လူမှုကွန်ရက်တွင်ပြန့်နှံ့ နေသည့် တက္ကသိုလ်စာမေးပွဲ ပြန်ဖြေရမည်ဟူသည့် သတင်းများမှာ သတင်းအမှားသာ ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်သင် တန်းရေးရာဌာနမှူး ဦးညိုထွန်းက ပြောကြား

တက္ကသိုလ် စာမေးပွဲများ ကို ဧပြီ (၅) ရက်နှင့် (၆)ရက်တွင် ပြန်ဖြေရမည်ဟူသည့် သတင်း များ လူမှုကွန် ရက်တွင် ပျံ့နှံ့ခဲ့ပြီး ထိုသတင်း သည် သတင်း အမှား ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်သင် တန်းရေးရာဌာနမှူး ဦးညိုထွန်းက ပြောကြား သည်။

နိုင်ငံတော်သမ္မတရုံး၊ အ ဆင့်မြင့်ပညာဦးစီးဌာန၊ ဒဂုံတက္က သိုလ်တို့၏ စည်းတံဆိပ်များဖြင့် ‘‘တက္ကသိုလ်စာမေးပွဲများမှ ကျန် ရှိသော ဘာသာရပ်များကို ၅.၄.၂၀၂၀ နှင့် ၆.၄.၂၀၂၀ ရက် အတွင်း ပြီးပြတ်အောင်ဖြေဆိုရ မည်’’ဟူသည့် စာသားပါကြေညာ ချက်သည် ဧပြီ ၁ ရက်နံနက်က လူမှုကွန်ရက် တွင်ပျံ့နှံ့ ခဲ့သည်။ထိုကြေညာချက်သည် ဒဂုံ တက္ကသိုလ်၏ ကြေညာချက်မ ဟုတ်ဘဲ လက်ရှိအထိစာမေးပွဲပြန် လည်ကျင်းပမည့်ရက်ကို သတ် မှတ်ထားခြင်းမ ရှိကြောင်း ဦးညို ထွန်းကပြောကြားသည်။

‘‘စာမေးပွဲ ပြန်ဖြေရမယ့်ရက် မကြေညာထားပါဘူး။ အဲဒါသ တင်းအတုတွေပါ။ ဒီသတင်းမမှန် ကန်ဘူးဆိုတဲ့အကြောင်း ဒဂုံ တက္ကသိုလ်ရဲ့ Official Page မှာ ကျွန်တော်တို့တင်ထားပါတယ်။ ဒီအချိန်မှာ ဒီလိုသတင်းအမှားဖြန့် တာမျိုးမလုပ်သင့်ဘူး’’ဟု ဦးညို ထွန်းကပြောသည်။COVID-19 နှင့်ပတ်သက်၍ အ များပြည်သူ စိုးရိမ်ပူပန်နေကြ ချိန်တွင် ထင်ယောင်ထင်မှားဖြစ် စေမည့် ကိစ္စရပ်မျိုးကို ဒဂုံတက္က သိုလ်၏စည်းတံဆိပ်ကို အသုံး ပြု၍ မပြုလုပ်ရန်နှင့် ထပ် မံပြုလုပ် ခဲ့လျှင် တည်ဆဲဥပဒေအရ အရေး ယူမည်ဖြစ်ကြောင်း ဒဂုံတက္က သိုလ် ပညာရေးအဖွဲ့က ဧပြီ ၁ ရက် နံနက် ၁၀ နာရီကျော်က သတင်း ထုတ်ပြန် သည်။

ဒဂုံတက္ကသိုလ်မှ တတိယနှစ် ကျောင်း သူ မအိသန္တာက ‘‘(၅) ရက် နေ့ စာမေးပွဲပြန်ဖြေရမယ်ဆိုတဲ့ သတင်းတွေ့တယ်။ တံဆိပ်တုံး လည်းပါတော့ တွေ့တွေ့ချင်း တ ကယ်ထင်သွားတာ။ ပြီးမှကျောင်း က ကြေညာချက်ကိုထပ်တွေ့ တာ။ စာမေးပွဲကိစ္စနဲ့ April Fool လုပ်တာတော့ မကောင်းဘူးထင် ပါတယ်’’ဟု ပြောသည်။

COVID-19 ရောဂါပိုးကူး စက်နိုင်မှု အန္တရာယ်ကြောင့် ကျင်း ပနေဆဲ တက္ကသိုလ်စာမေးပွဲများ ကို မတ်လ ၂၄ ရက်ကစတင် ရပ် ဆိုင်းခဲ့ပြီး တက္ကသိုလ်များကို လည်း ရက်အကန့်အသတ်မရှိ ပိတ်ထားခဲ့သည်။တက္ကသိုလ်စာမေးပွဲများ ပြန်လည်ကျင်းပမည့်ရက်ကို ကျောင်းသား၊ ကျောင်းသူများထံ ကြိုတင်အသိပေးမည်ဟုလည်း တက္ကသိုလ်များက ကြေညာထား သည်။

crd:7day news