မန္တလေးတိုင်းဒေသကြီး  အောင်သပြေရွာ ဆန္ဒပြမှု ဖြစ်စဉ်ကို ဖေ့စ်ဘွတ်ခ်ပေါ်တွင် လိုက်ဖ်လွှင့်တင်ခဲ့သည့် သတင်းထောက်အား ထောင်ဒဏ်(၂)နှစ်ချမှတ်

မန္တလေးတိုင်း ဒေသကြီး ဒဟတ်တော ကျေးရွာအုပ်စုoo ကျောက်မီးသွေး သုံး ဘိလပ်မြေ စက်ရုံ ဖျက်သိမ်းပေးရေး ဆန္ဒပြမှုဖြစ်စဉ် ဖေ့စ်ဘွတ်ခ် ၌ လိုက်ဖ်လွှင့်ခဲ့ သည့် သတင်းထောက် ကို ဧပြီ (၃) ရက် က ထောင်ဒဏ်(၂)နှစ် ချမှတ် လိုက်ကြောင်း သိရသည်။တရားစွဲဆိုခံရသည့် သတင်းထောက်သည် Channel Mandalay မီဒီယာမှ တစ်ကိုယ်တော်နန္ဒဖြစ်ကြောင်း သိရသည်။

(၃၃၂၊ ၁၄၇) နဲ့ အမိန့် ချလိုက်တာ ဖြစ်ပါတယ်။ ထောင်ဒဏ် က(၂)နှစ်ပါ။ ကျွန်တော်တို့ တရားရုံး ကို သပိတ်မှောက် ထားတဲ့အတွက် တရားရုံးအဆင့်ဆင့် ကို ဆက်ပြီး တက် မှာမဟုတ်ဘူး။ ကျွန်တော်တို့ ခုခံချေပခြင်း မရှိခဲ့ဘူး။ စွဲချက်တင်တဲ့အချိန်ကတည်းက ခုခံ ချေပမှုမရှိဘူး။ ဆက်လုပ်စရာရှိတာ လုပ်မယ် ဟု Channel Mandalay မှအယ်ဒီတာချုပ် ကိုမင်းဒင်က ပြောကြားခဲ့သည်။

၎င်း သည် မေ(၁၄) ရက်ကတည်း က အောင်သပြေရွာ ဆန္ဒပြမှုဖြစ်စဉ်တွင် သတင်းရယူခဲ့သည်။ မေ ၁၅ ရက် နံနက်ပိုင်း ဆန္ဒပြမှုဖြစ်စဉ်တွင် သတင်း ရ ယူ နေ သော နန္ဒအပါအဝင် ရွာသား သုံးဦးအား ဖမ်းဆီးခေါ်ဆောင်ခြင်းခံ ခဲ့ရသည်။ တစ်ကိုယ်တော်နန္ဒသည် ပုဒ်မ ၃၃၃၊ ၄၃၅၊ (၁၁၄)တို့ဖြ င့်အမှုဖွင့်ခံ ထား ရပြီး မေ (၂၉) ရက်၌ ရမန်ယူခဲ့သည်။အောင်သပြေကျေးရွာတွင် ဖြစ်ပွားခဲ့သည့် ဒေသခံနှင့်ရဲတပ်ဖွဲ့တို့ ထိပ် တိုက်ရင်ဆိုင်သည့်ဖြစ်စဉ် လိုက်ဖ်လွှင့်သည့် Channel Mandalay  မှ သတင်းထောက်အား ဇွန် ၁၃ ရက် က ပုဒ်မငါးခုဖြင့် စွဲချက်တင်ခဲ့ပြီး ဧပြီ ၃ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

“အဖြစ် မှန်တွေ ဖော်ထုတ် တဲ့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ဆောင် ပါမယ်။ တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းခဲ့တယ်။ တရားမျှတမှုမရှိတဲ့အကြောင်း သတင်းစာ ရှင်းလင်းပွဲလုပ်မယ်။ ဆန္ဒပြမှုတွေလည်း တောက်လျှောက်လုပ်မှာပါ။ COVID-19 ပြီးတာနဲ့ ဆန္ဒပြမှုလုပ်ဆောင် သွားမှာဖြစ်ပါတယ်”ဟု ကိုမင်းဒင် က ပြောသည်။ တစ်ကိုယ်တော် နန္ဒနှင့်အတူ ဖမ်းဆီးခံရသည့် ရွာသားနှစ်ဦးလည်း အဆိုပါ ပုဒ်မများဖြင့် ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခံခဲ့ရသည်။

“စပြီးဖမ်း ကတည်းက ပြစ်မှုမကျုး လွန်ကြောင်း ကျွန်တော်တို့မှာ ခိုင်မာတဲ့သက်သေရှိထားပြီး ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သတင်းထောက် ဟာ ဖမ်းဆီးခံ ရချိန်မှာ လိုက်ဖ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးစဉ်ကတည်းက တရားမျှတမှုမရှိကြောင်း ပြောခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ သက်သေအေ ထာက်အထားက လိုက်ဖ် ဗီဒီယို ဖြစ်ပါတယ်။ ဘယ်သက်သေကမှ ကျွန်တော်တို့ရဲ့ လိုက်ဖ်ဗီဒီယိုကို လွှမ်းမိုးနိုင်စွမ်းမရှိပါဘူး။ အဲဒါကို ဒီလိုမျိုး အမိန့်ချတယ် ဆိုတာ မတရားတဲ့အမိန့်ချမှုလို့ သုံးသပ်ပါတယ်}} ဟု ၎င်းက ဆက်လက်ပြောဆိုခဲ့သည်။

crd:The myanmar Time