COVID-19 ကူးစက္ခံသူဦးေရနဲ႔ ေသဆုံးသူ အ ေရအတြက္ စံခ်ိန္တင္ျမင့္တက္ေနတဲ့ အေမရိကန္

ကမၻာတဝန္း ဒီေန႔မနက္ပိုင္း အထိ COVID-19 ကူးစက္ခံရသူေပါင္း ၁ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၆ ေသာင္းေလာက္ ရွိၿပီလို႔ သိရပါတယ္။ကူးစက္ခံရသူေတြထဲက ၅၉၁၆၂ ဦး ေသဆုံးၿပီး ၂၂၈၉၂၃ ဦး ျပန္လည္သက္သာ ေပ်ာက္ကင္းလာၿပီလို႔ worldometers.info ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

အေမရိကန္ နိုင္ငံဟာ ကူးစက္ခံရသူ အမ်ားဆုံးျဖစ္ၿပီး ဧၿပီး ၃ ရက္ေန႔မွာတင္ ေသဆုံးသူ ၁၀၀၀ ေက်ာ္ ရွိခဲ့ပါတယ္။ၿပီးခဲ့တဲ့သီတင္းပတ္အတြင္း ကူးစက္ခံရသူ ႏွစ္ဆ ေက်ာ္ခဲ့ၿပီးေနာက္ ကူးစက္ခံရသူ ၁ သန္းေက်ာ္အထိ ေရာက္လာခဲ့ပါတယ္။

ကူးစက္ခံရသူ အမ်ားဆုံးက အေမကန္ျဖစ္ၿပီး ၂၇၇၁၆၁ ဦး ကူးစက္ခံရၿပီး ေသဆုံး ၇၃၂၉ ဦးအထိ စံခ်ိန္တင္ ရွိသြားၿပီျဖစ္ပါတယ္။အီတလီမွာ ကူးစက္ခံရသူ ၁၁၉၈၂၇ ဦးနဲ႔ ေသဆုံးသူ ၁၄၆၈၁ ဦး၊ စပိန္မွာ ကူးစက္ခံရသူ ၁၁၉၁၉၉ ဦးနဲ႔ ေသဆုံးသူ ၁၁၁၉၈ ဦး၊ ဂ်ာမနီမွာ ကူးစက္ခံရသူ ၉၁၁၅၉ ဦးနဲ႔ ေသဆုံးသူ ၁၂၇၅ ဦး၊ တ႐ုတ္မွာ ကူးစက္ခံရသူ ၈၁၆၃၉ ဦးနဲ႔ ေသဆုံးသူ ၃၃၂၆ ဦး၊ ျပင္သစ္မွာ ကူးစက္ခံရသူ ၆၄၃၃၈ ဦးနဲ႔ ေသဆုံးသူ ၆၅၀၇ ဦး ရွိၿပီလို႔ worldometers.info ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားပါတယ္။

ref;DVB

Unicode

ကမ္ဘာတဝန်း ဒီနေ့မနက်ပိုင်း အထိ COVID-19 ကူးစက်ခံရသူပေါင်း ၁ သန်းကျော်နဲ့ သေဆုံးသူ ၆ သောင်းလောက် ရှိပြီလို့ သိရပါတယ်။ကူးစက်ခံရသူတွေထဲက ၅၉၁၆၂ ဦး သေဆုံးပြီး ၂၂၈၉၂၃ ဦး ပြန်လည်သက်သာ ပျောက်ကင်းလာပြီလို့ worldometers.info ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမေရိကန် နိုင်ငံဟာ ကူးစက်ခံရသူ အများဆုံးဖြစ်ပြီး ဧပြီး ၃ ရက်နေ့မှာတင် သေဆုံးသူ ၁၀၀၀ ကျော် ရှိခဲ့ပါတယ်။ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကူးစက်ခံရသူ နှစ်ဆ ကျော်ခဲ့ပြီးနောက် ကူးစက်ခံရသူ ၁ သန်းကျော်အထိ ရောက်လာခဲ့ပါတယ်။

ကူးစက်ခံရသူ အများဆုံးက အမေကန်ဖြစ်ပြီး ၂၇၇၁၆၁ ဦး ကူးစက်ခံရပြီး သေဆုံး ၇၃၂၉ ဦးအထိ စံချိန်တင် ရှိသွားပြီဖြစ်ပါတယ်။အီတလီမှာ ကူးစက်ခံရသူ ၁၁၉၈၂၇ ဦးနဲ့ သေဆုံးသူ ၁၄၆၈၁ ဦး၊ စပိန်မှာ ကူးစက်ခံရသူ ၁၁၉၁၉၉ ဦးနဲ့ သေဆုံးသူ ၁၁၁၉၈ ဦး၊ ဂျာမနီမှာ ကူးစက်ခံရသူ ၉၁၁၅၉ ဦးနဲ့ သေဆုံးသူ ၁၂၇၅ ဦး၊ တရုတ်မှာ ကူးစက်ခံရသူ ၈၁၆၃၉ ဦးနဲ့ သေဆုံးသူ ၃၃၂၆ ဦး၊ ပြင်သစ်မှာ ကူးစက်ခံရသူ ၆၄၃၃၈ ဦးနဲ့ သေဆုံးသူ ၆၅၀၇ ဦး ရှိပြီလို့ worldometers.info ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

ref;DVB