မန္တလေးမြို့ ကန်တော်နဒီဆေးရုံရှိ (Covid 19)ဗိုင်းရပ်စ် လူနာအမှတ် (၄) ကျန်းမာရေး ပြန်လည်ကာင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ရတော့မည်ဟုသိရ

မန္တလေးမြို့ ကန်တော် နဒီဆေးရုံရှိ Covid 19ဗိုင်းရပ်စ် ကူးစက်ခံ ရသည့် လူနာ အမှတ် (၄) သည် နောက် ဆုံး ဆေးစစ် ချက် များအရ (Negative) ပြ နေပြီး ကျန်းမာရေး ပြန် လည် ကောင်းမွန် လာသောကြောင့် ဆေးရုံ မှ ဆင်းခွင့်ရ တော့မည်ဖြစ်ကြောင်း မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီး မှ တာဝန် ရှိသူ တစ်ဦး က ပြောသည်။

ယင်း လူနာအား (၄) ကြိမ် ဆေးစစ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး နှစ်ကြိမ် စစ်ဆေးမှုတွင် ရောဂါလက္ခဏာ မပြခြင်း ( Negative ) ဖြစ်ပေါ်နေခြင်းဖြစ်ကာ ယနေ့တွင် ဆေးရုံ ဆင်းခွင့်ရမည့်ရက်ဖြစ်ကြောင်း၊ သို့သော် ၎င်းအား facility Quarantine ဖြင့် ဆက်လက်စောင့်ကြည့်မှုများ ဆောင်ရွက်ရမည်ဖြစ်ကာ Home Quarantine သို့ မဟုတ် Hotel Quarantine ဖြင့် ထားရန် ညှိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။

“ ဆေးရုံမှာ လည်း အခန်းတွေက တစ်ယောက်တစ်ခန်းအများကြီးရှိတာပေါ့။ ပုံမှန်ဆိုရင်တော့ ဆေးရုံက ဆင်းခွင့်က ဒီနေ့ရတာပေါ့။ ဒါပေမယ့် စောင့်ကြည့်မှုတွေ တော့ဆက်လက်လုပ်ရမယ် ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

၎င်း လူနာသည် အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ ရန်ကုန် မြို့ သို့ မတ် ၁၉ ရက်က ပြန်လည်ရောက်ရှိလာကြောင်း၊ မတ် ၂၂ ရက်တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်းနှင့် မောပန်းခြင်းများ ခံစားရသဖြင့် မန္တလေး ဆေးရုံ ကြီးသို့ ပြသရာ ကန်တော်နဒီဆေးရုံတွင် စောင့်ကြည့်လူနာ အဖြစ် သတ်မှတ် ကုသပေးနေရခြင်းဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။ လူနာသည် ရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်တွင် တစ်ညအိပ်နေထိုင်ခဲ့ပြီး မန္တလေးမြို့သို့ မတ် ၂၀ ရက်က ညကားဖြင့် ရောက် ရှိခဲ့ခြင်းဖြစ်သည်။

ယင်း နောက် ၎င်းကို ကျန်းမာ ရေးနှင့် အားကစား ဝန်ကြီးဌာနက (Covid-19) positive လူနာအမှတ် ၄ အဖြစ် မတ်လ ၂၇ ရက်က အတည်ပြုကြေ ညာခဲ့ပြီး နောက် ၎င်းနေထိုင် ရာ ချမ်းမြသာစည်မြို့နယ် အတွင်းရှိ အစိုးရဖော်ဆောင်ထားသည့် မြရည်နန္ဒာတန်ဖိုးနည်း အိမ်ရာ မမ ၂၆ တိုက်အမှတ် ၆ အား အဝင် အထွက် ကန့်သတ်ပြီး ၁၄ ရက် စောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။ယင်းတိုက်ခန်းများအား စောင့်ကြည့်ရက် ပြည့်ပြီးဖြစ်သောကြောင့် ပုံမှန်အတိုင်း အဝင်အထွက် ခွင့်ပြုပေးမည်ဖြစ်ကြောင်း သိရသည်။

crd:The myanmar Time