တိုင်းအစိုးရနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ရန်ကုန်တိုင်း အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၏  ဆွမ်းကိစ္စနှင့် ပတ်သက်၍  တာဝန်ယူမည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ရန်ကုန် တိုင်းဒေသကြီး အတွင်း ရှိ ဘုန်းတော်ကြီး ကျောင်း များ ၏ ဆွမ်းတာဝန် ကို တိုင်း အစိုး ရနှင့် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ က တာဝန် ယူမည် ဟု နိုင်ငံတော် ၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ဧပြီ(၁)ရက်  တွင် ဖွင့်လိုက် သော ၎င်း၏ facebook လူမှုကွန်ယက်စာ မျက်နှာ၌ ပြော ထား သည်။

(COVID-19) ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း ပါ ဝင်ဆောင်ရွက် နေသူ လေးဦးနှင့် ဧပြီ (၁) ရက်က တွေ့ဆုံစဉ် ‘We Love Yangon’ အဖွဲ့ ဦးဆန်း မောင်မောင် တင်ပြခဲ့ သည့် ဘုန်း တော်ကြီးကျောင်း များ၏ ဆွမ်း ကိစ္စနှင့် ပတ်သက် ၍ ဆောင် ရွက် ပေးမည့် အစီအစဉ် ကို ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ တစ်ဆင့် ဧပြီ (၂) ရက်က ပြန်လည် ဖြေကြားခဲ့ခြင်းဖြစ်သည်။

သို့သော် ဘုန်းတော် ကြီး ကျောင်းများ အတွက် ဆောင်ရွက် ပေးရမည့် ဆွမ်းတာဝန်နှင့်ပတ် သက်၍ ဧပြီ ၂ ရက်အထိ တရား ဝင် ညွှန်ကြားခြင်းမရှိသေးဘဲ သက် ဆိုင် ရာ ဘုန်းတော်ကြီး ကျောင်းများ တွင် သီတင်းသုံး သည့် သံဃာအရေအတွက် စာ ရင်းကောက်ယူရန် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ညွှန်ကြားမှု ရှိခဲ့သည် ဟု မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူအချို့ကဆိုသည်။

‘‘ ဘုန်းတော်ကြီးကျောင်း တင် မဟုတ်ဘူး။ သီလရှင် ကျောင်းတွေကိုပါ ဘယ်ကျောင်း မှာ ဘယ်လောက်ရှိတယ်ဆိုတဲ့ စာရင်းကောက်ဖို့ ညွှန်ကြားထား လို့ အဲဒါလုပ်နေတယ်။ ဆွမ်းကိစ္စ ကတော့ ဘာမှမသိရသေးဘူး’’ဟု လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်မှ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုလင်းက ပြောသည်။

ထို သို့ သံဃာနှင့် သီလရှင် အရေအ တွက် ကောက်ယူခြင်းမှာ ဆွမ်းတာဝန်အတွက် ကြိုတင် အချက်အလက် တောင်းယူခြင်း ဖြစ်နိုင်သော်လည်း ညွှန်ကြား ချက် မရှိသဖြင့် အတည်မပြုနိုင်သေးဟု ၎င်းကဆိုသည်။ လက်ရှိအချိန် တွင် သက်ဆိုင်ရာ ရပ်ကွက်များ တွင်လည်း ဘုန်းတော်ကြီးကျောင်းများကို အုပ်ချုပ်ရေးအ ပိုင်းမှ တာဝန်ယူ၍ ပိုးသတ်ဆေး ဖျန်းပေးခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်နေကြောင်း ရပ်ကျေး အုပ်ချုပ်ရေးမှူးအချို့က ပြော သည်။

‘‘ညွှန်ကြားလာ ရင်တော့ ညွှန်ကြားသလိုပေါ့။ အခုလည်း ဘုန်းတော်ကြီးကျောင်းတွေအ တွက် လိုအပ်တာတွေ လုပ်ပေး နေပါတယ်’’ဟု မင်္ဂလာဒုံမြို့နယ် ၃/ခ ရပ် ကွက် အုပ်ချုပ်ရေးမှူး ဦးနီဝင်းအောင်က ပြောသည်။(COVID-19) ကူးစက်ပြန့်ပွားမှုမရှိစေရန် ဘုန်းတော်ကြီး ကျောင်းများအနေဖြင့်လည်း သံ ဃာဦးရေ အတတ်နိုင်ဆုံးလျှော့ ချကာ ဆွမ်းခံထွက်နေကြောင်း ကျောင်းထိုင်ဆရာတော် အချို့က မိန့်သည်။

‘‘ပုံ မှန် ဆွမ်း စောင့်လောင်း တဲ့ဒကာတွေရှိနေတော့ ဆွမ်း ခံ မကြွလည်း မကောင်းဘူး။ သံဃာ နည်းနည်းတော့ ဆွမ်းခံထွက်ခွင့် ပေးထားရတယ်။ ကိုရင် လေးတွေ ကို မလွှတ်တော့ဘူး။ ဒီရက်ပိုင်း ကျောင်းမှာရှိတဲ့ သံဃာစာရင်း တောင်းလာတာမျိုးတော့ရှိတယ်။ ဘာကြောင့်ဆိုတာတော့ မသိ ဘူး’’ဟု လှိုင်သာ ယာမြို့နယ်ရှိ အောင်ဇေယျာမင်းကျောင်းတိုက် မှ ကျောင်းထိုင်ဆရာတော် ဥူး ဇေယျာနန္ဒက မိန့်သည်။

ဘုန်းတော် ကြီးကျောင်း များ ရှိ သံဃာတော်များအား ဆွမ်း ဆက်ကပ်လှူဒါန်းနိုင်ရေး တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန် ရှိသူများ၊ တိုင်းသာသနာရေးဦး စီးမှူး၊ ခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနများမှ ခရိုင်အုပ်ချုပ် ရေးမှူးများ၊ အလှူရှင်များနှင့် မတ်လ ၃၁ ရက်က တွေ့ဆုံဆွေး နွေးခဲ့ကြောင်း ရန်ကုန် တိုင်းဒေ သကြီးအစိုးရက ထုတ်ပြန်ထား သည်။

crd:7day news