ကျောက်တော်မြို့ သရက်အုပ်ကျေးရွာတွင် ရွာသားအယောင်ဆောင်နေသော AA အကြမ်းဖက်သောင်းကျန်းသူ (၁၀)ဦးထပ် မနည်း ဖမ်းဆီးရမိ

ကျောက်တော်မြို့ သရက်အုပ်ကျေးရွာတွင် ရွာသားအယောင်ဆောင်နေသော AA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ (၁၀)ဦးထပ်မနည်း ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရှိရသည်။ဒေသခံပြည်သူများ သတင်းပေးပို့မှုအရ ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့နံနက်ပိုင်းတွင် ကျောက်တော်မြို့ သရက်အုပ်ကျေးရွာအား တပ်မတော်စစ်ကြောင်းများမှ ၀ိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးရာ AA လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူ (၁၀)ဦးထပ်မနည်း ဖမ်းဆီးရမိကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ သတင်းအရ ၀င်စစ်တာလို့ပြောပြီး ၊တစ်အိမ်တက်တစ်အိမ်ဆင်းရှာတယ်၊ တစ်ချို့အိမ်တွေမှာ လက်နက်နဲ့မိတာတွေရှိသလို၊ ခရီးဆောင်အိတ်တွေထဲကနေ AA စစ်ယူနီဖောင်းတွေနဲ့အတူတူမိတာတွေ ရှိတယ်၊ ဖမ်းမိတဲ့သူတွေကိုတော့ ညနေပိုင်းမှာ ကားတွေနဲကတင်ခေါ်သွားတာတွေ့တယ်၊ မိတဲ့သူ တော်တော်များများက ဒီရွာသားတွေမဟုတ်ဘူး၊ မနက်ပိုင်းမှာ အစစ်မခံဘဲထွက်ပြေးလို့ တပ်က ပစ်ခတ်တာတွေ ရှိခဲ့တယ်” ဟု အမည်မဖော်လိုသူ ကျေးရွာသားတစ်ဦးကပြောသည်။

ထိုသို့ အစစ်မခံဘဲထွက်ပြေးလို့ ပစ်ခတ်ရာတွင် ထိခိုက်မိသူများရှိကြောင်း၊ တပ်ကပြန်ရာလမ်းတွင် အိမ်တွေထဲမှပစ်ခတ်သောကြောင့် တပ်ဘက်မှ ပြန်လည်ပစ်ခတ်ရာတွင် ထိခိုက်မှုများ ရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

AA လက်နက်ကိုင်အဖွဲ့များအနေဖြင့် ရခိုင်ပြည်နယ်၊ မြောက်ပိုင်းရှိ ကျးရွာများအတွင်း ရွာသားယောင်ဆောင်ကာ ကျေးရွာများမှနေ၍ တပ်မတော် စစ်ကြောင်းများအား တိုက်ခိုက်နေသောကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ကျေးရွာများတွင်နေထိုင်သော ဒေသခံများမှာ မြို့ပေါ်သို့ ထွက်ပြေးနေရကြောင်း သိရှိရသည်။

Crd:May Yu News