အင်းစိန်ရှိ ဟိုတယ်ပိုင်ရှင် အမျိုးသမီး အသတ်ခံရမှု ကျူးလွန်သူအား ဖမ်းဆီးရမိရေး ရှာဖွေနေ

အင်းစိန်မြို့နယ်တွင် အသက်(၄၃)နှစ် အရွယ် ဟိုတယ် ပိုင်ရှင် အမျိုးသမီး အသတ်ခံရပြီး ကျူးလွန်သူအား ဖမ်းဆီးရမိရေး လိုက်လံရှာဖွေနေကြောင်း အဆို ပါမြို့မရဲစခန်းမှူး ဒုရဲမှူး တင် လတ်က ပြောသည်။အရှေ့ကြိုကုန်းရပ်ကွက်ရှိ ရွှေနီဟိုတယ်ပိုင်ရှင် ဒေါ်ရွှေနီမှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများဖြင့် သေဆုံးနေမှုကို ဧပြီ ၄ ရက် နံနက်တွင် ၎င်း၏ မိခင်က တွေ့ရှိ ခဲ့ပြီး ရဲတပ်ဖွဲ့သို့ အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးကပြော သည်။အဆိုပါ ဟိုတယ်တွင် အသတ်ခံရသူအမျိုးသမီး အပါ အဝင် (၈၀)နှစ်အရွယ်ရှိ ၎င်း၏ မိခင်၊ ဟိုတယ်ဝန်ထမ်း အမျိုး သားတစ်ဦးတို့ရှိပြီး ဧပြီ ၃ ရက် ညက အသတ်ခံရသူအမျိုးသမီး နှင့်ဝန်ထမ်းအမျိုးသားမှာ ပျောက် ဆုံးနေခဲ့ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြသည်။

‘‘အရင်ကဆို အဲဒီဟိုတယ် မှာ ဝန်ထမ်း ခြောက်ယောက် လောက်ရှိတယ်။ ရောဂါဖြစ်နေ တဲ့အချိန်မှာ ဝန်ထမ်းလျှော့ချ လိုက်တော့ ဝန်ထမ်းတစ်ယောက် လောက်ပဲ ကျန်ခဲ့တယ်။ အဲဒီ အမျိုးသမီး ပျောက်တဲ့ညမှာလည်း သူ့အမေက လိုက်ရှာသေးတယ် လို့ပြောတယ်။ မတွေ့တဲ့အဆုံး အိပ်ရာဝင်ခဲ့ပြီး ဧပြီ ၄ ရက် နံနက်မှာ ထပ်ရှာကြည့်တော့မှ အပေါ်ထပ် လှေကားခြေရင်းနား မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာ ကိုတွေ့ခဲ့တာ’’ ဟု ဒုရဲမှူးတင် လတ်က ပြောသည်။

သို့သော် ဟိုတယ်ဝန်ထမ်း အမျိုးသား ဝတ်ဆင်ခဲ့သည့် အင်္ကျီတွင် သွေးကွက်များစွန်း ထင်နေသည်ကို စစ်ဆေးတွေ့ရှိ၍ သံသယ တရားခံအနေဖြင့် ရဲစ ခန်းတွင် အမှုဖွင့်ကာ ဖမ်းဆီးရမိ ရေး စုံစမ်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

‘‘သံသယ တရားခံကတော့ ထွက်ပြေးနေတယ်။ သူ့ကိုဖမ်းမိဖို့ လိုက်လံစုံစမ်းနေပါတယ်။ ရွှေ ထည်ပစ္စည်းတွေ ပါ၊ မပါကို လည်း စစ်ဆေးနေတုန်းမို့ ပြောလို့ မရသေးပါဘူး’’ ဟု ဒုရဲမှူးတင် လတ်က ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကျူး လွန်သူဟု သံသယရှိသူအမျိုး သားကို အင်းစိန်မြို့မရဲစခန်းက လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှု ဖွင့်ထားသည်။

ref;7 day news