(COVID-19) ရောဂါ ကာကွယ်ရေးအတွက်  တပ်မတော်မှ ငွေကျပ် (၂ ဒသမ ၂၄၅) ဘီလျံကျာ် လှူဒါန်းကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် အပါ အဝင် တပ်မတော် အရာရှိ၊ စစ်သည် များနှင့် အရပ် သား အစားခန့် ဝန်ထမ်းများ ၏ လုပ်ခ လစာမှ (COVID-19) ရောဂါ ကာကွယ်၊ ထိန်း ချုပ်၊ ကုသရေး အတွက် ငွေကျပ် (၂ ဒသမ ၂၄၅) ဘီလျံ ကျော် လှူဒါန်းခဲ့ကြောင်း တပ်မတော် ကာ ကွယ် ရေး ဦးစီးချုပ်ရုံး က ဧပြီ (၆) ရက်တွင် သတင်း ထုတ်ပြန် သည်။

အဆို ပါ လှူဒါန်းမှု တွင် COVID-19 ရော ဂါ ကာကွယ် ၊ ထိန်း ချုပ်၊ ကုသရာ၌ လိုအပ် သည်များ အသုံးပြုနိုင်ရန်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများက တစ်လစာ လစာငွေများကို လှူဒါန်းခဲ့ခြင်းဖြစ်ပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည် များနှင့် အရပ်သား အစားခန့် ဝန်ထမ်းများက ၎င်းတို့၏ လစာငွေမှ တစ်ရက်လုပ်ခ လစာငွေများကို လှူဒါန်းခဲ့ခြင်းဖြစ်ကာ အဆိုပါငွေ စုစုပေါင်းမှာ ကျပ်၂၂၄၅၃၆၅၂၁၄ (၂ ဒသမ ၂၄၅ ဘီလီယံကျော်) ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

အဆို ပါ လှူဒါန်းငွေ များအား တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ပြည်သူ့ဆေးရုံများတွင် လိုအပ်သော ဆေးဘက်ဆိုင်ရာအထောက်အကူပြု ပစ္စည်း များ အား လိုအပ်သည့် နေရာများ၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် နေရာကန့်သတ် စောင့်ကြည့်မှုစနစ် (Quarantine) ဆောင် ရွက်မှုများတွင် အသုံးပြုနိုင်ရန်အတွက် ထည့်ဝင်လှူဒါန်းခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

(COVID-19) ရောဂါကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၃၀ ရက်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (World Health Organization- WHO) က အပြည်ပြည်ဆိုင်ရာ ပြည်သူ့ ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern) အဖြစ် ကြေညာခဲ့ပြီး၊ Coronavirus Disease 2019 (COVID-19) ကူးစက်မြန်ရောဂါ (သို့မဟုတ်) တိုင်ကြားရမည့် ကူးစက်ရောဂါဟု ဖေဖော်ဝါရီ ၂၈ ရက်တွင် သတ်မှတ်ခဲ့ကာ မတ် ၁၁ ရက်တွင် တစ် ကမ္ဘာလုံး ဆိုင်ရာကပ်ရောဂါ (Pandemic) အဖြစ် ကြေညာခဲ့သည်။

COVID-19 ရောဂါနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်း ဝင်ရောက်ကူးစက်ပြန့် ပွားမှုမရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်း များ အား နိုင်ငံတော်မှ အမျိုးသားအဆင့် အနေဖြင့် သတ်မှတ်၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည် ။

တပ်မတော်အ နေဖြင့် COVID-19 ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်နှင့် ရန်ကုန်မြို့တို့ရှိ တပ်မတော် စစ်ကြောရေးနှင့် တည်း ခိုရေးစခန်းများတွင်လည်း နေရာကန့်သတ် စောင့်ကြည့်မှုစနစ် (Quarantine) ပြုလုပ်ခြင်းအား လက်ခံဆောင်ရွက်လျက်ရှိကြောင်း ဧပြီ ၆ ရက် တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ဧပြီ ၆ ရက်အထိ နေရာ ကန့် သတ် စောင့်ကြည့်မှုစနစ် (Quarantine) ပြုလုပ်သူ လူဦးရေ ၁၃၀ ဦးအား လက်ခံထားပြီး နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတွင် နေရာ ကန့်သတ် စောင့်ကြည့်မှုစနစ် (Quarantine) ပြုလုပ်သူ လူဦးရေ ၁၈၈ ဦးအား လက်ခံထားကြောင်း သိရသည်။

ထိုသို့ နေရာ ကန့်သတ် စောင့်ကြည့်မှုစနစ် (Quarantine) စောင့်ကြည့်လူနာများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို နေပြည်တော် တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့ရှိ နယ်မြေခံဆေးကုသရေးအဖွဲ့များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးနေပြီး အဆို ပါ စောင့် ကြည့်လူနာ များအားလုံးမှာ ကျန်းမာရေးကောင်းမွန် လျက် ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

crd:Eleven media