(Covid 19) ထိန်းချုပ်နိုင်ဖို့အတွက် Quarantine လုပ်ရန် ငြင်းဆန်နေ သူများနှင့် ရိက္ခာကြိုတင်စုသူများကို အရေးယူမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သတိပေး

Quarantine လုပ် ရန် ငြင်းဆန် သူများနှင့် ရိက္ခာစုဆောင်းသူများ အား အရေးယူသွားမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က ဧပြီ ၃ ရက်တွင် သတိပေးပြောကြားခဲ့သည်။Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကရင်ပြည်နယ်မှ ပါဝင်ဆောင် ရွက် နေသူများနှင့် တွေ့ဆုံ၍ လက်တွေ့ အခြေအနေများအား အပြန်အလှန်ဆွေးနွေးမှု အစီအစဉ်ကို ဧပြီ ၃ ရက်တွင် ပြုလုပ်ခဲ့သည်။

Quarantine လုပ် ရန် ငြင်းဆန် နေသူများရှိနေ၍ ၎င်းတို့နှင့်ပတ်သက်ပြီး ဆောင်ရွက်ရမည့် ညွှန်ကြားချက် ထုတ်ပြန်ပေးရေး ကိစ္စအတွက် ယင်း အစီ အစဉ် တွင်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က ” ဥပဒေတွေ ထုတ်ထားပါတယ်။ ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့အတွက် ထုတ်ထားတဲ့ ဥပဒေတွေရှိပါတယ်။ အဲ့ဒီ ဥ ပဒေေ တွကို ချိုးဖောက်လို့ရှိရင် ၊နောက်လုံခြုံရေးနဲ့ ပတ်သက်လို့ ဥပဒေတွေကို ချိုးဖောက်လို့ရှိရင် ကျွန်မတို့အရေးယူမှာပဲ။ ဥပဒေဆိုတာ အလကား သက် သက် ထုတ်ထားတာမဟုတ်ဘူး။နိုင်ငံတစ်နိုင်ငံရဲ့ တည်ငြိမ်ရေးအတွက် ထုတ်ထားတာပါ” ဟု ပြောကြားခဲ့သည်။

ထို့အပြင် (Covid-19) ကူးစက်ပြန့်ပွား လာချိန်တွင် လူ့အသိုင်း အဝိုင်း အတွင်း စိုးရိမ်မှု မြင့်တက် လာပြီး ရိက္ခာကြိုတင်စုဆောင်းမှုများ ဖြစ်ပေါ်လာသည့် ကိစ္စနှင့် ပတ်သတ်ပြီး သတိပေးခဲ့သည်။ ရိက္ခာများကို ကြိုတင်စုဆောင်းခြင်းမှာ နိုင်ငံတည်ငြိမ်မှုကို ထိခိုက်စေသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော သည် ။

“ရိက္ခာစု ဆောင်း တာတွေ ဘာတွေဆိုရင်လည်း စီး/ကူးဝန် ကြီးဋ္ဌာနကနေ ထုတ် ထားပြီးပါပြီ။ ဒီဟာတွေကို စုဆောင်းပိုင် ခွင့် မရှိဘူး ဆိုတာ။ အဲ့ဒါလုပ် လို့ ရှိ ရင် ကျွန် မ တို့ အရေးယူ မှာပါ။ဘာဖြစ်လို့လည်းဆိုတော့ ဒါက ကျွန်မတို့နိုင်ငံ တည်ငြိမ်မှုကို ထိခိုက်တယ်။ လူ့အသိုင်းအဝိုင်းရဲ့ တည်ငြိမ်မှုကို ထိခိုက်တယ်။ ဒါ ကြောင့် ဥပဒေအရ အရေးယူသင့်တာကို ယူရမယ်။” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံတွင် (Covid-19) ကူးစက်ပြန့်ပွား မှုကြောင့် လူ့အသိုင်း အဝိုင်းအကြား ကောလာဟလများနှင့် စိုးရိမ်ပူပန်မှုများမြင့်တက်နေချိန်၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူနှင့် မြန်မြန်ဆန်ဆန်ထိတွေ့ဆက်သွယ်နိုင်ရန် Facebook လူမှုကွန်ရက်စာမျက်နှာကို ၂၀၂၀ ဧပြီ ၁ ရက်တွင် စတင်သုံးစွဲခဲ့သည်။

crd:The myanmar Time