မင္းရာဇာရဲ႕ ေယာကၡမအား ေ႐ႊေပါက္ကံ ရဲစခန္းမွာ ဖမ္းဆီးရမိထား

အိမ္အကူ အမ်ိဳးသမီးကို အက္စစ္နဲ႔ ပက္တာေၾကာင့္ ပုဒ္မ ၄ ခုျဖင့္ တရားစြဲဆိုခံထားရတဲ့ သ႐ုပ္ေဆာင္ မင္းရာဇာတို႔ ဇနီးေမာင္ႏွံနဲ႔ ေယာကၡမျဖစ္သူ ဦးေမာင္ေမာင္ေအးတို႔ ၃ ဦးအနက္ ဦးေမာင္ေမာင္ေအးကို ေ႐ႊေပါက္ကံ နယ္ေျမရဲစခန္းမွာ ဖမ္းဆီးရမိထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

အဆိုပါဖမ္းဆီးရမိတာကိုေတာ့ ေ႐ႊေပါက္ကံနယ္ေျမ ရဲစခန္းမွ တာဝန္ရွိ ရဲအရာရွိတဦးမွ အတည္ျပဳေျပာၾကားခဲ့တာျဖစ္ပါတယ္။ သ႐ုပ္ေဆာင္မင္းရာဇာနဲ႔ ဇနီးျဖစ္သူကိုေတာ့ ဖမ္းဆီးရမိျခင္း မရွိေသးပါ။

ေ႐ႊေပါက္ကံရဲစခန္းက ျပစ္မႈက်ဴးလြန္သူ တာေမြၿမိဳ႕နယ္၊ ေက်ာက္ေျမာင္းရပ္ကြက္၊ ေဇာတိကလမ္းေန ႐ုပ္ရွင္သ႐ုပ္ေဆာင္ မင္းရာဇာ၊ ဇနီးျဖစ္သူ မဖူးငုံပြင့္နဲ႔ ဦးေမာင္ေမာင္ေအးတို႔အား (ပ)အမွတ္ ၅၀၅၊ ပုဒ္မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄တို႔ျဖင့္ အမႈဖြင့္ အေရးယူထားတာျဖစ္ပါတယ္။နစ္နာသူ အိမ္အကူ အမ်ိဳးသမီးမွာ လက္ရွိအခ်ိန္တြင္ အေရးေပၚလူနာအျဖစ္ ေျမာက္ဥကၠလာ ေမဓာဝီေဆး႐ုံမွာ စိုးရိမ္ရတဲ့ အေျခအေနျဖင့္ ေဆးကုသမႈ ခံယူလ်က္ ရွိပါတယ္။

Ref ; The Irrawaddy

Unicode

အိမ်အကူ အမျိုးသမီးကို အက်စစ်နဲ့ ပက်တာကြောင့် ပုဒ်မ ၄ ခုဖြင့် တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် မင်းရာဇာတို့ ဇနီးမောင်နှံနဲ့ ယောက္ခမဖြစ်သူ ဦးမောင်မောင်အေးတို့ ၃ ဦးအနက် ဦးမောင်မောင်အေးကို ရွှေပေါက်ကံ နယ်မြေရဲစခန်းမှာ ဖမ်းဆီးရမိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဖမ်းဆီးရမိတာကိုတော့ ရွှေပေါက်ကံနယ်မြေ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတဦးမှ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်မင်းရာဇာနဲ့ ဇနီးဖြစ်သူကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါ။

ရွှေပေါက်ကံရဲစခန်းက ပြစ်မှုကျူးလွန်သူ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ ဇောတိကလမ်းနေ ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်နဲ့ ဦးမောင်မောင်အေးတို့အား (ပ)အမှတ် ၅၀၅၊ ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄တို့ဖြင့် အမှုဖွင့် အရေးယူထားတာဖြစ်ပါတယ်။နစ်နာသူ အိမ်အကူ အမျိုးသမီးမှာ လက်ရှိအချိန်တွင် အရေးပေါ်လူနာအဖြစ် မြောက်ဥက္ကလာ မေဓာဝီဆေးရုံမှာ စိုးရိမ်ရတဲ့ အခြေအနေဖြင့် ဆေးကုသမှု ခံယူလျက် ရှိပါတယ်။

Ref ; The Irrawaddy