Covid 19ဗိုင်းရပ်စ် ပြဿနာကို အစိုးရ၏ ကိုင်တွယ်မှု အပေါ်ဝေဖန်ခဲ့သည့် တရုတ် ထိပ်တန်းသူဌေး(၁)ဦးအား စုံစမ်းစဈ‌ဆေးမှုများပြုလုပ်

တရုတ်နို င်ငံ၏ နာမည်ကြီးအိမ်ခြံမြေ လုပ်ငန်းရှင် သူဌေး ရင်စီကျန်း ကို ကိုရိုနာ ဗိုင်းရပ်စ်ပြဿနာနှင့် ပတ်သက်၍ အစိုးရ၏ ကိုင်တွယ် မှုအပေါ်ဝေဖန် ခဲ့ သည့် အတွက် ပါတီဥပဒေနှင့်စဉ်းမျဉ်းများကိုပြင်းထန်စွာချိုးဖောက်သည်ဟုဆိုကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း တရုတ်ကွန်မြူနစ် ပါတီ စည်းကမ်း ထိန်းသိမ်း စောင့်ကြည့်ရေးအဖွဲ့ကကြေညာသည်။

ယမန် နေ့ကထုတ်ပြန်ခဲ့ သည့် ထုတ်ပြန်ချက် အကျဉ်းတွင် အာဏာရတရုတ် ကွန်မြူနစ် ပါတီဝင်တစ်ဦးဖြစ်ပြီး နိုင်ငံပိုင် အိမ်ရာများဖော်ဆောင် သည့် ဟွာယွမ် အိမ်ခြံမြေလုပ်ငန်းစု၏ ထိပ်တန်းအမှုဆောင် အရာရှိ ‘ရင်’ကို ပေကျင်းမြို့ရှိ စုံစမ်းစစ်ဆေးရေး ကော်မရှင်က စစ်ဆေးမှု များပြုလုပ်နေကြောင်း ဖော်ပြထား သည်။အသက် (၆၉) နှစ် အရွယ်ရှိ ရင်စီကျန်း က ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုပတ်သက်ပြီး တရုတ်အစိုးရ၏တုန့်ပြန်ဆောင်ရွက်မှုများကို လူမှုကွန် ရက်ပေါ်၌ ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်ရေးသားခဲ့ပြီးနောက်ပိုင်းနှင့် မတ်လ ၁၂ ရက်ထဲက ၎င်းနှင့်အဆက်အသွယ်မရတော့ကြောင်း မိတ်ဆွေတစ်ဦးကပြောသည်။

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ဖုံးကွယ်ထားရုံသာမက ၎င်းပြဿနာကိုကိုင်တွယ်ရာတွင် အောင်မြင်မှုများရရှိနေကြောင်းကို ပရိုမိုးရှင်းလုပ်သည့်နည်းလမ်း ကိုလုပ် ဆောင်နေကြောင်း တရုတ်ထိပ်တန်းခေါင်းဆောင်ကိုအမည်မဖော်ပြဘဲ ဝေဖန်ရေးသားထားသည်။ ယင်းအပြင် သမ္မတရှီကျင့်ဖျင်၏ ပုဂ္ဂိုလ်ရေးဩဇာအာဏာ ကြီးထွားလာမှုကိုလည်း ဝေဖန်ခဲ့သေးသည်။

ရင်စီကျန်း သည် ကွန်မြူနစ်ပါတီတွင်းဝေဖန်မှုများကို အစဉ်တစိုက်လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး တရုတ်ဆိုရှယ်မီဒီယာ Weibo နှင့် တွစ်တာတို့တွင်လည်း လူသိများထင်ရှားသည့် သဘောထားအမြင်ရေးရာ ဦးဆောင်သူတစ်ဦးလည်းဖြစ်သည့်အပြင် အစိုးရ၏အိမ်ခြံမြေဈေးကွက်ထိန်းချုပ်မှုနှင့် လွတ်လပ်စွာ ဖော် ထုတ်ခွင့်၊ သတင်းမီဒီယာများကို ထိန်းချုပ်မှုလျှော့ချရေးတို့ကို ဝေဖန်တောင်းဆိုနေသူလည်းဖြစ်သည်။

ရင်စီကျန်းအား ယခုအရေးယူမှာ ပထမဆုံးအကြိမ်မဟုတ်ဘဲ နိုင်ငံပိုင်မီဒီယာများအနေနှင့် ပါတီ၏ရှုထောင့်နှင့်အတူ ရပ်တည်သင့်ကြောင်း သမ္မတရှီ၏ သ ဘော ထားအမြင်ကို ပေါ်ပေါ်ထင်ထင်စိန်ခေါ်ခဲ့ပြီးနောက် ပါတီမူဝါဒများအားအကြိမ်ကြိမ်နှိုင်းယှဉ်သုံးသပ်ချက်များကို ဆိုရှယ်မီဒီယာများတွင် ဖော်ပြခဲ့သည့် အတွက်၂၀၁၆ ခုနှစ်တွင် ခံဝန်တစ်နှစ်ဖြင့် နေခဲ့ရဖူးသည်။၂၀၁၆ ခုနှစ်က သမ္မတရှီကျင့်ဖျင် နိုင်ငံပိုင်မီဒီယာ CCTV သို့အလည်အပတ်သွားရောက်ခဲ့ပြီးနောက် “ပါတီအစိုးရကနေ ပြည်သူ့အစိုးရဘယ်တော့ဖြစ်လာမှာလဲ။ ဝန်ဆောင်မှုမပေးနိုင်တဲ့နေရာတွေမှာ အခွန်ထမ်းတွေရဲ့ပိုက်ဆံကို အလဟဿမဖြုန်းတီးပါနဲ့” ဟု ၎င်းက Weibo တွင်ရေးသားခဲ့သည်။

ယင်းကဲ့သို့ရေးသားခဲ့သည့် ၎င်း၏ပို့စ်မှာ ချက်ချင်းဆိုအဖျက်ခံလိုက်ရပြီး ဖော်လိုဝါ ၃၇ သန်းရှိသည့်အကောင့်ကိုလည်း ပိတ်သိမ်းခံခဲ့ရသည်။ ရင်စီကျန်း၏ ဖခင် မှာ တရုတ်သမ္မတနိုင်ငံစတင်တည်ထောင်သည့် ပထမဆုံးတော်လှန်မျိုးဆက်တစ်ဦးဖြစ်ပြီး သားဖြစ်သူအား နိုင်ငံရေးအထက်အတန်းလွှာများနှင့် ကောင်း မွန်သောဆက်ဆံရေးကိုမြှင့်တင်ပေးခဲ့သည်။

crd:The standard Time