ပြည်ခိုင်ဖြိုးပါတီ အနေဖြင့် COVID-19 ကူညီရေးတွင် “ပါတီတံဆိပ် သုံးခြင်းမှာ စည်းလုံးမှုကို ပြလိုခြင်းကြောင့်” ဟုပြော
ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယင်းရောဂါကြောင့် ထိတ်လန့်နေသော ပြည်သူများ၏ လိုအပ်ချက်များကို ကူညီရာတွင် ပါတီ၏ တံဆိပ်များကို သာမန်အမှတ်သင်္ကေတ တစ်ခုအနေဖြင့် သာ အသုံးပြုထားခြင်းဖြစ်ပြီး မဲဆွယ်လိုသည့် စိတ်အလျင်းမရှိကြောင်း၊ နိုင်ငံတော်၏ မည်သည့်အခြေအနေတွင် ဖြစ်စေ ပါတီ၏ ကူညီလှုပ်ရှားမှုများတွင် ပါတီတံဆိပ်ကို အမှတ်အသားတစ်ခုအနေဖြင့် အသုံးပြုခြင်းကို ပြည်သူများ နားလည်ပေးမည်ဟု မျှော်လင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့် ပုဂ္ဂိုလ် ဒေါက်တာနန္နာလှမြင့် ကပြောကြားသည်။
လက်ရှိအချိန်တွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် Covid 19 ကူညီရေးတွင် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ဆေးဆပ်ပြာများအခမဲ့ ဖြန့်ဝေခြင်း၊ ရောဂါစောင့်ကြည့် ချခံထားရသည့် ပြည်သူများထံသို့ ရိက္ခာထောက်ပံ့ခြင်း၊ အခမဲ့ဈေးဝယ်ပေးခြင်း ဝန်ဆောင်မှုကို ပြည်သူများအတွက်ဆောင်ရွက်ပေးခြင်းတို့ကို တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်ပေးနေကြောင်း ပါတီ၏ သတင်းထုတ်ပြန်ချက်များအရသိရ သည်။ထို့အပြင် အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံသို့လည်း Covid 19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များအတွက် ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ် သိန်းငါးရာကို ၃၀.၃.၂၀၂၀ ရက်နေ့က ပေးအပ်လှုဒါန်းခဲ့ကြောင်း ဦးပိုက်ထွေးကပြောသည်။
ref:TheFifthWave
Unicode
လတ်တလော ဖြစ်ပေါ်နေသော Covid 19 ကူးစက်ရောဂါ ကူညီရေး လုပ်ငန်းများတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီတံဆိပ်အသုံးပြုရခြင်းမှာ မဲဆွယ်လိုခြင်းကြောင့်မဟုတ်ပဲ ပါတီ၏ စည်းလုံးညီညွတ်ကြောင်း ပြယုဂ်ကို ထင်ရှားစေလိုခြင်းကြောင့် ဖြစ်ကြောင်း ယင်းပါတီ၏ ဗဟိုအတွင်းရေးမှုုး ဦးပိုက်ထွေးကပြောသည်။Covid 19 ကူညီရေးလုပ်ငန်းများတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီတံဆိပ်များကို အသုံးပြုခဲ့ခြင်းမှာ မဲဆွယ် နေသည်ဟု အခြားသော အတိုက်အခံလော်ဘီများက လူမှုကွန်ရက်များပေါ်တွင် စွပ်စွဲပြောကြားနေကြခြင်းကို ၎င်းက အထက်ပါအတိုင်း တုန့်ပြန်ပြောကြားလိုက်ခြင်းဖြစ်သည်။
ပြည်ခိုင်ဖြိုူးပါတီအနေဖြင့် ယင်းရောဂါကြောင့် ထိတ်လန့်နေသော ပြည်သူများ၏ လိုအပ်ချက်များကို ကူညီရာတွင် ပါတီ၏ တံဆိပ်များကို သာမန်အမှတ်သင်္ကေတ တစ်ခုအနေဖြင့် သာ အသုံးပြုထားခြင်းဖြစ်ပြီး မဲဆွယ်လိုသည့် စိတ်အလျင်းမရှိကြောင်း၊ နိုင်ငံတော်၏ မည်သည့်အခြေအနေတွင် ဖြစ်စေ ပါတီ၏ ကူညီလှုပ်ရှားမှုများတွင် ပါတီတံဆိပ်ကို အမှတ်အသားတစ်ခုအနေဖြင့် အသုံးပြုခြင်းကို ပြည်သူများ နားလည်ပေးမည်ဟု မျှော်လင့်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ပြောရေးဆိုခွင့် ပုဂ္ဂိုလ် ဒေါက်တာနန္နာလှမြင့် ကပြောကြားသည်။
လက်ရှိအချိန်တွင် ပြည်ခိုင်ဖြိုးုပါတီအနေဖြင့် Covid 19 ကူညီရေးတွင် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ လက်ဆေးဆပ်ပြာများအခမဲ့ ဖြန့်ဝေခြင်း၊ ရောဂါစောင့်ကြည့် ချခံထားရသည့် ပြည်သူများထံသို့ ရိက္ခာထောက်ပံ့ခြင်း၊ အခမဲ့စျေးဝယ်ပေးခြင်း ဝန်ဆောင်မှုကို ပြည်သူများအတွက်ဆောင်ရွက်ပေးခြင်းတို့ကို တနိုင်ငံလုံးအတိုင်းအတာဖြင့်ဆောင်ရွက်ပေးနေကြောင်း ပါတီ၏ သတင်းထုတ်ပြန်ချက်များအရသိရ သည်။ထို့အပြင် အစိုးရ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံသို့လည်း Covid 19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များအတွက် ပြည်ခိုင်ဖြိုးပါတီမှ ငွေကျပ် သိန်းငါးရာကို ၃၀.၃.၂၀၂၀ ရက်နေ့က ပေးအပ်လှုုဒါန်းခဲ့ကြောင်း ဦးပိုက်ထွေးကပြောသည်။
ref:TheFifthWave