COVID-19 ကူးစက္ခံရေသာ (လူနာအမွတ္ ၅) ကင္ဆာေဝဒနာရွင္ အမ်ိဳးသားေသဆုံး

ျမန္မာနိုင္ငံတြင္ ကိုရိုနာဗိုင္းရပ္စ္ (COVID-19)ငါးေယာက္ေျမာက္ကူးစက္ခံရသည့္ အသက္ ၆၉ ႏွစ္အရြယ္ ႏွာေခါင္းကင္ဆာ ခံစားေနရသည့္ မဂၤလာေတာင္ညႊန႔္ၿမိဳ႕နယ္မွ အမ်ိဳးသားတစ္ဦးမွာ မတ္လ ၃၁ ရက္ေန႔ နံနက္တြင္ ေသဆုံးခဲ့ေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ညႊန္ၾကားေရးမႉးေဒါက္တာခင္ခင္ႀကီးက အတည္ျပဳေျပာၾကားသည္။အဆိုပါ အမ်ိဳးသားသည္ႏွာေခါင္းကင္ဆာကို ဩစေၾတးလ်နိုင္ငံတြင္ ၁ လ ခန႔္ ေဆးကုသမႈခံယူၿပီး ျမန္မာနိုင္ငံသို႔အျပန္ စကၤာပူနိုင္ငံ၌ ၄ ရက္ခန႔္ေနထိုင္ခဲ့ၿပီးေနာက္ မတ္လ ၁၄ ရက္ေန႔တြင္ ျမန္မာနိုင္ငံသို႔ျပန္လည္ေရာက္ရွိခဲ့ၿပီး မတ္လ ၁၈ ရက္ေန႔မွ စတင္ကာ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္းမ်ား ခံစားခဲ့သျဖင့္ မတ္လ ၂၅ ရက္ေန႔မွစတင္၍ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ သီးျခားၾကပ္မတ္ခန္းတြင္ ကုသမႈေပးခဲ့ရသူျဖစ္သည္။

အဆိုပါအမ်ိဳးသား၏ ဓါတ္ခြဲနမူနာမ်ားကို ေပးပို႔စစ္ေဆးခဲ့ရာ မတ္လ ၂၆ ရက္ေန႔တြင္ ဓါတ္ခြဲအေျဖအရ ေရာဂါပိုးေတြ႕ရွိခဲ့ေၾကာင္း ေၾကညာခဲ့ၿပီး ယင္းႏွင့္အနီးကပ္ထိေတြ႕ခဲ့သူ မိသားစုဝင္တစ္ဦးမွာလည္း ေရာဂါပိုးကူးစက္ခံထားရေၾကာင္း ေၾကညာခဲ့သည္။

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူ ၎တို႔ႏွစ္ဦး၏ မိသားစုဝင္မ်ားကို ေနအိမ္အသြားအလာကန႔္သတ္မႈမ်ားျပဳလုပ္ထားၿပီး ရပ္ကြက္ေနျပည္သူလူထု၏ေတာင္းဆိုမႈေၾကာင့္ မတ္လ ၃ဝ ရက္ေန႔တြင္ က်န္းမာေရးစစ္ေဆးမႈမ်ားျပဳလုပ္ထားေၾကာင္း ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕ဝင္မ်ားကေျပာသည္။

Unicode

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (COVID-19)ငါးယောက်မြောက်ကူးစက်ခံရသည့် အသက် ၆၉ နှစ်အရွယ် နှာခေါင်းကင်ဆာ ခံစားနေရသည့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အမျိုးသားတစ်ဦးမှာ မတ်လ ၃၁ ရက်နေ့ နံနက်တွင် သေဆုံးခဲ့ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးဒေါက်တာခင်ခင်ကြီးက အတည်ပြုပြောကြားသည်။အဆိုပါ အမျိုးသားသည်နှာခေါင်းကင်ဆာကို ဩစတြေးလျနိုင်ငံတွင် ၁ လ ခန့် ဆေးကုသမှုခံယူပြီး မြန်မာနိုင်ငံသို့အပြန် စင်္ကာပူနိုင်ငံ၌ ၄ ရက်ခန့်နေထိုင်ခဲ့ပြီးနောက် မတ်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိခဲ့ပြီး မတ်လ ၁၈ ရက်နေ့မှ စတင်ကာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းများ ခံစားခဲ့သဖြင့် မတ်လ ၂၅ ရက်နေ့မှစတင်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် သီးခြားကြပ်မတ်ခန်းတွင် ကုသမှုပေးခဲ့ရသူဖြစ်သည်။

အဆိုပါအမျိုးသား၏ ဓါတ်ခွဲနမူနာများကို ပေးပို့စစ်ဆေးခဲ့ရာ မတ်လ ၂၆ ရက်နေ့တွင် ဓါတ်ခွဲအဖြေအရ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ပြီး ယင်းနှင့်အနီးကပ်ထိတွေ့ခဲ့သူ မိသားစုဝင်တစ်ဦးမှာလည်း ရောဂါပိုးကူးစက်ခံထားရကြောင်း ကြေညာခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၎င်းတို့နှစ်ဦး၏ မိသားစုဝင်များကို နေအိမ်အသွားအလာကန့်သတ်မှုများပြုလုပ်ထားပြီး ရပ်ကွက်နေပြည်သူလူထု၏တောင်းဆိုမှုကြောင့် မတ်လ ၃ဝ ရက်နေ့တွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ထားကြောင်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များကပြောသည်။