COVID-19 ဓာတ္ခြဲ အတည္ျပဳလူနာ (၁) ဦး ေသဆုံးမႈႏွင့္ ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း (၃၁-၃-၂၀၂၀) ရက္ေန႔

COVID-19 ဓာတ္ခြဲအတည္ျပဳလူနာ (Case – 05) ေသဆုံးမႈႏွင့္ပတ္သက္၍ ေအာက္ပါအတိုင္း ေဖာ္ျပအပ္ပါသည္

၁။ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ညႊန႔္ၿမိဳ႕နယ္တြင္ ေနထိုင္ေသာ အသက္ (၆၉) ႏွစ္ အရြယ္ အမ်ိဳးသား (၁) ဦးသည္ ၎တြင္ ႏွာေခါင္းကင္ဆာေရာဂါရွိေၾကာင္းကို (၂၀၁၉) ခုႏွစ္၊ ဇန္နဝါရီလတြင္ က်န္းမာေရးစစ္ေဆးသိရွိခဲ့ၿပီး ၎ႏွာေခါင္းကင္ဆာေရာဂါအတြက္ ဓာတ္ေရာင္ ျခည္ကုထုံး (radiation therapy) ကို ဩစေၾတးလ်နိုင္ငံ၌ (၂၀၁၉) ခုႏွစ္၊ ေမလအထိခံယူခဲ့ပါသည္။

၂။ အဆိုပါ အမ်ိဳးသားသည္ (၂၀၂၀) ခုႏွစ္၊ ေဖေဖာ္ဝါရီလတြင္ က်န္းမာေရးျပန္လည္စစ္ေဆးမႈ ခံယူရန္အတြက္ ဩစေၾတးလ်နိုင္ငံသို႔သြားေရာက္ခဲ့ပါသည္။ ယင္းေနာက္ (၂၀၂၀) ခုႏွစ္၊ မတ္လ (၁၀) ရက္ေန႔တြင္ ဩစေၾတးလ်နိုင္ငံမွ စင္ကာပူနိုင္ငံသို႔ ေလေၾကာင္းခရီးျဖင့္သြားေရာက္ခဲ့ၿပီး ထိုမွတစ္ဆင့္ မတ္လ (၁၄) ရက္ေန႔တြင္ ျမန္မာနိုင္ငံသို႔ ေလေၾကာင္းခရီးျဖင့္ ျပန္လည္ေရာက္ရွိခဲ့ ပါသည္။

၃။ ၎သည္ (၁၈-၃-၂၀၂၀) ရက္ေန႔မွစ၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္းႏွင့္ လည္ေခ်ာင္းနာျခင္း ေရာဂါလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ (၂၅-၃-၂၀၂၀) ရက္ေန႔တြင္ တက္ေရာက္ေဆးကုသမႈခံယူခဲ့ရာ ၎အား အထူးၾကပ္မတ္ကုသေဆာင္ (ICU) တြင္ကုသမႈေပးခဲ့ၿပီး ဓါတ္ခြဲနမူနာရယူကာ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၌ (၂၆-၃-၂၀၂၀) ရက္ေန႔တြင္ ဓာတ္ခြဲစစ္ေဆးခဲ့ရာတြင္ COVID-19 ေရာဂါပိုးေတြ႕ရွိသျဖင့္ ဓာတ္ခြဲ အတည္ျပဳလူနာ (Case-05) အျဖစ္ (၂၇-၃-၂၀၂၀)ရက္ေန႔တြင္ သတင္းထုတ္ျပန္ခဲ့ၿပီးျဖစ္ပါသည္။ အဆိုပါလူနာအား (၂၇-၃-၂၀၂၀)ရက္၊ နံနက္တြင္ ေဝဘာဂီအထူးကုေဆး႐ုံႀကီးသို႔ လႊဲေျပာင္း၍ အထူးၾကပ္မတ္ကုသေဆာင္ (ICU) တြင္ ဆက္လက္ ကုသမႈေပးခဲ့ပါသည္။

၄။ အဆိုပါ အသက္ (၆၉) ႏွစ္အရြယ္ အမ်ိဳးသားလူနာအား ေဝဘာဂီအထူးကုေဆး႐ုံႀကီးရွိ ပါေမာကၡသမားေတာ္ႀကီးမ်ား ပါဝင္ေသာ အဖြဲ႕မွ ေဆးကုသမႈလုပ္ငန္းမ်ားေဆာင္ရြက္ခဲ့ေသာ္လည္း လူနာ၏ အေျခအေန မွာ (၃၁-၃-၂၀၂၀) ရက္ေန႔၊ နံနက္ပိုင္းတြင္ ပိုမိုဆိုးရြားလာၿပီး နံနက္ (၇:၂၅) နာရီအခ်ိန္တြင္ ကြယ္လြန္သြားခဲ့ပါသည္။ ေသဆုံးရသည့္ အေၾကာင္းရင္း (Cause of Death) မွာ –

(၁) လတ္တေလာ ျပင္းထန္ အသက္ရႉလမ္းေၾကာင္း ပိုးဝင္၍ ေသြးဆိပ္တက္ျခင္း (Acute Respiratory Distress Syndrome with Septic Shock)
(၂) COVID-19 ေၾကာင့္ ျဖစ္ပြားေသာ ျပင္းထန္အဆုတ္ေရာင္ေရာဂါ (COVID-19 with Severe Community Acquired Pneumonia)
(၃) ႏွာေခါင္းကင္ဆာေရာဂါအား ဓါတ္ေရာင္ျခည္ျဖင့္ ေဆးကုမႈခံယူေနျခင္း (Underlying CA Nose with Radio Therapy)
မ်ားေၾကာင့္ ေသဆုံးခဲ့သည္ဟုသတ္မွတ္ခဲ့ပါသည္။

၅။ ကမၻာ့က်န္းမာေရးအဖြဲ႕၏ (၁၉-၃-၂၀၂၀) ရက္ေန႔ ထုတ္ျပန္ခ်က္အရ COVID-19 ေရာဂါျဖစ္ပြားသူမ်ား၏ (၄၀) ရာခိုင္ႏႈန္းသည္ သာမာန္မျပင္းထန္ေသာ ေရာဂါ လကၡဏာမ်ားကိုလည္းေကာင္း၊ (၄၀) ရာခိုင္ႏႈန္းသည္ အလယ္အလတ္ျပင္းထန္ေသာ ေရာဂါ လကၡဏာမ်ားကိုလည္းေကာင္း၊ (၁၅) ရာခိုင္ႏႈန္းသည္ ျပင္းထန္ေသာ ေရာဂါလကၡဏာမ်ား ကိုလည္းေကာင္း၊ (၅) ရာခိုင္ႏႈန္းသာ အသက္အႏၲရာယ္စိုးရိမ္ရေသာ ေရာဂါလကၡဏာမ်ားကို လည္းေကာင္း ခံစားရပါသည္။

၆။ COVID-19 ျဖစ္ပြားသူ (၁၀၀) ဦးတြင္ (၅) ဦးခန႔္သည္ ေသဆုံးနိုင္ေၾကာင္း လက္ရွိ ကမၻာ့က်န္းမာေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္မ်ားအရ သိရွိရပါသည္။

၇။ COVID-19 သည္ အသက္အရြယ္ႀကီးသူမ်ား၊ ကင္ဆာေရာဂါ၊ ဆီးခ်ိဳေရာဂါ၊ ေသြးတိုး၊ ႏွလုံးေရာဂါ၊ အသည္းေရာဂါ၊ ေက်ာက္ကပ္ေရာဂါစသည့္ နာတာရွည္ေရာဂါအခံရွိသူမ်ား၊ စတီးရြိဳက္ေဆးေရရွည္ေသာက္သုံးေနရသူမ်ားႏွင့္ ခုခံအားက်ဆင္းမႈေရာဂါရွိသူမ်ားတြင္ ေရာဂါျပင္း ထန္ၿပီး အသက္ေသဆုံးသည္အထိ ျဖစ္ပြားနိုင္ပါသည္။
၈။ သို႔ျဖစ္ပါ၍ အဆိုပါ (Case – 05) လူနာသည္ အသက္အရြယ္ႀကီးရင့္ျခင္း၊ ကင္ဆာ ေရာဂါအခံရွိျခင္းႏွင့္ ကင္ဆာေရာဂါအတြက္ ဓာတ္ေရာင္ျခည္ကုသမႈခံယူခဲ့ရသျဖင့္ ခုခံအားက် ဆင္းေနျခင္း အခ်က္မ်ားေၾကာင့္ COVID-19 ပိုမိုျပင္းထန္ၿပီး အသက္ေသဆုံးရျခင္း ျဖစ္ေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။

Ministry of Health and Sports, Myanmar

Unicode

COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case – 05) သေဆုံးမှုနှင့်ပတ်သက်၍ အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်

၁။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် နေထိုင်သော အသက် (၆၉) နှစ် အရွယ် အမျိုးသား (၁) ဦးသည် ၎င်းတွင် နှာခေါင်းကင်ဆာရောဂါရှိကြောင်းကို (၂၀၁၉) ခုနှစ်၊ ဇန်နဝါရီလတွင် ကျန်းမာရေးစစ်ဆေးသိရှိခဲ့ပြီး ၎င်းနှာခေါင်းကင်ဆာရောဂါအတွက် ဓာတ်ရောင် ခြည်ကုထုံး (radiation therapy) ကို ဩစတြေးလျနိုင်ငံ၌ (၂၀၁၉) ခုနှစ်၊ မေလအထိခံယူခဲ့ပါသည်။

၂။ အဆိုပါ အမျိုးသားသည် (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျန်းမာရေးပြန်လည်စစ်ဆေးမှု ခံယူရန်အတွက် ဩစတြေးလျနိုင်ငံသို့သွားရောက်ခဲ့ပါသည်။ ယင်းနောက် (၂၀၂၀) ခုနှစ်၊ မတ်လ (၁၀) ရက်နေ့တွင် ဩစတြေးလျနိုင်ငံမှ စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့်သွားရောက်ခဲ့ပြီး ထိုမှတစ်ဆင့် မတ်လ (၁၄) ရက်နေ့တွင် မြန်မာနိုင်ငံသို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိခဲ့ ပါသည်။

၃။ ၎င်းသည် (၁၈-၃-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၂၅-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ရာ ၎င်းအား အထူးကြပ်မတ်ကုသဆောင် (ICU) တွင်ကုသမှုပေးခဲ့ပြီး ဓါတ်ခွဲနမူနာရယူကာ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၌ (၂၆-၃-၂၀၂၀) ရက်နေ့တွင် ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် COVID-19 ရောဂါပိုးတွေ့ရှိသဖြင့် ဓာတ်ခွဲ အတည်ပြုလူနာ (Case-05) အဖြစ် (၂၇-၃-၂၀၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါလူနာအား (၂၇-၃-၂၀၂၀)ရက်၊ နံနက်တွင် ဝေဘာဂီအထူးကုဆေးရုံကြီးသို့ လွှဲပြောင်း၍ အထူးကြပ်မတ်ကုသဆောင် (ICU) တွင် ဆက်လက် ကုသမှုပေးခဲ့ပါသည်။

၄။ အဆိုပါ အသက် (၆၉) နှစ်အရွယ် အမျိုးသားလူနာအား ဝေဘာဂီအထူးကုဆေးရုံကြီးရှိ ပါမောက္ခသမားတော်ကြီးများ ပါဝင်သော အဖွဲ့မှ ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ခဲ့သော်လည်း လူနာ၏ အခြေအနေ မှာ (၃၁-၃-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် ပိုမိုဆိုးရွားလာပြီး နံနက် (၇:၂၅) နာရီအချိန်တွင် ကွယ်လွန်သွားခဲ့ပါသည်။ သေဆုံးရသည့် အကြောင်းရင်း (Cause of Death) မှာ –

(၁) လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်၍ သွေးဆိပ်တက်ခြင်း (Acute Respiratory Distress Syndrome with Septic Shock)
(၂) COVID-19 ကြောင့် ဖြစ်ပွားသော ပြင်းထန်အဆုတ်ရောင်ရောဂါ (COVID-19 with Severe Community Acquired Pneumonia)
(၃) နှာခေါင်းကင်ဆာရောဂါအား ဓါတ်ရောင်ခြည်ဖြင့် ဆေးကုမှုခံယူနေခြင်း (Underlying CA Nose with Radio Therapy)
များကြောင့် သေဆုံးခဲ့သည်ဟုသတ်မှတ်ခဲ့ပါသည်။

၅။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၁၉-၃-၂၀၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ COVID-19 ရောဂါဖြစ်ပွားသူများ၏ (၄၀) ရာခိုင်နှုန်းသည် သာမာန်မပြင်းထန်သော ရောဂါ လက္ခဏာများကိုလည်းကောင်း၊ (၄၀) ရာခိုင်နှုန်းသည် အလယ်အလတ်ပြင်းထန်သော ရောဂါ လက္ခဏာများကိုလည်းကောင်း၊ (၁၅) ရာခိုင်နှုန်းသည် ပြင်းထန်သော ရောဂါလက္ခဏာများ ကိုလည်းကောင်း၊ (၅) ရာခိုင်နှုန်းသာ အသက်အန္တရာယ်စိုးရိမ်ရသော ရောဂါလက္ခဏာများကို လည်းကောင်း ခံစားရပါသည်။

၆။ COVID-19 ဖြစ်ပွားသူ (၁၀၀) ဦးတွင် (၅) ဦးခန့်သည် သေဆုံးနိုင်ကြောင်း လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

၇။ COVID-19 သည် အသက်အရွယ်ကြီးသူများ၊ ကင်ဆာရောဂါ၊ ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါ၊ အသည်းရောဂါ၊ ကျောက်ကပ်ရောဂါစသည့် နာတာရှည်ရောဂါအခံရှိသူများ၊ စတီးရွိုက်ဆေးရေရှည်သောက်သုံးနေရသူများနှင့် ခုခံအားကျဆင်းမှုရောဂါရှိသူများတွင် ရောဂါပြင်း ထန်ပြီး အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ပါသည်။
၈။ သို့ဖြစ်ပါ၍ အဆိုပါ (Case – 05) လူနာသည် အသက်အရွယ်ကြီးရင့်ခြင်း၊ ကင်ဆာ ရောဂါအခံရှိခြင်းနှင့် ကင်ဆာရောဂါအတွက် ဓာတ်ရောင်ခြည်ကုသမှုခံယူခဲ့ရသဖြင့် ခုခံအားကျ ဆင်းနေခြင်း အချက်များကြောင့် COVID-19 ပိုမိုပြင်းထန်ပြီး အသက်သေဆုံးရခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Ministry of Health and Sports, Myanmar