EPC နား လှည့် ပါး ရိုက် လုပ်ပြီလား…( မီတာစာရွက် ကြည့်ပြီးကြပီလား )

မတရားမှုကို ကိုယ် နဲ့မဆိုင်သလိုနေရင် မတရားမှုဟာ ကိုယ့်အိမ်တံခါးဝကို ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာ တတ်ပါတယ်တဲ့ ခင်ဗျာ။

ကိုယ့်ခင်မင် ရတဲ့ မိတ်ဆွေတွေ ပြည်သူ့အစိုးရ က သက်သာခွင့်ပြုတဲ့မီတာခ ကို ပြန်လှူတဲ့ Challenge လေးကိုလက်ခံရရှိလို့ ဝမ်းသာ ဝမ်းနည်းဖြစ်ရပါတယ်။ ဝမ်းသာတာကတော့ အောက်ခြေပြည်သူ တွေကိုပြန်ကြည့်ပေးကာ ဆန်/ဆီ/ဆား စသဖြင့်ပြန်လှူပေးတဲ့ အစိုးရကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကိုယ်သက်သာခွင့်ရတဲ့ အထဲက လှူဒါန်းခွင့်ရတာဖြစ်ပြီးဝမ်းနည်းရတာတော့ သက်သာခွင့်ပေးတယ်ဆိုပြီး လျှပ်စစ်ကော်ပိုရေးရှင်းရဲ့ နားလှည့် ပါးရိုက်လုပ်ခံရတာ ဘဲဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်ဟာ MIIT School သီးသန့်အဆောင်ဖွင့်ထားကာ၂၀ရက်နောက်ပိုင်းကျောင်းသားတွေအိမ်ပြန်ကုန်ကြပါပြီ။အဲကွန်း အသုံးပြုမှု ၁၅ ရက် လဝက်ခန့်သက်သာတဲ့အချိန်မှာမှ သိသာ ထင်ရှားစွာနောက်လအတွက် ယူနစ် ၁၅၀ စာလျော့ပေးမယ်ဆိုကာယခုလ ၄၀% ခန့်မတရားတိုးလာတဲ့ မီတာစာရွက်များကိုသာရှုစားကြပါတော့ခင်ဗျာ။ Bill တစောင်ဆို ၉၀% အထိတက်ပါတယ် ။ ၄ လပိုင်းစာ လျော့ဖို့ကို ၃ လပိုင်း မှာ ၄၀% ကနေ ၉၀% အထိပိုယူထားတာကိုပြောချင်တာပါ။ မီတာ တွေကလှေကားထောင်ဓာတ်တိုင်ပေါ်တက် ဖတ်ရတာပါ ။ မိမိဘာသာလှေကားထောင်တင် ဖတ်ရင်လည်း တရား မဝင်ပြန် ပါ ဘူး… ။

အစိုး ရမီတာ ခလျော့ပေးတဲ့ အထဲက လှူတယ်လို့ နာမည် မတပ်ပါရစေနဲ့ခင်ဗျာ။ သပ်သပ် Covid 19 fund အတွက် အလှူသီးသန့်အဖြစ်သာ သီးသန့်လှမ်းပြီးလှူပါရစေ တော့။

လျှပ်စစ် ကော်ပိုရေးရှင်း မှာ တာဝန်ရှိသူများ အားလုံး ဘေးဘရာဝေးကွာ ကျန်းမာချမ်းသာကြ ပါစေ….။

၈၀၀၀၀ ကျော်ပုံမှန် ဆောင်နေရတာ က ၁၃၀၀၀၀ ကျော်ဖြစ်သွား ပါတယ်။ ၁၃၀၀၀၀ ပုံမှန်ဆောင်နေရတဲ့ အလုံးက ၂၄၀၀၀၀ ကျော် အထိ တက်သွားပါတယ်။။။

စေတနာသည်ကံမည်၏ KHG

ဒီကိစ္စနဲ့ ပတ်သက်လို့ ယနေ့(9/4/2020) မှာ ဖြေရှင်းလိုက်ပါပြီ ၊ သက်ဆိုင်ရာက တာဝန်ရှိသူများ လာရောက်ဖြေရှင်း ပါတယ် ။ ဓာတ်တိုင်ပေါ်က မီတာဘောက်တွေ အောက်ချဖို့လုပ် နေပါပြီ ၊အပြည့်အစုံကို အောက်က Link မှာရှုပါခင်ဗျာ ။

ဒီမှာနှိပ်ပါ