(COVID-19)ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) သံချပ်အဖွဲ့ ရပ်နားမည်ဖြစ်ကြောင်း ပြောကြား

လူဦးရေ တစ်ရာကျော်ဖြင့် ဖျော်ဖြေ မည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) က (COVID- 19) အရေးပေါ် ကာလအတွင်း ဟိုထိုးဒီထိုးရွှေလက်ညိုး သံချပ် အဖွဲ့ကို ရပ်နား ထားမည်ဖြစ်ကြောင်း (ဗကသ) အဖွဲ့ချုပ် အတွင်းရေးမှူး ထူးခန့်သော်က ပြောသည်။လူစုလူဝေး ဖြစ် ပေါ်ခြင်းကိုရှောင်ရန်အဆိုပါ သံချပ်အဖွဲ့ကိုရပ်နားခြင်းဖြစ်ပြီး တစ်နှစ်ပတ်လုံးလုပ်ဖြစ်ရန်မသေချာသည့် အခြေအနေဖြစ်ကြောင်း ထူးခန့်သော်က ပြောသည်။

“(COVID19) ကြောင့် လူစု လူဝေးဖြစ်မှာဆိုးလို့ သံချပ်အဖွဲ့ကို သင်္ကြန်ကာလနဲ့ သင်္ကြန်ကာလအလွန်ထိ ရပ်နားဖို့ဆုံး ဖြတ်လိုက်ခြင်းဖြစ်ပါတယ်။ ဒီတစ်နှစ် လုံးလုပ်ဖို့ မရှိတော့ဘူးလို့ပဲပြောလို့ရပါတယ်’’ဟု ကိုထူးခန့်သော်က ပြောသည်။ဗကသ သံချပ်အဖွဲ့သည် ယနေ့နိုင်ငံရေး၊ လူမှုရေးနှင့်စီးပွားရေး အကျပ်အ တည်း များ ကို အုပ်ချုပ်သူများ သိမြင် စေရန် သရော်သော စာသားများဖြင့် ဖျော်ဖြေလေ့ရှိပြီး အစိုးရနှင့်တပ်မတော်ကို အကြည်ညိုပျက်စေသော စာသား များကြောင့်ကျောင်းသားများနှစ်စဉ် ဖမ်းဆီးခြင်းခံခဲ့ရသည်။

ယခုနှစ် စာသား မှာလည်း လူထုအကျပ်အတည်းဖြစ်ပေါ်သော အချက်များကိုထောက်ပြထားသော စာသား များထည့်သွင်းထားပြီး အစိုးရနှင့် သက်ဆိုင် သည့် သင်္ကြန်မဏ္ဍပ်များတွင် ဖျော်ဖြေမည်မဟုတ်ကြောင်း ထူးခန့်သော်က ပြောသည်။

အရပ်သား အစိုးရတက်လာပြီး သင်္ကြန်ကာလအတွင်း သံချပ်စာသားစိစစ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကာ သင်္ကြန်မတိုင်မီ စာသားများ တင်ပြရသဖြင့် သံချပ်အဖွဲ့ များ က ကန့်ကွက်ခဲ့ကြသည်။၂၀၁၉ခုနှစ်တွင် တပ်မတော်ကို အကြည်ညို ပျက်စေ သဖြင့် ဒေါင်းမျိုးဆက်သံချပ်အဖွဲ့ဝင်များကို တရားစွဲဆိုခဲ့သည်။ ဒို့တာဝန်အရေးသုံးပါး ကို ထိခိုက်ပြောဆိုခြင်း၊လူတစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေမည့်စကားလုံးများနှင့်ရုပ်ရင်းကြမ်းတမ်းသော စာသားများကိုခွင့် မပြုရန် သံချပ်စာသားစိစစ်ရေးကော်မတီကို NLD အစိုးရတက်လာပြီးနောက်ပိုင်းဖွဲ့စည်းခဲ့သည်။

crd:The myanmar Time