အဲ့ဒီ ညက ေျမာက္ဥကၠလာၿမိဳ႕ႀကီး အသံမထြက္ဘဲ ႀကိတ္ငိုခဲ့ရတယ္

ေျမာက္ဥကၠလာပ ၿမိဳ႕နယ္ အတြင္း မွာရွိတဲ့ ဆိုက္ကားဆရာ အေယာက္ တစ္ရာ ကို surprise အစီအစဥ္ေလး နဲ႔ Buy More အဖြဲ႕က လိုက္လႉျဖစ္တယ္။ တစ္ဦးကို ဆန္၊ဆီ၊ဆား ၊ င႐ုတ္ ၊ၾကက္သြန္နီ၊ ၾကက္သြန္ ျဖဴ ၊ ေခါက္ဆြဲေျခာက္ ၊ ကုလားပဲ၊ အခ်ိဳမႈန႔္ ၊ ၾကာဇံ ၊ ငါးေသတၱာ၊ အသားတု အားလုံး ၁၂ မ်ိဳး ပါတဲ့ တစ္ေသာင္းတန္ အထုပ္ေလး ပါပဲ။

COVID-19 ႀကိဳတင္ ကာကြယ္တဲ့ အေနနဲ႔ အိမ္အျပင္ကို ဘယ္သူမွ မထြက္ၾကေတာ့တဲ့ အခ်ိန္ မွာ ည ၈ နာရီ အထိ ငါးရာ ပဲ ရေသးတယ္တဲ့….” ဆိုက္ကား အားလား အစ္ကို” ဆိုေတာ့” ဟုတ္အားပါတယ္ ” တဲ့” ဆိုက္ကား ဆြဲရတာ အဆင္ေျပလား” ဆိုေတာ့အိတ္ကပ္ေလးကို လက္နဲ႔ ဖိၿပီး ငါးရာပဲ ရေသးတယ္တဲ့ အခ်ိန္က ည ၈ နာရီ ေက်ာ္ေနၿပီ။” အဲ့ဒါဆို လူ မလိုက္ဘူး။ ကြၽန္ေတာ္ အထုပ္ေလးပဲ တင္ေပးမွာ။”

” အစ္ကိုရယ္ စားစရာ မရွိလို႔ ဆိုက္ကား ထြက္ဆြဲေနရတာ အမႈပတ္ေအာင္ မလုပ္ပါနဲ႔ ” တဲ့” ကြၽန္ေတာ္ ထည့္ေပးခ်င္တာ ဒီအထုပ္ေလးပါ အစ္ကို ” ၁၂ မ်ိဳး ပါတဲ့ တစ္ေသာင္းတန္ အထုပ္ေလး ကို ေျမႇာက္ျပလိုက္တယ္။ ဆိုက္ကားဆရာႀကီး ေယာက္က်ား အရင့္အမာႀကီးက ခ်က္ခ်င္း မ်က္ရည္ေတြ ဝဲ ၿပီး လက္ေတြ တုန္လာတယ္။

ဆိုက္ကားေလးက သူ႔သခင္ ရဲ႕ ရႈိက္သံ ကို လည္ျပန္ၾကည့္ရင္း အိမ္ဘက္ကို မ်က္ႏွာမူလိုက္တယ္။ထို႔ေနာက္ အိမ္ကို ဦးတည္ၿပီး ဒုန္းစိုင္းေျပးသြားေတာ့တယ္။လမ္းေပၚမွာ လူေတြ လည္း မရွိပါဘဲကလန္……ကလန္……. ေအာ္လို႔သခင္ နဲ႔ အတူ ေပ်ာ္သြားလိုက္တာ………..ေျမာက္ဥကၠလာၿမိဳ႕ႀကီး အသံမထြက္ဘဲ ႀကိတ္ငိုတဲ့ အထိ ……………အဲ့ဒီည ကြၽန္ေတာ္ တစ္ေသာင္းတန္ အထုပ္ေလးနဲ႔ အတူ ခ်စ္ခ်င္းေမတၱာေတြ ထည့္ေပးလိုက္မိတယ္ မ်က္ရည္ေတြ ေကာပဲ ……….

မင္းရသ(09887786070)

တနလ္ာေန႔ ည (6.4.2020) ဆိုက္ကာဆရာ ဦးေရ ၂၀၀ အတြက္ surprise အစီအစဥ္ေလး ထပ္လုပ္ဖို႔ ရွိပါတယ္ လုပ္အား ေငြအား ပါဝင္ကူညီႏိုင္ပါတယ္။

Unicode

မြောက်ဥက္ကလာပ မြို့နယ် အတွင်း မှာရှိတဲ့ ဆိုက်ကားဆရာ အယောက် တစ်ရာ ကို surprise အစီအစဉ်လေး နဲ့ Buy More အဖွဲ့က လိုက်လှူဖြစ်တယ်။ တစ်ဦးကို ဆန်၊ဆီ၊ဆား ၊ ငရုတ် ၊ကြက်သွန်နီ၊ ကြက်သွန် ဖြူ ၊ ခေါက်ဆွဲခြောက် ၊ ကုလားပဲ၊ အချိုမှုန့် ၊ ကြာဇံ ၊ ငါးသေတ္တာ၊ အသားတု အားလုံး ၁၂ မျိုး ပါတဲ့ တစ်သောင်းတန် အထုပ်လေး ပါပဲ။

COVID-19 ကြိုတင် ကာကွယ်တဲ့ အနေနဲ့ အိမ်အပြင်ကို ဘယ်သူမှ မထွက်ကြတော့တဲ့ အချိန် မှာ ည ၈ နာရီ အထိ ငါးရာ ပဲ ရသေးတယ်တဲ့….” ဆိုက်ကား အားလား အစ်ကို” ဆိုတော့” ဟုတ်အားပါတယ် ” တဲ့” ဆိုက်ကား ဆွဲရတာ အဆင်ပြေလား” ဆိုတော့အိတ်ကပ်လေးကို လက်နဲ့ ဖိပြီး ငါးရာပဲ ရသေးတယ်တဲ့ အချိန်က ည ၈ နာရီ ကျော်နေပြီ။” အဲ့ဒါဆို လူ မလိုက်ဘူး။ ကျွန်တော် အထုပ်လေးပဲ တင်ပေးမှာ။”

” အစ်ကိုရယ် စားစရာ မရှိလို့ ဆိုက်ကား ထွက်ဆွဲနေရတာ အမှုပတ်အောင် မလုပ်ပါနဲ့ ” တဲ့” ကျွန်တော် ထည့်ပေးချင်တာ ဒီအထုပ်လေးပါ အစ်ကို ” ၁၂ မျိုး ပါတဲ့ တစ်သောင်းတန် အထုပ်လေး ကို မြှောက်ပြလိုက်တယ်။ ဆိုက်ကားဆရာကြီး ယောက်ကျား အရင့်အမာကြီးက ချက်ချင်း မျက်ရည်တွေ ဝဲ ပြီး လက်တွေ တုန်လာတယ်။

ဆိုက်ကားလေးက သူ့သခင် ရဲ့ ရှိုက်သံ ကို လည်ပြန်ကြည့်ရင်း အိမ်ဘက်ကို မျက်နှာမူလိုက်တယ်။ထို့နောက် အိမ်ကို ဦးတည်ပြီး ဒုန်းစိုင်းပြေးသွားတော့တယ်။လမ်းပေါ်မှာ လူတွေ လည်း မရှိပါဘဲကလန်……ကလန်……. အော်လို့သခင် နဲ့ အတူ ပျော်သွားလိုက်တာ………..မြောက်ဥက္ကလာမြို့ကြီး အသံမထွက်ဘဲ ကြိတ်ငိုတဲ့ အထိ ……………အဲ့ဒီည ကျွန်တော် တစ်သောင်းတန် အထုပ်လေးနဲ့ အတူ ချစ်ချင်းမေတ္တာတွေ ထည့်ပေးလိုက်မိတယ် မျက်ရည်တွေ ကောပဲ ……….

မင်းရသ(09887786070)

တနလ်ာနေ့ ည (6.4.2020) ဆိုက်ကာဆရာ ဦးရေ ၂၀၀ အတွက် surprise အစီအစဉ်လေး ထပ်လုပ်ဖို့ ရှိပါတယ် လုပ်အား ငွေအား ပါဝင်ကူညီနိုင်ပါတယ်။