“မတွေ့ကြုံရဖူးသည့် သ င်္ကြန်ကို ဖြတ်ကျော်ရမည်ဖြစ်ပြီး လူစုလူဝေး လုံးဝ ရှောင်ရမည့် သြင်္ကန်ဖြစ်ကြောင်း” နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် သတိပေး

ပြည်သူများမတွေ့ကြုံ ရဖူးသည့်သြင်္ကန်မျိုးကို ဖြတ် ကျော်ရမည်ဖြစ်ပြီး လူစုလူဝေး လုံးဝရှောင်ရမည့် သြင်္ကန်ဖြစ် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၄ ရက်တွင်ပြောကြားသည်။COVID-19 နှင့်ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ၎င်း၏ဖေ့စ်ဘွတ်ခ်အ ကောင့်မှတစ်ဆင့် ပြည်သူလူထု ကို အသိပေးခဲ့ခြင်းဖြစ်ပြီး လာမည့် နှစ်ပတ်၊ သုံးပတ်အတွင်း ရောဂါပြန့်ပွားနှုန်း မည်မျှမြန်နိုင် မည်ကို ပေါ်လွင်လာမည်ဟု ဆို ထားသည်။

‘‘ဒီအချိန်မှာ ပြည်သူတွေ အားလုံးအထူးသတိဝီရိယနဲ့ ရော ဂါမပြန့်ပွားရေးအတွက် စည်း ကမ်း ညွှန်ကြားချက်တွေကိုလိုက် နာဖို့အရေးကြီးပါတယ်။ ကျွန်မ တို့တွေ မတွေ့ရ၊ မကြုံရဖူးတဲ့ သြင်္ကန်မျိုးကို ဖြတ်ကျော်ရပါ မယ်။ လူစုလူဝေးလုံးဝရှောင်ရ မယ့်သြင်္ကန်ပါ’’ ဟု ဒေါ်အောင် ဆန်းစုကြည်က သတင်းစကား ပါးခဲ့သည်။ လူစုလူဝေးဆိုသည်မှာ ‘‘နည်းလေကောင်းလေ၊ အလှမ်း ဝေးလေကောင်းလေပါ’’ ဟု ၎င်း ကဆက်လက်ပြောသည်။

ရေထွက်မကစားရသည့် သြင်္ကန်၊ ခြိမ့်ခြိမ့်သဲအလှူများနှင့် ရပ်ကွက် မပျော်ရသည့်သြင်္ကန် ဟူ၍ စိတ်မပျက်ကြရန်လည်း အ တိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်း သည်။ထိတွေ့မှု ရှိသူတစ်ဦးပိုလာ သည်နှင့် အန္တရာယ်တစ်ခုပိုလာ သည်ဟု မှတ်ယူရန်နှင့် သတိဆို သည်မှာ လွန်ကဲသည်မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆို သည်။

‘‘ကိုယ့်အတွက်သာမက အ များအတွက် အကောင်းဆုံးလာဘ် လာဘကို ပေးကမ်းတဲ့စေတနာအ လှူကြီး ကျွန်မတို့အားလုံးလုပ်နိုင် ပါတယ်’’ ဟု ၎င်းကပြောသည်။

မိမိကိုယ်ကိုယ်ထိန်းခြင်းဖြင့် သမာဓိအားပွားနိုင်ပြီး ထူးကဲ သည့် သြင်္ကန်ကြီးတွင် ထူးကဲ သည့် ကုသိုလ်ပြုနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လမ်း ညွှန်ထားသည်။

‘‘အိမ်မှာ ငြိမ်ငြိမ်လေးနေပြီး (ကုသိုလ်)ပြုနိုင်ပါတယ်’’ ဟု ၎င်း ကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပြည်သူသို့အသိပေးသည့်သတင်း စကားအဆုံးတွင် ‘‘ပြည်သူပြည် သားအားလုံး နှလုံးစိတ်ဝမ်းအေး ချမ်းကြပါစေ’’ဟု ဆုမွန်ကောင်း တောင်းထားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ဖေ့စ်ဘွတ်ခ်သုံးစွဲရန် လုံးဝဆန္ဒမရှိကြောင်းနှင့် COVID-19 စိန်ခေါ်မှုများအပေါ် ပြည် သူများနှင့် မြန်ဆန်၊ထိရောက်စွာ ဆက်သွယ်နိုင်ရန် ဧပြီ ၁ ရက်တွင် စတင်သုံးစွဲခဲ့ပြီး အထက်ပါ သ တင်းစကားသည် လေးခုမြောက် ရေးသားဖော်ပြခြင်း ဖြစ်သည်။

ref:7 day daily