တာ​ဝေးအ​ပြေးသမား စိတ်​ဓာတ်ဖြင့် (Covid 19)ဗိုင်းရပ်စ်၏ စိန်​​ခေါ်မှုကို  ရင်​ဆိုင်သွား​ကြရမည်​ဟု အတိုင်​ပင်​ခံပုဂ္ဂိုလ် ​ဒေါ်​အောင်ဆန်းစုကြည်​​ပြော

(Covid 19)​ရောဂါ စိန်​​ခေါ်မှု ကို တာ​ဝေး အ​ပြေးသမား စိတ်​ဓာတ်​ဖြင့်​ ရင်​ဆိုင် ​ကြရမည်​ဟု နိုင်​ငံ​တော်​ ၏ အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည် ​က ယ​နေ့ (ဧပြီ ၇ရက်​) ည​နေပို​င်း တွင်​ ၎င်း၏ ​လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပြောကြားသည်​။” (​COVID-19) စိန်ခေါ်မှုကို တာဝေးအပြေးသမား စိတ်ဓာတ်နဲ့ ရင်ဆိုင်ရမှာပါ။ ​ရေရှည်ရပ်တည်နိုင်ဖို့ အားတွေမွေးရပါမယ်။ တစ်ရက်ချင်း၊ တစ်ရက်ချင်းကို မှန်ကန်တည်ငြိမ်စွာ၊ အင်အားမပြုန်းတီးအောင် သတိနဲ့ဖြတ်သန်း သွားကြဖို့လိုပါမယ်”ဟု နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​က ​ပြောသည်​။

(Quarantine) မှ ထွက်လာ သူများအ ​နေဖြင့်​ ရောဂါကာကွယ်ရေးအတွက် ထုတ်ပြန်ထား​သော စည်းမျဉ်း၊စည်းကမ်းနှင့်ညွန်ကြားချက်များကို မလိုက်နာပါက ရောဂါဖြစ် ရန်​ အန္တရာယ်ကြီးသည်​ကို မမေ့ရန်​လို​ကြောင်း ၎င်းက ​ပြောသည်​။” အစိုးရိမ်လွန်ခြင်းဟာ သတိရှိခြင်း မဟုတ်ပါဘူး။ သတိအားနည်းလို့ အစွန်း ဘက် ကို ချော်သွားတာပါ။ တာဝန်အရ ဆောင်ရွက်တာတွေကို မကျေနပ်လို့ ကြမ်းကြမ်းတမ်းတမ်းပြုမှုတွေကြောင့် ဥပဒေအရ အရေးယူ ရတာတွေ တောင် ရှိပါတယ်”ဟု ​ဒေါ်​အောင်​ဆန်းစုကြည်​က ​ပြောသည်​။

နှာခေါင်းစည်း (Mask)နှင့် ပတ်သက် ၍လည်း
“Masks တွေလုံလုံလောက်လောက် ရနိုင်ဖို့ကျန်းမာရေးဝန်ကြီးဌာနကစီစဉ်နေပါတယ်။အိမ်မှာချုပ် ကြတာကော အဆင်ပြေနိုင်မလား၊ ဒါ တွေလည်းစဉ်းစား ရပါတယ်။ ကျွန်မ တစ်ခုစမ်းချုပ်နေပါတယ်”ဟုလည်း နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ​ဒေါ်​အောင်​ဆန်းစုကြည်​က ၎င်း၏ ​ဖေ့စ်​ဘွတ်​စ်​တွင်​ ​ရေးသားထားသည်​။

အခက်ခဲဆုံးကာလ များသည်​ ဖြူစင်​သော မေတ္တာ၊ စေတနာ၏ အရောင်အတောက်ပဆုံး အချိန်ဖြစ်​ကြောင်း၊တတ်နိုင်သည့်​နည်းနှင့် ကိုဗစ်​-၁၉ (COVID-19) ရောဂါကာကွယ် နှိမ်နင်းရေးတွင်​ ပါဝင်ပံ့ပိုးကူညီနေ​သော ပြည်သူများအားလုံးကို ကျေးဇူးတင်​ကြောင်း ဒေါ်​အောင်​ဆန်းစုကြည်​က ၎င်း၏ ​ဖေ့စ်​ဘွတ်​စ်​မှတ ဆင့် ပြောကြားခဲ့သည်​။ မြန်​မာနိုင်​ငံတွင်​ ဧပြီ ၆ရက်​ ညပိုင်းအထိ ကိုဗစ်​-၁၉ ​ရောဂါပိုးကူးစက်​ခံရသူ (၂၂)ဦးရှိပြီး ​သေဆုံးသူ(၁)ဦးရှိ​ကြောင်း ကျန်းမာ​ရေးနှင့်​ အားကစားဝန်​ကြီးဌာနက သတင်းထုတ်​ပြန်​ထားသည်​။

crd:The standard Time