အသက်(၆၃)နှစ်အရွယ် လူနာအမှတ်စဉ်(၁၆)၏ ဒူဘိုင်းမှ ပြန်လာသည့် သားဖြစ်သူတွင် Covid-19 ရောဂါပိုးမတွေ့ရှိကြောင်း ဝေဘာဂီ ဆေးရုံအုပ်မှ ပြောကြား

အသက် (၆၃)နှစ် အရွယ် ကိုရိုနာဗိုင်းရပ်စ် (Covid 19) လူနာအမှတ်f အစဉ် (၁၆)၏ သားဖြစ်သည့် ဒူဘိုင်း မှ ပြန်လာသူတွင် Covid 19 ရောဂါပိုး မတွေ့ရှိကြောင်း ဝေဘာဂီ အထူးကု ဆေးရုံအုပ် ဒေါက်တာ အေးအေးအောင် က ပြောသည်။

“လူနာ အမှတ်စဉ်(၁၆)ရဲ့ ဒူဘိုင်း က ပြန်လာ တဲ့သား အဖြေက Negative ဖြစ်တာ ဟုတ်ပါတယ်။ ကျွန်မတို့ ဆီမှာလူနာတက်တယ်။ သူကလက်ရှိမှာလည်း ကျန်းမာ ရေးကကောင်းနေပါတယ်” ဟု ၎င်းကပြောသည်။အဆိုပါ လူနာသည်လက်ရှိတွင်ကျန်းမာရေးအခြေအနေကောင်းမွန်လျက်ရှိသော်လည်း ဆေးရုံမှ ဆင်း ခွင့်မပြုသေး ဘဲ ကျန်းမာရေးလမ်းညွှန်မှုအရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

အမှတ်စဉ် (၁၆)လူနာသည် မတ် (၁၅) ရက်က ဒူဘိုင်းမှပြန် လာသည့် သားဖြစ် သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် သွားရောက်ကြိုခဲ့ပြီး မြောက်ဥက္ကလာ ပမြို့နယ်(ဂ)ရပ် ကွက် နီလာ(၁) လမ်းတွင် ခေတ္တ တည်းခိုနေ ထိုင်ခဲ့စဉ် နှစ်ပတ်ကြာခန့် မောပန်းနွမ်း နယ်ခြင်းများ ခံစားခဲ့ရသည်။

ထို့နောက် မြောက်ဥက္ကလာပပြင်ပဆေး ခန်း တစ်ခုသို့သွား ရောက် ပြသခဲ့ရာ မသက်သာသဖြင့် မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ပြသခဲ့ကြောင်း၊ ဆေးရုံသို့ရောက်ရှိပြီး အချိန်(၂)နာရီ ကြာသည်အထိ ပြည်ပနိုင်ငံသို့ခရီးသွားရာဇဝင်ရှိခြင်း(သို့မဟုတ်)ပြည်ပနိုင်ငံသို့ ခရီး သွားရောက်ခဲ့သူနှင့် ထိတွေ့သည့်ရာဇဝင်ရှိခြင်းကို တိကျစွာမသိရခြင်းကြောင့် ဆေးရုံမှ ကျန်းမာရေးဝန်ထမ်း ၁၇ ဦး သည် အနီးကပ်ထိတွေ့သူ များ ဖြစ် ခဲ့ သည်။အဆိုပါလူနာနှင့်အနီးကပ်ထိတွေ့ခဲ့သူ စုစုပေါင်း(၅၈)ဦးအား အသွားအလာတားမြစ်ပိတ်ပင်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း သိရ သည် ။

crd:The standard Time