တူနီးရှားနိုင်ငံတွင် ကင်းလှည့် စစ်ရုပ်ယာဉ်သုံးပြီး အသွားအလာ ကန့်သတ်ထားမှုကို  တူနီးရှားရဲတပ်ဖွဲ့မှ စောင့်ကြည့်
crd:The standard Time
unicode
တူနီးရှားမြို့တော် တူနစ်မြို့အတွင်း လူ အသွားအလာကန့်သတ်ထားရာမှာ စက်ရုပ်ယာဉ်ငယ်နဲ့ လိုက်လံစစ်ဆေးနေတယ်လို့ ဘီဘီစီ သတင်းမှာ ပါရှိပါတယ်။ တူနီရှားရဲတပ်ဖွဲ့ဟာ မြို့တွင်း အသွားအလာကန့်သတ်ထားတာကို လူတွေ လိုက်နာ၊ မလိုက်နာဆိုတာ သိရအောင်လို့ ကင်းလှည့်စက်ရုပ်နဲ့ထိန်းကျောင်း စစ်ဆေး နေပါတယ်။
တကယ်် လို့ အပြင်ထွက်နေသူနဲ့တွေ့ရင် အဲဒီ စက်ရုပ်ယာဉ်လေးက ဘာကြောင့် အပြင်ထွက်တာလဲလို့ စစ်ဆေးမေးမြန်းလေ့ရှိပါတယ်။ဒါ့အပြင် မှတ်ပုံတင် ဒါမှမ ဟုတ် ယာဉ်မောင်းလိုင်စင်လို ID ကတ်တွေကို စက်ရုပ်ယာဉ်ရဲ့ကင်မရာအရှေ့ လာပြရပါတယ်။တဆက်တည်းမှာပဲ ရဲတပ်ဖွဲ့က အပြင်ထွက်တဲ့လူကို မှတ်ထားပြီး တခြားစစ်ဆေးစရာတွေကို စစ်ဆေးတယ်လို့သိရပါတယ်။
တူနစ် မြို့ မှာ (ကိုဗစ်-၁၉) ဗိုင်းရပ်စ်ကြောင့် အသွား အလာကန့်သတ်ခဲ့တာ အခုဆိုရင် ဒုတိယအပတ် ထဲရောက်လာပါပြီ။ အသွားအလာကန့် သတ်ထားချိန် အ တွင်း လူအားလုံးကို နေအိမ်မှာပဲနေစေပြီး မဖြစ်မနေလိုအပ်တဲ့ ဆေးဝါးနဲ့တခြားပစ္စည်းတွေ ဝယ်စရာရှိမှ အပြင်ထွက်ခွင့်ပေးတယ်လို့သိရပါတယ်။
crd:The standard Time