Hilux Surf ကားဖြင့် ရုပ်ရှင်ဆန်ဆန် ထွက်ပြေးနေသည့် မင်းရာဇာတို့ လင်မယားကို တွေ့ရှိပါက ပြည်သူများ ကူညီစုံစမ်း ဖမ်းပေးကြရန် ရဲတပ်ဖွဲ့ မေတ္တာရပ်ခံ

ဟိုင်းလတ် ဆာဖ့် ကားတစ် စီးဖြင့် ရုပ်ရှင် ဆန်ဆန် ထွက်ပြေး တိမ်းရှောင်နေသည့် သရုပ်ဆောင် မင်းရာဇာနှင့် ဇနီးအား ကူညီစုံစမ်း ဖမ်းဆီးပေးရန် ရဲတပ်ဖွဲ့က မေတ္တာရပ်ခံကြောင်း ဧပြီ ၉ ရက်တွင် ထုတ်ပြန်ကြေညာပါတယ်။

ရုပ်ရှင် သရုပ်ဆောင် မင်းရာဇာ၏ နေအိမ်တွင် အိမ်အကူလုပ်ကိုင်သူ မိန်းကလေးငယ် ၏ မိခင်ဖြစ်သူက ၎င်း ၏ သမီးဖြစ်သူ ကို မင်းရာဇာနှင့် ဇနီး မဖူးငုံပွင့်တို့က ဘောင်းဘီချွတ်၍ အက်စစ်ဖြင့် ပက်ခဲ့ကြောင်း၊ အဆိုပါနေ့ မတိုင်မီက မင်းရာဇာ၏ ယောက္ခမဖြစ်သူက မိန်းကလေး၏ ခေါင်းကို တူဖြင့်ထုခဲ့ကြောင်း ဆိုကာ ရွှေပေါက္ကံမြို့မ ရဲစခန်းသို့ ဧပြီ ၇ ရက်က ပြောပြ တိုင်ကြားခဲ့သည်။ လက်ရှိတွင် အဆိုပါမိန်းကလေး ကို မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ ကုသထားကြောင်း သိရပါတယ်။

သက် ဆိုင်ရာ က တိုင်တန်းသူအမျိုးသမီးအား စစ်ဆေးခဲ့ရာတွင် မင်းရာဇာနှင့် အိမ်အကူလုပ်ကိုင်သည့် တိုင်တန်းသူ၏ သမီးတို့ လူမှုရေးဖောက်ပြန်သည်ဆိုကာ မင်းရာဇာ၏ဇနီးဖြစ်သူက မေးမြန်းထား သည့် အသံဖိုင်ကို လှုမှုကွန်ရက်စာမျက်နှာပေါ်၌ တင်ထားသည်ကို ကြားသိသဖြင့် သမီးဖြစ်သူအား အဆိုပါနေအိမ်မှ လွန်ခဲ့သည့် ရက်ပိုင်းက သွားရောက် ခေါ်ယူခဲ့ပြီး ရွှေပေါက္ကံရှိနေအိမ်တွင် ထားရှိ စဉ် မင်းရာဇာနှင့် ဇနီးတို့ ရောက်လာပြီး အက်ဆစ်ဖြင့် ပက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

ရွှေပေါက်ကံ ရဲစခန်းက (ပ) ၅၀၅/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၄/၃၂၅/၃၅၄/၁၁၄တို့ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သည့် မင်းရာဇာ၏ ယောက္ခထီး ဦးမောင်မောင်အေး ကို ဧပြီ ၈ ရက်နေ့ညနေပိုင်း တွင် သက်ဆိုင်ရာက အမှုဖြင့်ဖမ်းဆီးစစ်ဆေးခဲ့ ပါတယ်။

ယင်းဖြစ်စဉ်နှင့် ပတ်သတ် ၍ သရုပ်ဆောင်မင်းရာဇာ အပါအဝင် ၃ ဦးသည် နှစ်ကြီးထောင်ဒဏ်ကျခံရနိုင်ကြောင်းနှင့် သက်ငယ်မုဒိမ်းမှုဖြစ်သည့် အတွက် အာမခံမရရှိနိုင်ကြောင်း ဥပဒေကျွမ်းကျင်သူများက သုံးသပ် ပါတယ်။

ဆက်လက် စုံစမ်း စစ်ဆေးချက် အရ သရုပ်ဆောင် မင်းရာဇာက အဆိုပါ အိမ်အကူအမျိုးသမီးငယ်ကို တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ ဇောတိကလမ်းနေအိမ်၌ လွန်ခဲ့သော ၂ နှစ်ခန့်မှစတင်၍ သားမယား အဖြစ် အကြိကြိမ်ပြုကျင့်ခဲ့ကြောင်း သိရသဖြင့် တာမွေမြို့မရဲစခန်း(ပ) ၈၀၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ ဆက်လက်စုံစမ်းလျက်ရှိပါတယ်။

လက်ရှိတွင် အိမ် အကူ မိန်းကလေး မှာ ကျန်းမာရေးအခြေအနေ စိုးရိမ်ကြောင်းနှင့် မြောက်ဥက္ကလာပမြို့နယ်၊ မေဓာဝီဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရပါတယ်။

ယင်းသို့ တိုင် တန်းထား သည့် အမှုများ မှ မင်းရာဇာနှင့် ဇနီးဖြစ်သူမဖူးငုံပွင့် (ခ)မဇူးဇူး တို့မှာ အခင်းဖြစ်ပွားပြီးနောက် ယာဉ်အမှတ် 7B / 6005၊ Hilux Surf အမျိုးအစားအဖြူရောင်ယာဉ် နှင့် ထွက်ပြေး တိမ်းရှောင်လျက် ရှိသည် ။ သို့ဖြစ်ရာ ၎င်းတို့ နှစ်ဦးကို ဖော်ပြပါယာဉ်နှင့်အတူ မိမိရပ်ကွက်/ကျေးရွာများ အတွင်းရောက်ရှိ/ တည်းခိုနေထိုင်လာ ပါက သက်ဆိုင် ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့နှင့် နယ်မြေခံရဲစခန်းများသို့ အကြောင်းကြားပေးနိုင်ရန် မေတ္တာရပ်ခံအကူညီတောင်းခံထားခြင်း ဖြစ်ပါတယ် ။

credit: