ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဧပြီလအား အလုပ်ပိတ်ပေးရန် BYMA ကုမ္ပဏီမှ ဆောက်လုပ်ရေး လုပ်သားများ ဆန္ဒပြတောင်းဆို


ရန်ကုန်မြို့ အလံပြဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ BYMA ကုမ္ပဏီ ဆောက်လုပ်ရေး လုပ်ငန်းခွင်အလုပ်သမားများ COVID-19‌ကြောင့် ဧပြီလအား အလုပ်ပိတ်ပေးရန် မတ် ၃၁ရက် နံနက်ပိုင်းတွင် အဆိုပါလုပ်ငန်းခွင်ရှေ့၌ ဆန္ဒပြတောင်းဆိုလျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် ဆန္ဒပြအလုပ်သမားများနှင့် ကုမ္ပဏီတာဝန်ရှိသူများ ဆွေးနွေးညှိနှိုင်းလျက်ရှိကြောင်းသိရသည်။