ကိုရိုနာဗိုင္းရပ္္စ္္(Covid 19) ဆိုသည့္ စကားလုံးကို မေဖာ္ျပရ၊ မေရးရ လို႔ တင္းၾကပ္စြာ တားျမစ္ အမိန္႔ထုတ္ထားသည့္ႏိုင္ငံ

တာ့ခ္မန္နစၥတန္ နိုင္ငံအစိုးရက နိုင္ငံပိုင္မီဒီယာ၌ ကိုရိုနာ ဗိုင္းရပ္စ္ဆိုသည့္ စကားလုံးကို မေဖာ္ျပရန္ တင္းၾကပ္ေသာ အမိန္႔ထုတ္ျပန္ထားၿပီး ျဖစ္ သည္။ ၂၀၁၉  ခုႏွစ္ ကမၻာ့သတင္းစာလြတ္လပ္ခြင့္အညႊန္းကိန္းတြင္ ေျမာက္ကိုရီးယားေအာက္ပင္ တစ္ဆင့္နိမ့္ေနသည့္ တာ့ခ္မန္နစၥတန္ရွိ နိုင္ငံပိုင္မီဒီယာမ်ားတြင္ ကိုရိုနာ ဗိုင္းရပ္စ္ဆိုသည့္ စကားလုံးကို မေဖာ္ျပရန္၊ ႏွာေခါင္းစည္းတပ္သည့္ နိုင္ငံသားမ်ားကို ဖမ္းဆီးရန္ ညႊန္ၾကားခ်က္ထုတ္ထားေၾကာင္း ပါရီအေျခစိုက္ နယ္စ ည္း မျခား သတင္းသမားမ်ားအဖြဲ႕ (RSF)က ေဖာ္ျပခဲ့သည္။

တာ့ခ္မန္နစၥတန္ တြင္ ဖခင္ကာကြယ္သူႀကီးဟုသိၾကသည့္ သမၼတ ဂါဘန္ဂူလီဘာဒီမူခမ္မဲေဒါ့ဗ္ ဦးေဆာင္ေသာ အစိုးရသည္ COVID-19 ကူးစက္မည္ကို စိုး ရိမ္သည့္အတြက္ ေဖေဖာ္ဝါရီလ အေစာပိုင္းကတည္းက နယ္စပ္အားလုံးကို ပိတ္ဆို႔ထားခဲ့သည္။ထို႔ျပင္ အစိုးရိမ္လြန္သည့္အစိုးရသည္ နိုင္ငံပိုင္သတင္းစာ၊ ႐ုပ္ သံတို႔တြင္ ကိုရိုနာဗိုင္းရပ္စ္ဆိုသည့္ စကားလုံးကို မေရးသား၊ မေဖာ္ျပရန္၊ စာသင္ေက်ာင္းမ်ားႏွင့္ ေဆး႐ုံမ်ားသို႔ ျဖန္႔ခ်ိသည့္ က်န္း မာေရးဆိုင္ရာ လက္ ကမ္း စာေစာင္မ်ားတြင္ ကိုရိုနာဗိုင္းရပ္စ္ဆိုသည့္ စကားလုံးကို မေဖာ္ျပရန္ တင္းၾကပ္စြာ စည္းမ်ဥ္းထုတ္ထားသည္။

(COVID-19) အေၾကာင္းေျပာ ဆိုမႈ မပိတ္္ပင္္ မီတြင္ ဘာဒီမူခမ္ မဲေဒါ့ဗ္္ သည္ ၎ေရးသား ထားသည့္ ေဆးဖက္ဝင္ အပင္မ်ား စာအုပ္မွ ေဆးၿမီးတို မ်ားျဖင့္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ကုသနိုင္ ေၾကာင္း ေျပာဆိုခဲ့ၿပီး ျဖစ္္သည္္။

crd:The myanmar Time

unicode

တာ့ခ်မန်နစ္စတန် နိုင်ငံအစိုးရက နိုင်ငံပိုင်မီဒီယာ၌ ကိုရိုနာ ဗိုင်းရပ်စ်ဆိုသည့် စကားလုံးကို မဖော်ပြရန် တင်းကြပ်သော အမိန့်ထုတ်ပြန်ထားပြီး ဖြစ် သည်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့သတင်းစာလွတ်လပ်ခွင့်အညွှန်းကိန်းတွင် မြောက်ကိုရီးယားအောက်ပင် တစ်ဆင့်နိမ့်နေသည့် တာ့ခ်မန်နစ္စတန်ရှိ နိုင်ငံပိုင်မီဒီယာများတွင် ကိုရိုနာ ဗိုင်းရပ်စ်ဆိုသည့် စကားလုံးကို မဖော်ပြရန်၊ နှာခေါင်းစည်းတပ်သည့် နိုင်ငံသားများကို ဖမ်းဆီးရန် ညွှန်ကြားချက်ထုတ်ထားကြောင်း ပါရီအခြေစိုက် နယ်စ ည်း မခြား သတင်းသမားများအဖွဲ့ (RSF)က ဖော်ပြခဲ့သည်။

တာ့ခ်မန်နစ္စတန် တွင် ဖခင်ကာကွယ်သူကြီးဟုသိကြသည့် သမ္မတ ဂါဘန်ဂူလီဘာဒီမူခမ်မဲဒေါ့ဗ် ဦးဆောင်သော အစိုးရသည် COVID-19 ကူးစက်မည်ကို စိုး ရိမ်သည့်အတွက် ဖေဖော်ဝါရီလ အစောပိုင်းကတည်းက နယ်စပ်အားလုံးကို ပိတ်ဆို့ထားခဲ့သည်။ထို့ပြင် အစိုးရိမ်လွန်သည့်အစိုးရသည် နိုင်ငံပိုင်သတင်းစာ၊ ရုပ် သံတို့တွင် ကိုရိုနာဗိုင်းရပ်စ်ဆိုသည့် စကားလုံးကို မရေးသား၊ မဖော်ပြရန်၊ စာသင်ကျောင်းများနှင့် ဆေးရုံများသို့ ဖြန့်ချိသည့် ကျန်း မာရေးဆိုင်ရာ လက် ကမ်း စာစောင်များတွင် ကိုရိုနာဗိုင်းရပ်စ်ဆိုသည့် စကားလုံးကို မဖော်ပြရန် တင်းကြပ်စွာ စည်းမျဉ်းထုတ်ထားသည်။

(COVID-19) အကြောင်းပြော ဆိုမှု မပိတ််ပင်် မီတွင် ဘာဒီမူခမ် မဲဒေါ့ဗ်် သည် ၎င်းရေးသား ထားသည့် ဆေးဖက်ဝင် အပင်များ စာအုပ်မှ ဆေးမြီးတို များဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကုသနိုင် ကြောင်း ပြောဆိုခဲ့ပြီး ဖြစ််သည််။

crd:The myanmar Time