ဆေးရုံဆေးခန်းသွားရင်မလိမ်ကြပါနဲ့၊ လိမ်ခြင်းဖြင့် လူမသတ်ကြပါနဲ့
မြောက်ဥက္ကလာဆေးရုံက Case 16 က History ကိုလိမ်ပြီး Emergency Department ကိုဖြတ် Medical Unit 2ကိုဖြတ်ပြီးမှ Isolation Ward ကိုရောက်သွားတာတဲ့
History လိမ်တဲ့ လူလိမ်လူနာတွေကို အရေးယူသင့်ပြီ
Historyမလိမ်ကြပါနဲ့
ယနေ့ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) က မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ (၃၁-၃-၂၀၂၀) ရက်နေ့မှာ တက်ရောက် ကုသမှုခံယူခဲ့စဉ်က ဆေးရုံက နိုင်ငံခြား သွားဖူးခြင်း ရှိ၊ မရှိနိုင်ငံခြားပြန်တွေနဲ့ ၁၄ ရက်အတွင်းမှာ ထိတွေ့ခဲ့ဖူးခြင်း ရှိမရှိ စစ်မေးတဲ့အခါမှာ မရှိဘူးလို့လိမ်ခဲ့တဲ့အတွက် သူ့ကို သာမန်ဖျားနာ လူနာတွေထားတဲ့Medical Unit 2 မှာထားခဲ့ပြီး ယနေ့ ဆေးစစ်ချက် အဖြေထွက်တဲ့အခါမှာ Positive အဖြေထွက်လာတဲ့အတွက် Unit 2 မှာ တာဝန်ကျတဲ့ ဆရာဝန်တွေ သူနာပြုတွေ team တစ်ခုလုံး Q ထိသွားကြပါပြီ။
Unicode
သင့်အိမ်မှာ နိုင်ငံခြားကပြန်လာသူရှိတာ ရှက်စရာမဟုတ်ပါ။ လိမ်တာကမှ ရှက်စရာပါ။ သင်သည် လိမ်လည်ပြီး ဆေးခန်း၊ ဆေးရုံကို သာမန်ကိုယ်ပူအနေနဲ့ သွားပြခဲ့ရင်…ပထမဆုံး သင့်အိမ်သားတွေ၊ သင်ကိုယ်တိုင်၊ သင့်ကိုဆေးခန်းလိုက်ပို့တဲ့ တနေ့လုပ်တနေ့စား ဆိုက်ကားဆရာကအစ…ဆေးခန်းမှာ သင်နဲ့အတူထိုင်မိသူတွေ၊ ဆေးခန်းက ဆရာဝန်၊ ဆေးဝန်ထမ်းတွေကို…..
ထိုမှတဆင့် ဆေးရုံ Emergency ward တစ်ခုလုံး၊ သင်ကို စေတနာနဲ့ care လုပ်ခဲ့သူအပေါင်းကို…. သင်ကလိမ်လည်ထွက်ဆိုခြင်းဖြင့်လိုက်သတ်သလို ဖြစ်စေပါတယ်။ ဆင်ခြင်ပေးကြပါ။ ဒီရောဂါသည် ရှက်စရာမဟုတ်ပါ။
ပူးပေါင်းပါဝင်ခြင်းမရှိပဲ တာဝန်မသိခြင်းသည်သာ ရှက်စရာပါ။COVID-19 လို့ထင်ရင် ပွင့်လင်းစွာပြောပြီး အမြန်ကုမှ သင်ရောအားလုံး အသက်ချမ်းသာမှာ ဖြစ်ပါတယ်။သင်ဟာ ရောဂါရှိနိုင်တယ်ထင်ရင် သူများတွေကို ထိတွေ့မှု ဆင်ခြင်ပါ။ ပွင့်လင်းစွာ ဖွင့်ပြောခြင်း တာဝန်သိခြင်းဖြင့် ဂုဏ်ယူပါ။ဘယ်လောက်လိမ်လိမ် Test စစ်ရင် နောက်ဆုံးတွေ့မှာပါ။
ဒီ COVID-19 case မှာ…. လိမ်ခြင်းသည်လူပေါင်းများစွာကိုသတ်သည့်လူသတ်ကောင်ဖြစ်သွားနိုင်သည်။
Richard Myo Thant
1-April-2020