ယေန႔နံနက္ပိုင္းအထိ COVID-19 ကမၻာတစ္ဝွမ္း ကူးစက္ခံရမႈ႔ေပါင္း ၁-သန္းေက်ာ္၊ ေသဆုံးသူ ၅၃,၀၀၀ ေက်ာ္လာခဲ့ၿပီျဖစ္သည္။ အထိနာဆုံးမွာ အေမရိကန္၊ အီတလီ၊စပိန္၊ ျပင္သစ္၊ တ႐ုတ္၊ အီရန္တို႔ျဖစ္

ေတာင္ရွေဒသ ပါကစၥတန္- အိႏၵိယ- ဘဂၤလားဒက္ရွ္ ၃-နိုင္တည္း၌ ကမၻာ့လူဦးေရ ၅-ပုံ ၁-ပုံ ေနထိုင္သည္။ ဘာသာေရးယုံၾကည္ခ်က္ အစြဲအလန္းႀကီးမားၾကပါသည္။ ထို႔ျပင္ အဆိုပါ ၃-နိုင္ငံလုံး၏ လူထုက်န္းမာေရးေစာင့္ေရာက္မႈမွာ မ်ားစြာ မက်ယ္ျပန္႔ပါ။ ဆင္းရဲခ်မ္းသာ ကြာဟခ်က္ ႀကီးမားၿပီး၊ လက္လုပ္လက္စား အလြန္မ်ား၍ ၿမိဳ႕ျပႀကီးမ်ားအေပၚ မွီခို အသက္ေမြးသူ အမ်ားစုႀကီးရွိေနသည္။

Movement Restriction အသြားအလာ ကန္႔သတ္ျခင္း၊ Lock-Down တားဆီးပိတ္ဆို႔ျခင္း၊ Quarantine ေရာဂါ ေျခခ်ဳပ္ခ်ျခင္းတို႔အတြက္ အလြန္ ဦးေႏွာက္ေျခာက္ၾကရသည္။ တစ္ေန႔လုပ္ တစ္ေန႔စားမ်ားအတြက္ ဝင္ေငြရလမ္း ေပ်ာက္ကြယ္ကာ စားစရာအခက္အခဲျဖစ္လာသည္။ ထို႔အျပင္ လူအသြားအလာျပတ္ျခင္းသည္ အႏုၾကမ္းစီးျခင္း၊ လုယက္ျခင္းတို႔ကို လက္ယပ္ဖိတ္ေခၚေနသလို ရွိေလသည္။ ေရာဂါပိုးပ်ံ႕ႏွံ့ျခင္းမွ ကာကြယ္တားဆီးျခင္းႏွင့္ ရပ္ရြာ လူ႔အဖြဲ႕အစည္းတို႔၏ လုံျခဳံေအးခ်မ္းေရး၊ တရားဥပေဒစိုးမိုးေရးမွာ တစ္ထပ္တည္း က်လာသည္။

က်န္းမာေရး ဗဟုသုတနည္းပါးသျဖင့္ Quarantine ျခင္းခံရသူတို႔ကို ေရာဂါသည္ပမာ ခြဲျခားဆက္ဆံသည္။ ေရာဂါသယ္ေဆာင္သူ လက္ခံထားျခင္း သံသယျဖင့္ တစ္ရြာႏွင့္ တစ္ရြာ မယုံသကၤာျဖစ္ကာ ရိုက္ၾက-ႏွက္ၾက ႐ုန္႔ရင္းဆန္ခတ္ ျဖစ္ၾကရသည္။ လူဦးေရအလြန္မ်ားၿပီး လူေနသိပ္သည္းအတြက္ ေရာဂါကူးစက္ခံရလၽွင္ လူအေရအတြက္ မ်ားစြာတို႔အား အခ်ိန္တိုအတြင္းပ်ံ႕ႏွံ့သြားနိုင္သည္။ ေနာက္ဆက္တြဲ အေနျဖင့္ ရက္ပိုင္းအတြင္း လူအမ်ားအျပား ေသဆုံရဖြယ္ရွိေနသည္။

လူဦးေရအလြန္နည္းသည့္ ဒိန္းမတ္- ေနာ္ေဝ-ဆြီဒင္စသည့္နိုင္ငံမ်ား အၾကပ္အတည္းေတြ႕ရပုံမွာ တစ္မ်ိဳးျဖစ္သည္။ လူဦးေရနည္းရသည့္အထဲ ရာခိုင္ႏႈန္းတစ္ခုသာ ေရာဂါေျခခ်ဳပ္ခ်ရလၽွင္ လူ႔အဖြဲ႕အစည္းႀကီးတစ္ခုလုံး၏ ပုံမွန္လုပ္ငန္းမ်ား ရပ္တန္႔သြားဖြယ္ရွိသည္။ WHO သည္ ကမၻာ့နိုင္ငံအားလုံးကို ကူးစက္ေရာဂါကပ္ေဘးဆိုင္ရာ လမ္းညႊန္ခ်က္မ်ား ခ်မွတ္ေပးလၽွက္ရွိသည္။ အေမရိကန္ကဲ့သို႔ ထိပ္တန္းေဆးသိပၸံပညာရွင္မ်ားရွိၿပီး CDC ကဲ့သို႔ ကမၻာအႏွံ့ ေရာဂါထိန္းခ်ဳပ္ေရးစင္တာခြဲမ်ားပိုင္ဆိုင္ေသာ နိုင္ငံသည္ WHO ႏွင့္ သေဘာကြဲလြဲသည္မ်ားလည္းရွိေနေၾကာင္း ေတြ႕ရွိရသည္။ အတည္ျပဳနိုင္သည္မွာ ၃-လေက်ာ္ခန္႔သာ ရွိေသးေသာ ေရာဂါပိုးသစ္၏ သေဘာသဘာဝႏွင့္ ကုသေဆးအေၾကာင္း ေျပာရသည္မွာ ပညာရွင္ခ်င္းပင္ ဒုတ္ထမ္း-ဒါးထမ္း ျဖစ္ရေတာ့သည္။

Covid-19 ကိုဗစ္-နိုင္တင္းသည္ နိုင္ငံတကာက်ေရာက္ေသာ ” ကူးစက္ကပ္ေရာဂါ ” ျဖစ္ပါသည္။ သို႔ေသာ္ နိုင္ငံတစ္နိုင္ငံခ်င္းစီ၏ လူေနမႈပုံစံ၊ က်န္းမာေရးဗဟုသုတရွိမႈ၊ ေျမမ်က္ႏွာသြင္ျပင္ႏွင့္ လက္ရွိရာသီဥတုအေျခအေနကိုလိုက္၍ ခံစားရပုံျခင္း ကြာျခားနိုင္ပါသည္။

တစ္နိုင္ငံလုံး- လူအားလုံး တစ္ေျပးညီ ညႇိပစ္ျခင္းထက္ ရပ္ကြက္- ၿမိဳ႕ – ရြာ – ခရိုင္- ေဒသအလိုက္ မိမိတို႔ႏွင့္ ဆီေလၽွာ္ရာကို လက္ခံက်င့္သုံးျခင္းသည္သာ အက်ိဳးမ်ားပါလိမ့္မည္။ တစ္ဦးတစ္ေယာက္ခ်င္းစီသာမက တစ္အုပ္စု- တစ္ဖြဲ႕ခ်င္းအလိုက္ အသိဉာဏ္ရွိ-ရွိ ဥပေဒႏွင့္လည္းအညီ ေဆာင္ရြက္သင့္သည္။

အစဥ္ေလးစားစြာျဖင့္

HtayOung, OungMarine

Unicode

တောင်ရှဒေသ ပါကစ္စတန်- အိန္ဒိယ- ဘင်္ဂလားဒက်ရှ် ၃-နိုင်တည်း၌ ကမ္ဘာ့လူဦးရေ ၅-ပုံ ၁-ပုံ နေထိုင်သည်။ ဘာသာရေးယုံကြည်ချက် အစွဲအလန်းကြီးမားကြပါသည်။ ထို့ပြင် အဆိုပါ ၃-နိုင်ငံလုံး၏ လူထုကျန်းမာရေးစောင့်ရောက်မှုမှာ များစွာ မကျယ်ပြန့်ပါ။ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားပြီး၊ လက်လုပ်လက်စား အလွန်များ၍ မြို့ပြကြီးများအပေါ် မှီခို အသက်မွေးသူ အများစုကြီးရှိနေသည်။

Movement Restriction အသွားအလာ ကန့်သတ်ခြင်း၊ Lock-Down တားဆီးပိတ်ဆို့ခြင်း၊ Quarantine ရောဂါ ခြေချုပ်ချခြင်းတို့အတွက် အလွန် ဦးနှောက်ခြောက်ကြရသည်။ တစ်နေ့လုပ် တစ်နေ့စားများအတွက် ဝင်ငွေရလမ်း ပျောက်ကွယ်ကာ စားစရာအခက်အခဲဖြစ်လာသည်။ ထို့အပြင် လူအသွားအလာပြတ်ခြင်းသည် အနုကြမ်းစီးခြင်း၊ လုယက်ခြင်းတို့ကို လက်ယပ်ဖိတ်ခေါ်နေသလို ရှိလေသည်။ ရောဂါပိုးပျံ့နှံ့ခြင်းမှ ကာကွယ်တားဆီးခြင်းနှင့် ရပ်ရွာ လူ့အဖွဲ့အစည်းတို့၏ လုံခြုံအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးမှာ တစ်ထပ်တည်း ကျလာသည်။

ကျန်းမာရေး ဗဟုသုတနည်းပါးသဖြင့် Quarantine ခြင်းခံရသူတို့ကို ရောဂါသည်ပမာ ခွဲခြားဆက်ဆံသည်။ ရောဂါသယ်ဆောင်သူ လက်ခံထားခြင်း သံသယဖြင့် တစ်ရွာနှင့် တစ်ရွာ မယုံသင်္ကာဖြစ်ကာ ရိုက်ကြ-နှက်ကြ ရုန့်ရင်းဆန်ခတ် ဖြစ်ကြရသည်။ လူဦးရေအလွန်များပြီး လူနေသိပ်သည်းအတွက် ရောဂါကူးစက်ခံရလျှင် လူအရေအတွက် များစွာတို့အား အချိန်တိုအတွင်းပျံ့နှံ့သွားနိုင်သည်။ နောက်ဆက်တွဲ အနေဖြင့် ရက်ပိုင်းအတွင်း လူအများအပြား သေဆုံရဖွယ်ရှိနေသည်။

လူဦးရေအလွန်နည်းသည့် ဒိန်းမတ်- နော်ဝေ-ဆွီဒင်စသည့်နိုင်ငံများ အကြပ်အတည်းတွေ့ရပုံမှာ တစ်မျိုးဖြစ်သည်။ လူဦးရေနည်းရသည့်အထဲ ရာခိုင်နှုန်းတစ်ခုသာ ရောဂါခြေချုပ်ချရလျှင် လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး၏ ပုံမှန်လုပ်ငန်းများ ရပ်တန့်သွားဖွယ်ရှိသည်။ WHO သည် ကမ္ဘာ့နိုင်ငံအားလုံးကို ကူးစက်ရောဂါကပ်ဘေးဆိုင်ရာ လမ်းညွှန်ချက်များ ချမှတ်ပေးလျှက်ရှိသည်။ အမေရိကန်ကဲ့သို့ ထိပ်တန်းဆေးသိပ္ပံပညာရှင်များရှိပြီး CDC ကဲ့သို့ ကမ္ဘာအနှံ့ ရောဂါထိန်းချုပ်ရေးစင်တာခွဲများပိုင်ဆိုင်သော နိုင်ငံသည် WHO နှင့် သဘောကွဲလွဲသည်များလည်းရှိနေကြောင်း တွေ့ရှိရသည်။ အတည်ပြုနိုင်သည်မှာ ၃-လကျော်ခန့်သာ ရှိသေးသော ရောဂါပိုးသစ်၏ သဘောသဘာဝနှင့် ကုသဆေးအကြောင်း ပြောရသည်မှာ ပညာရှင်ချင်းပင် ဒုတ်ထမ်း-ဒါးထမ်း ဖြစ်ရတော့သည်။

Covid-19 ကိုဗစ်-နိုင်တင်းသည် နိုင်ငံတကာကျရောက်သော ” ကူးစက်ကပ်ရောဂါ ” ဖြစ်ပါသည်။ သို့သော် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လူနေမှုပုံစံ၊ ကျန်းမာရေးဗဟုသုတရှိမှု၊ မြေမျက်နှာသွင်ပြင်နှင့် လက်ရှိရာသီဥတုအခြေအနေကိုလိုက်၍ ခံစားရပုံခြင်း ကွာခြားနိုင်ပါသည်။

တစ်နိုင်ငံလုံး- လူအားလုံး တစ်ပြေးညီ ညှိပစ်ခြင်းထက် ရပ်ကွက်- မြို့ – ရွာ – ခရိုင်- ဒေသအလိုက် မိမိတို့နှင့် ဆီလျှော်ရာကို လက်ခံကျင့်သုံးခြင်းသည်သာ အကျိုးများပါလိမ့်မည်။ တစ်ဦးတစ်ယောက်ချင်းစီသာမက တစ်အုပ်စု- တစ်ဖွဲ့ချင်းအလိုက် အသိဉာဏ်ရှိ-ရှိ ဥပဒေနှင့်လည်းအညီ ဆောင်ရွက်သင့်သည်။