဆေးတဲ့ပစ္စည်း (Test Kit) အခုရေ ၅၀၀၀၀ မြန်မာနိုင်ငံကို ထပ်ပို့ပေးမယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) အတွက်ပို့ပေးမှာဖြစ်ပြီး အခု ဝယ်ယူစုဆောင်းနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက ဆိုပါတယ်။

အရင်ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ပစ္စည်းအခု အရေအတွက် ၃၀၀၀ မြန်မာနိုင်ငံအတွက် ထောက်ပံ့ထားပါတယ်။ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ် Ola Almgren က “ကုလသမဂ္ဂအနေနဲ့ Test Kit တွေ ထပ်ပြီးဝယ်ယူပေးဖို့နဲ့ ရောဂါစစ်ဆေးရေးအတွက် လိုအပ်တဲ့ အစီအစဉ်ရေးဆွဲတာ၊ စမ်းသပ်စစ်ဆေးတာနဲ့ စစ်ဆေးတာတွေကို စိစစ်တာတွေနဲ့ ပတ်သက်လို့ အကူအညီပေးဖို့ အဆင်သင့်ရှိပါတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂအနေနဲ့ တကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ (PPE) တွေနဲ့ အထူးတီထွင်ထားတဲ့ ဆေးပစ္စည်း ကိရိယာတွေ ဝယ်ယူပေးတာ၊ ကျန်းမာရေးအဆောက်အအုံတွေ အင်အားတိုးချဲ့ပေးတာ၊ စတဲ့ ရောဂါပျံ့နှံ့တာ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးတို့အတွက် ဗဟိုအဆင့် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနနဲ့တကွ အစိုးရအရာရှိတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

ref:DVB