ေဆာ္ဒီညႊန္ေပါင္းတပ္ဖြဲ႕က ယီမင္တြင္ သီတင္းႏွစ္ပတ္ၾကာ တဖက္သတ္ အပစ္ရပ္မည္ဟု ထုတ္ျပန္ ေၾကညာ

ယီမင္ မွာ သီတင္းပတ္ႏွစ္္ ပတ္တာ တဖက္္ သတ္္ အပစ္္ အခတ္ရပ္ စဲသြားမယ္္ လို႔ ေဆာ္ဒီ ဦးေဆာင္္ တဲ့ ညႊန႔္ေပါင္း တပ္္ဖြဲ႕က ဒီကေန႔ ဧၿပီလ (၁၀) ရက္္ မွာ ေၾကညာ လိုက္္ပါတယ္္။အဖြဲ႕ရဲ့ထုတ္ျပန္ခ်က္ထဲမွာ ကိုရိုနာဗိုင္းရပ္စ္ကပ္ေဘး ကာကြယ္ေရးအတြက္ အပစ္အခတ္ရပ္စဲတဲ့ကာလကို ထပ္မံသက္တမ္းတိုး နိုင္တယ္လို႔ ပါရွိေၾကာင္း ရိုက္တာသတင္းမွာ ေဖာ္ျပထားပါတယ္။

ယီမင္ဆိုင္ ရာကုလသမဂၢ အထူးသံတမန္က စစ္ပြဲရပ္နားဖို႔ စစ္ျဖစ္ေနသူ အားလုံးကို ေဆာ္ၾသၿပီးတဲ့ေနာက္ ယီမင္အစိုးရဘက္ကလည္း အပစ္ရပ္ဖို႔ ဆုံးျဖတ္ခ်က္ ခ်တာကို အသိ အမွတ္ျပဳတယ္လို႔ ဆိုပါတယ္။အာရပ္လိဂ္အဖြဲ႕ခ်ဳပ္ အေထြေထြအတြင္းေရးမႉးကလည္း အပစ္အခတ္ရပ္စဲတာကို ႀကိဳဆို ေၾကာင္း၊ အီရန္က ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ ဟူသီသူပုန္ေတြကိုလည္း ေဆာ္ဒီဘက္က အပစ္ရပ္တာကို လက္ခံတုံ႔ျပန္သင့္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားပါတယ္။

ဒါေပမဲ့ ဟူသီနိုင္ငံေရးေခါင္းေဆာင္ မူဟမ္မတ္ အယ္လ္ ဘက္ခီတီကေတာ့ ေဆာ္ဒီဘက္က အပစ္ရပ္တာဟာ အစစ္အမွန္မဟုတ္ဘဲ သူတို႔ကို ပိတ္ဆို႔ထား ဆဲသာ ျဖစ္တယ္လို႔ ဆိုပါတယ္။ယီမင္ဟာ ျပည္တြင္းစစ္ျဖစ္ေနတာ ငါးႏွစ္ေက်ာ္လာခဲ့ၿပီျဖစ္ၿပီး လူတသိန္းေက်ာ္ေသဆုံး ခဲ့ရၿပီးပါၿပီ။ လူသန္းေပါင္း မ်ားစြာ ဟာ လည္း ေနရာေရႊ႕ေျပာင္းထြက္ေျပးေနခဲ့ရပါတယ္။ယီမင္ျပည္တြင္းစစ္မွာ ဟူသီသူပုန္ေတြက အစိုးရကို ဆန႔္က်င္တိုက္ ခိုက္ေနတာပါ။ ေဆာ္ဒီဦးေဆာင္ တဲ့ ညႊန႔္ေပါင္း တပ္ဖြဲ႕ေတြကေတာ့ နိုင္ငံတကာက အသိအမွတ္ျပဳထားတဲ့ ယီမင္ လက္ရွိအစိုးရဘက္ကေန ဟူသီသူပုန္ေတြကို တိုက္ခိုက္ေနတာျဖစ္ပါတယ္။

crd:dvb news

unicode

ယီမင် မှာ သီတင်းပတ်နှစ်် ပတ်တာ တဖက်် သတ်် အပစ်် အခတ်ရပ် စဲသွားမယ်် လို့ ဆော်ဒီ ဦးဆောင်် တဲ့ ညွှန့်ပေါင်း တပ််ဖွဲ့က ဒီကနေ့ ဧပြီလ (၁၀) ရက်် မှာ ကြေညာ လိုက််ပါတယ််။အဖွဲ့ရဲ့ထုတ်ပြန်ချက်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေး ကာကွယ်ရေးအတွက် အပစ်အခတ်ရပ်စဲတဲ့ကာလကို ထပ်မံသက်တမ်းတိုး နိုင်တယ်လို့ ပါရှိကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ယီမင်ဆိုင် ရာကုလသမဂ္ဂ အထူးသံတမန်က စစ်ပွဲရပ်နားဖို့ စစ်ဖြစ်နေသူ အားလုံးကို ဆော်သြပြီးတဲ့နောက် ယီမင်အစိုးရဘက်ကလည်း အပစ်ရပ်ဖို့ ဆုံးဖြတ်ချက် ချတာကို အသိ အမှတ်ပြုတယ်လို့ ဆိုပါတယ်။အာရပ်လိဂ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးကလည်း အပစ်အခတ်ရပ်စဲတာကို ကြိုဆို ကြောင်း၊ အီရန်က ကျောထောက်နောက်ခံပြုထားတဲ့ ဟူသီသူပုန်တွေကိုလည်း ဆော်ဒီဘက်က အပစ်ရပ်တာကို လက်ခံတုံ့ပြန်သင့်ကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။

ဒါပေမဲ့ ဟူသီနိုင်ငံရေးခေါင်းဆောင် မူဟမ်မတ် အယ်လ် ဘက်ခီတီကတော့ ဆော်ဒီဘက်က အပစ်ရပ်တာဟာ အစစ်အမှန်မဟုတ်ဘဲ သူတို့ကို ပိတ်ဆို့ထား ဆဲသာ ဖြစ်တယ်လို့ ဆိုပါတယ်။ယီမင်ဟာ ပြည်တွင်းစစ်ဖြစ်နေတာ ငါးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး လူတသိန်းကျော်သေဆုံး ခဲ့ရပြီးပါပြီ။ လူသန်းပေါင်း များစွာ ဟာ လည်း နေရာရွှေ့ပြောင်းထွက်ပြေးနေခဲ့ရပါတယ်။ယီမင်ပြည်တွင်းစစ်မှာ ဟူသီသူပုန်တွေက အစိုးရကို ဆန့်ကျင်တိုက် ခိုက်နေတာပါ။ ဆော်ဒီဦးဆောင် တဲ့ ညွှန့်ပေါင်း တပ်ဖွဲ့တွေကတော့ နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ ယီမင် လက်ရှိအစိုးရဘက်ကနေ ဟူသီသူပုန်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

crd:dvb news