ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးဖြစ်သူက အိမ်အကူ အမျိုးသမီးကို အက်စစ်ဖြင့်ပက် သည်ဟု ဆိုကာ ရဲစ ခန်းတွင် အမှုဖွင့်

ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာပါ (၃) ဦးသည် အိမ်အကူဖြစ်သူကို အက်စစ်ဖြင့် ပက်သည်ဟုဆိုကာ မိခင်ဖြစ်သူမှ ရွှေပေါက်ကံရဲစခန်းတွင် တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

မိခင်ဖြစ်သူဒေါ်သင်းသင်းခိုင်သည် လွန်ခဲ့သောရက်အနည်းက လှုမှုကွန်ရက် စာမျက်နှာပေါ်တွင် မင်းရာဇာနှင့် လူမှုရေးဖောက်ပြန်သော အသံဖိုင်အား ဇနီးဖြစ်သူမှတင်ထားသည်ကို ကြားသိရ၍ သမီးဖြစ်သူထံ သွားရောက်ရာ သမီးမှာ လမ်းလျှောက်ရာ မူမမှန်၍ မေးမြန်းရာ ရွှေပေါက်ကံရှိနေအိမ်သို့ မင်းရာဇာနှင့်ဇနီးဖြစ်သူ မဖူးငုံပွင့်တို့ရောက်ရှိလာပြီး”နင့်ကောင်မကို အက်စစ်နဲ့နင်ပက်မလား ငါပက်မရမလား နင်မပက်ရင် ငါပက်မှာ”ဟု ပြောဆိုသဖြင့် ဘောင်းဘီချွတ်၍ အက်စစ်ဖြင့်ပက်ခဲ့ပြီး လွန်ခဲ့သော ၂ရက်ခန့်ကလည်း မင်းရာဇာ​၏ယောက်ခမဖြစ်သူဦးမောင်မောင်အေးမှ ဦးခေါင်းအား တူဖြင့်ထု၍ သွေးထွက်ဒဏ်ရာရရှိခဲ့ကြောင်း မိခင်ဖြစ်သူကိုပြောဆို၍ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လွန်ခဲ့သော ရက်ပိုင်းက အင်တာနက်တွင် ပျံ့နှံ့ခဲ့သော ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာနှင့် သူ၏ဇနီးသည်၊ အိမ်အကူမိန်းကလေးတို့၏ လူမှုရေးပြဿနာ အသံဖိုင်ကို ကြားသိရပြီးနောက် အိမ်အကူမိန်းကလေး၏မိခင်က သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

လာတိုင်ထားတာဟုတ်ပါတယ်။ ကောင်မလေးကတော့ အခုဆေးရုံရောက်နေပါတယ်၊ ဟိုဘက်ရဲစခန်းနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ် ဟု ရွှေပေါက်ကံနယ်မြေရဲစခန်းမှ အတည်ပြုသည်။

ရွှေပေါက်ကံရဲစခန်းက ပြစ်မှုကျူးလွန်သူ.တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ ဇောတိကလမ်းနေ ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာ၊ ဇနီးဖြစ်သူမဖူးငုံပွင့်နှင့်ဦးမောင်မောင်အေးတို့အား (ပ)အမှတ် ၅၀၅၊ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို့ဖြငိ့ အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

source: The Voice, Mizzima